HOPE

HOPE သည် ကချင်ပြည်နယ်အတွင်းရှိ လူမှုစီးပွားကဏ္ဍ နှင့် ပြည်ပရောက် ကချင်လူငယ်အကြောင်းအရာများကို တင်ဆက်နေသော သတင်းထောက်ဖြစ်သည်။
  • Mar- 2026 -
    25 March
    သတင်း

    နေရပ်ပြန် နမ်ဆာရွာပြည်သူတွေအတွက် ကူညီထောက်ပံ့မှုလိုအပ်နေ

    ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ နမ်ဆာကျေးရွာက နေရပ်ပြန်ပြည်သူတွေအတွက် နေရာထိုင်ခင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံတွေဆီကနေ သိရပါတယ်။ နမ်ဆာကျေးရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကရောက်ရှိလာကြတဲ့ အိမ်ခြေ ၅၀ ကျော်နဲ့ မတ်လ ၁၈ရက်နေ့ ပြန်လည်ရောက်ရှိလာကြတဲ့ အိမ်ခြေ ၂၁ အိမ်၊ စုစုပေါင်း အိမ်ခြေ ၇၀ ကျော်နဲ့ လူဦးရေ ၃၀၀ ဝန်းကျင်ပြန်လည်ရောက်ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဆယ်စုနှစ်ကျော်စွန့်ခွာခဲ့ရတဲ့ ရွာဖြစ်တာကြောင့် နေအိမ်တွေ အကုန်ပျက်စီး ယိုယွင်းသွားခဲ့ပြီဖြစ်တဲ့အတွက် နေအိမ်တွေပြန်ဆောက်ဖို့ သွပ်၊ မိုးကာ အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင် တာဝန်ခံတစ်ဦး KNG ကို ခုလိုပြောပြပါတယ်။ “တဲအိမ်တွေဆောက်တဲ့နေရာမှာတော့ ကျွန်တော်တို့တောရွာမှာက သစ်၊ ဝါးတွေက အဆင်ပြေသလို ခုတ်ယူလို့ရတယ် ပိုက်ဆံပေးစရာမလိုဘူး ။ ဒါပေမယ့်လည်း အမိုးအတွက် သွပ်မရရင်တောင် ပလပ်စတစ် မိုးကာတွေ ကူညီပေးဖို့ တောင်းဆိုချင်တာပေါ”လို့ဆိုပါတယ်။ လက်ရှိ ကျေးရွာထဲပြန်လည်ရောက်ရှိလာတဲ့သူတွေထဲမှာ မသန်စွမ်းဖြစ်နေတဲ့ သက်ကြီးရွယ်အို ၅ ဦး၊ နို့တိုက်အရွယ် မိခင်နဲ့ကလေး ၄ ဦး နဲ့  စာသင်အရွယ်ကလေးသူငယ် ၇၀ ဝန်းကျင်ထိရှိတယ်လို့သိရပါတယ်။ ဒါပေမယ့် လက်ရှိနမ်ဆာကျေးရွာမှာနေရပ်ပြန်နေတဲ့ကျေးရွာဖြစ်ပြီး ဆေးပေးခန်း၊ ဆေးရုံတွေမရှိတဲ့သေးတဲ့အတွက် နေရပ်ပြန်ပြည်သူတွေဟာ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လိုအပ်နေတယ်လို့ ဆက်ပြောပါတယ်။ “တောင်ပေါ်ပြန်ရောက်တော့ ဆေးခန်းတွေမရှိတဲ့အတွက် သူတို့အတွက်  စိုးရိမ်တာတွေလည်း ရှိတာပေါ့။ ဒါပေမယ့်လည်း သက်ဆိုင်တဲ့ တာဝန်ရှိသူတွေအနေနဲ့ အချိန်မှီ လုပ်ဆောင်ပေးမယ်လို့တော့ သူတို့ မျှော်လင့်နေကြတာပေါ့”လို့ စစ်ရှောင်တာဝန်ခံက ပြောပါတယ်။ နမ်ဆာကျေးရွာပြည်သူတွေဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်တစ်ကြော့ပြန် တိုက်ပွဲဖြစ်ကတည်းကနေ   မန့်ဝိန်းကြီးမြို့နယ်ခွဲ အင်ဘာပါကျေးရွာအနီး လနားဇွပ်ဂျာစစ်ဘေးရှောင်စခန်းမှာ တိမ်းရှောင်နေခဲ့တာ ဖြစ်ပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီကစပြီး နေရပ်ပြန်နေကြပြီဖြစ်ပါတယ်။…

    Read More »
  • 24 March
    သတင်း

    မြစ်ကြီးနားမြို့မှာ သံတိုသံစရောင်းဝယ်ရေးဆိုင်မီးလောင်

    “မီးလောင်တဲ့အိမ်မှာ လူမရှိဘူး သော့ခတ်ထားတယ် အိမ်ရှင်တွေက ခရီးထွက်သွားတာတဲ့ အိမ်စောင့်တွေက အလှူသွားနေတဲ့အချိန် လောင်တာ”လို့  မျက်မြင်တွေ့သူတစ်ဦးက ဆိုပါတယ်။

    Read More »
  • 23 March
    သတင်း

    မြစ်ကြီးနားမှာ ပိုင်ရှင်မဲ့ရုပ်အလောင်းတစ်ခုတွေ့

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှာ အာဟာရပြတ်ပြီးသေဆုံးနေတဲ့ ပိုင်ရှင်မဲ့ရုပ်အလောင်းတစ်ခုကိုတွေ့ရှိခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကို မတ်လ ၂၂ ရက် မနေ့ည မနက် ၈နာရီ ၄၅မိနစ်အချိန် ရမ်ပူရပ်ကွက် နယ်မြေ ၂၁ က…

    Read More »
Back to top button