မြစ်ကြီးနားမြို့မှာ ရေနစ်သေဆုံးနေတဲ့ ပိုင်ရှင်မဲ့အလောင်းတစ်ခုတွေ့

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ရေနစ်ပြီး သေဆုံးနေတဲ့ ပိုင်ရှင်မဲ့အလောင်းတစ်ခုကို တွေ့ရှိခဲ့ရတယ်လို့ ပေးဆပ်သူလူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။

ရေနစ်သေဆုံးနေတဲ့သူဟာ သက်ကြီးပိုင်း အရွယ်အမျိုးသားဖြစ်ပြီး ရုပ်အလောင်းကိုတော့ ပြီးခဲ့တဲ့ စနေနေ့(ဧပြီ ၁၈ရက်) ညနေ ၃နာရီခွဲ ဝန်းကျင်အချိန် ဧရာဝတီမြစ်၊ ကချင်စုဆိပ်ကမ်းမှာတွေ့ရှိခဲ့ရပြီး မြစ်ကြီးနားရင်ခွဲရုံဆီချက်ချင်း ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း လက်ရှိချိန်ထိ မိသားစုဝင်တွေနဲ့ ဆက်သွယ်ရရှိခြင်း ရှိမရှိကိုတော့ သေချာ မသိရှိရသေးဘူးလို့ ပေးဆပ်သူလူမှုကယ်ဆယ်ရေးအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက ခုလို ပြောပြပါတယ်။

ဒဏ်ရာတွေတော့မရှိဘူးဗျာ။ ရေနစ်ပြီးသေတာပါ။ ဒီနေ့လောက်ဆိုရင်တော့ သင်္ဂြိုလ်လောက်ပြီ။လို့ ဆိုပါတယ်။

PSA

ပြီးခဲ့တဲ့ ဧပြီလ ၁၃ရက်နေ့တုန်းကလည်း ဧရာဝတီမြစ် ဧရာဝတီရှုခင်းသာ လမ်းလျှောက်သင်္ကြန်မှာ သတ်မှတ်ထားတဲ့နေရာကို ကျော်လွန်ပြီး ရေကစားရာကနေ အမျိုးသားတစ်ဦး ရေနစ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့အဖွဲ့ရဲ့ အချိန်မှီ ကယ်ဆယ်ခဲ့မှုကြောင့် အသက်ဘေးကနေတော့ လွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း မြစ်ကြီးနားမြို့မှာ ဒီနှစ် ၂၀၂၆ ဇန်နဝါရီလကနေ ဧပြီလအတွင်း ၄လအတွင်းမှာဘဲ ပိုင်ရှင်မဲ့အလောင်း  ၇ ခုထိတွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဒါအပြင် အဲဒီပိုင်ရှင်မဲ့အလောင်းတွေထဲက တချို့ကိုသာ ပိုင်ရှင်ရှာတွေ့ပြီး တစ်ချို့ ကတော့ ပိုင်ရှင်ရှာမတွေ့တော့တဲ့အတွက် ပိုင်ရှင်မဲ့အနေနဲ့သာ သင်္ဂြိုလ် မြုပ်နှံလိုက်ရတယ်လို့ သိရပါတယ်။

ပုံမှန်အားဖြင့် ပိုင်ရှင်မဲ့အလောင်းတွေကို ၃ရက်ဝန်းကျင်လောက်သာ မြစ်ကြီးနား ရင်ခွဲရုံမှာ ထားတာဖြစ်ပြီး အဲဒီနောက်မှာတော့ ဂျန်မိုင်ကောင်သုသာန်မှာဘဲ သင်္ဂြိုလ်လေ့ရှိတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေက ဆိုပါတယ်။

By – Hope

Show More

Leave a Reply

Back to top button