သတင်း

  • Aug- 2024 -
    30 August

    ကွတ်ခိုင်မြို့ကို လေယာဉ်ဗုံးကြဲမယ်လို့ သတင်းကြောင့်  ပြည်သူတစ်ချို့ထပ်မံထွက်ပြေးတိမ်းရှောင်နေ

    ရှမ်းမြောက် ကွတ်ခိုင်မြို့ကို လေယာဉ်နဲ့ထပ်ပြီးဗုံးကြဲမယ်လို့ ကောလဟာလသတင်းတွေပျံ့နှံ့နေတာကြောင့် ဒေသခံတွေစိုးရိမ်နေရသလို ထပ်ပြီးတိမ်းရှောင်သူတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၂၇ ရက်နေ့ကစ  သတင်းစတင်ထွက်ပေါ်လာပြီးနောက် မြို့တွင်း စျေးဆိုင်အားလုံးနီးပါး ပိတ်သိမ်းထားကြတဲ့အပြင် ပြည်သူတစ်ချို့လည်းထပ်မံတိမ်းရှောင်နေကြတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက  KNG ကိုခုလိုပြောပါတယ်။…

    Read More »
  • 30 August

    ချီဖွေမြို့မှာ  အခြေခံစားသောက်ကုန်နဲ့ဆေးဝါးတွေပြတ်လပ်လာ

    ကချင်ပြည်နယ် ချီဖွေမြို့မှာ အခြေခံစားသောက်ကုန်တွေနဲ့ ဆေးဝါးတွေပြတ်လပ်မှုကြုံတွေ့နေရတယ်လို့  ချီဖွေဒေသခံတွေက KNGကိုပြောပါတယ်။ ချီဖွေမြို့ကိုရောက်ရှိလာတဲ အခြေခံကုန်စည်တွေဟာ အဓိကအားဖြင့်မြစ်ကြီးနားမြို့ကနေ တင်ပို့တာဖြစ်ပေမယ့်လည်း လက်ရှိ မြစ်ကြီးနား–မန္တလေးပိတ်ထားတဲ့အတွက် မြစ်ကြီးနားမြို့မှာတောင် အခြေခံစားသောက်ကုန်တွေပြတ်လပ်နေတာဘဲ ဖြစ်ပါတယ်။…

    Read More »
  • 30 August

    မြန်မာကျပ်ငွေစျေးကျဆင်းမှုကြောင့် နယ်စပ်တစ်လျှောက်မှာနေထိုင်တဲ့စစ်ရှောင်များ အခက်တွေ့

    မြန်မာကျပ်ငွေကျအဆမတန်ကျဆင်းပြီး နိုင်ငံခြားငွေမြင့်တက်မှုကြောင့် တရုတ်–မြန်မာနယ်စပ်မှာနေထိုင်တဲ့ စစ်ရှောင်ပြည်သူတွေ အခက်တွေ့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ တရုတ်နယ်တစ်လျှောက်နေထိုင်တဲ့ စစ်ရှောင်ပြည်သူတွေဟာ ကုန်ပစ္စည်းနဲ့ အခြေခံစားသောက်ကုန်ဝယ်ယူတဲ့အခါ တရုတ်ယွင်ကိုအများပိုင်း အသုံးပြုနေရတဲ့အတွက် နယ်စပ်မှာ နေထိုင်တဲ့စစ်ရှောင်တွေအခက်တွေ့နေကြတယ်လို့ လိုင်ဇာမြို့အနီး ဂျယ်အိန်(Jeyang) စစ်ရှောင်စခန်းမှာနေထိုင်တဲ့ မိခင်တစ်ဦးလည်းအပါအဝင်ဖြစ်ပါတယ်။…

