အိမ်ယာမရှိတဲ့ အမှုထမ်းနဲ့စစ်ရှောင်တွေကို KIO က အိမ်ခြံမြေခွဲဝေပေးနေ

မြစ်ကြီးနား – ဗန်းမော်ကားလမ်းမပေါ်ရှိကျေးရွာတစ်ချို့မှာ  အိမ်ယာမရှိတဲ့ အမှုထမ်းတွေနဲ့စစ်ရှောင်တွေကို KIO က အိမ်ခြံမြေခွဲဝေပေးနေတယ်လို့ သိရပါတယ်။

ကချင်လွတ်လပ်ရေအဖွဲ့ ( KIO) ဟာ နမ်ဆန်ယန်ကျေးရွာနဲ့ မိုင်ဆပ်ပါ ကျေးရွာကြား ရွှေတူးဖော်လိုက်တဲ့နေရာအားလုံး မြေဖို့မွမ်းမံလိုက်ပြီးတဲ့နောက် အကွက်ရိုက်ပြီး အိမ်ခြံဝင်းတွေခွဲဝေပေးနေတာဖြစ်တယ်လို့ KIO က ပြောပါတယ်။

KIO ရဲ့ ပေါ်လစီက ရွှေတူးဖော်ပြီးသွားလို့ရှိရင် ကိုယ်တူးပြီးတဲ့နေရာတွေကို ပြန်လည်မြေဖုရမယ် ဆိုတာရှိတယ်။ ဥပမာ ဒေသခံရဲ့ မြေကွက် လယ်ယာဖြစ်ပေမယ့် သူတို့က ရောင်းစားလိုက်ပြီး ရွှေတူးဖော်လိုက်ပြီးပြီ။ ဒါဆိုရင် ဒီမြေကွက်က အစိုးရနဲ့ဆိုင်တဲ့ မြေဖြစ်သွားပြီ။ ဒါကြောင့် ဒီအစိုးရမြေတွေမှာ အိမ်ခြံဝင်းမရှိတဲ့ ပြည်သူတွေကို ခြံမြေကွက် ခွဲဝေပေးတာဖြစ်တယ်။ ပြီးတော့ အမှုထမ်းနေပြီး အိမ်ခြံကွက်မရှိတဲ့ အမှုထမ်းတွေကို မြေကွက်တွေ ခွဲဝေပေးနေတာ ဖြစ်တယ်။ လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

လက်ရှိမှာတော့ နမ်ဆန်ယန်နဲ့ မိုင်ဆပ်ပါကျေးရွာတွေမှာ အိမ်ခြံမြေကွက်ပေါင်း ၂၂၈ ကို အရင်ဆုံး ခွဲဝေပေးသွားမယ်လို့ သိရပါတယ်။

PSA

ဦးစားပေးခွဲဝေပေးဖို့လျာထားတဲ့အထဲမှာ အဓိကတော့ လောလောလတ်လတ်နေထိုင်စရာခက်ခဲပြီး ဒုက္ခရောက်နေတဲ့သူတွေ၊ အိမ်ခြံမြေကွက်မရှိတဲ့အမှုထမ်းတွေ၊ စစ်ဘေးရှောင်တွေကိုခွဲဝေပေးနေတာလို့ ဆိုပါတယ်။

နောက်တစ်ဆင့်အနေနဲ့ နေထိုင်စရာ ခြံမြေကွက်လိုအပ်တဲ့ ပြည်သူတွေအနေနဲ့ KIO ထံစာရင်းတင်လာတဲ့အပေါ် တစ်သုတ်ပြီး တစ်သုတ် မြေကွက်ထပ်မံခွဲဝေပေးနေခြင်းဖြစ်တယ်လို့ သိရပါတယ်။  

မြေကွက်ခွဲဝေပေးတာက အခကြေးငွေနဲ့ ခွဲဝေပေးတာမျိုးတော့ မဟုတ်ဘူး။ အဲမှာလက်တွေ့ တာဝန်ယူ ဦးဆောင်လုပ်နေတဲ့သူတွေအနေနဲ့ မြေကွက်တစ်ခုကို ဘယ်လောက်နှုန်းဆိုပြီး ထည့်ခိုင်းတာမျိုးတော့ ရှိတယ်။ ဒါပေမယ့် အဲဒါက မြေကွက်အတွက်အခကြေးငွေလိုတော့ မဟုတ်ဘူးပေါ့။ ဒါကြောင့် ပြည်သူတွေကို အဓိကထားပြီး မြေကွက်ခွဲဝေပေးနေတဲ့ သဘောဖြစ်တယ်။” လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။  

KIO အနေနဲ့တော့ အိမ်ခြံဝင်းတွေ၊ လယ်ယာတွေ၊ ခြံမြေတွေ ခွဲဝေပေးတဲ့လုပ်ငန်းကို ပုံမှန်လုပ်ဆောင်နေတယ်လို့ သိရပြီး လက်ရှိ မိုင်ဆပ်ပါနဲ့ နမ့်ဆန်ယန်ကြားမှာတော့ အိမ်ယာမြေခွဲဝေပေးနေတာ  နှစ်ရှိပြီလို့သိရပါတယ်။

ဒါပေမယ့် တစ်ဖက်မှာတော့ KIO အနေနဲ ရွှေမှော်တွေကို အိမ်ခြံဝင်းအဖြစ်ပြန်လည်မွမ်းမံရာမှာ သဲ၊ကျောက် မြေကြီး စတာတွေကို စနစ်တကျသေချာဖို့ပြီး ခိုင်ခန့်တဲ့အခြေနေ၊ စိတ်ချရတဲ့ခြံဝင်းဖြစ်ဖို့အထိ လုပ်ဆောင်ပေးဖို့ မျှော်လင့်တယ်လို့ မြေကွက်ရယူသူတွေက တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။

By – ဂျာဘောက်ရာ

Show More

Leave a Reply

Back to top button