    Read More »
  • 30 August

    မြစ်ကြီးနား- မန္တလေးလေယာဥ်စျေးနှုန်း မြင့်တက်နေ

    မန္တလေး –မြစ်ကြီးနား ကားလမ်းပိုင်းပိတ်ထားတာကြောင့် လေယာဥ်လက်မှတ်စျေးနှုန်း တစ်ဆမြင့်တက်နေပြီး ဝယ်ယူရဖို့ခက်ခဲနေတယ်လို့ ခရီးသွားပြည်သူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ရက်နေ့ကစလို့ မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်းမှာရှိတဲ့ အင်းတော်မြို့အပါအဝင် ကချင်စစ်ကိုင်းအစပ်က မြို့တွေကို KIAနဲ့ PDF ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာကနေ စစ်ရေးအခြေအနေကြောင့် ကားလမ်းပိုင်း ရက်အကန့်အသတ်မရှိ ပိတ်သွားခဲ့တာဖြစ်ပါတယ်။…

    Read More »
  • 29 August

    ဝိုင်းမော် စန်းကားကျေးရွာအုပ်စုမှာ စစ်တပ်နဲ့ KIA တပ်တို့စစ်ရေးတင်းမာ

    မတ်လ ၇ ရက်နေ့စပြီး တိုက်ပွဲပြင်းထန်လာတဲ့ ဝိုင်းမော်မြို့နယ်တွင်း ကျေးရွာတစ်ချို့မှာ စစ်တပ်က စစ်အင်အားဖြည့် စစ်ရေးလှုပ်ရှားနေတဲ့အထဲ စန်းကားကျေးရွာအုပ်စုလည်းပါဝင်ပါတယ်။

    Read More »
  • 29 August

    တိုက်ပွဲကြောင့်ပိတ်ထားတဲ့ မြစ်ကြီးနား-မန္တလေးလမ်းဖွင့်ဖို့ကျန့်ကြာနိုင်သေးလိို့ဆို 

    စစ်ကိုင်းနဲ့ကချင်အစပ်ဒေသက တိုက်ပွဲတွေကြောင့်ပိတ်ထားရတဲ့ မြစ်ကြီးနား–မန္တလေးလမ်းပိုင်းပြန်ဖွင့်ဖို့  ရက်ကြာမြင့်အုံးမယ်လို့ ကားသမားတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့လောက်ကစပြီးတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်း အဖွဲ့တွေဟာ အင်းတော်မြို့အပါအဝင် ကချင်နဲ့စစ်ကိုင်းအစပ်ကမြို့တွေကိုသိမ်းပိုက်ဖို့အတွက် စစ်ဆင်ရေး လုပ်နေတာဖြစ်ပြီး အဲ့ဒီမြို့သိမ်းတိုက်ပွဲကြောင့် လမ်းတွေပိတ်ထားရတာဖြစ်ပါတယ်။…

    Read More »
  • 28 August

    နှစ်လကျော်ကြာပိတ်သွားတဲ့ ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်းပြန်ဖွင့်

    နှစ်လကျော်ကြာပိတ်သွားတဲ့ ကချင်ပြည်နယ် ပူတာအို –မြစ်ကြီးနားကားလမ်းပိုင်း ဒီကနေ့ဩဂုတ်လ ၂၈…

    Read More »
  • 28 August

    မိုးမောက်နဲ့ မံစီကို လေကြောင်းအပြင် မြေပြင် စစ်ကြောင်းထိုးနေတဲ့အတွက် တိုက်ပွဲပြန်လည်ပြင်းထန်နေ

    ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက်မြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့တိုက်ခိုက်နေတဲ့အပြင် မြေပြင်ကနေ စစ်အင်အား ၄၀၀ ဝန်းကျင်ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ ဗန်းမော်ဘက်ကနေ စစ်အင်အား ၄၀၀ လောက်ထိုးစစ်ဆင်တက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA ပူးပေါင်းတပ်တွေ မိုးမောက်မရောက်မှီ ၆ မိုင်နဲ့ ၇ မိုင်လောက်မှာ ဒီကနေ့ ဩဂုတ်လ ၂၈ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦး KNG ကိုပြောပါတယ်။…

    Read More »
  • 28 August

    ခါနန်စစ်ရှောင်တွေ စားနပ်ရိက္ခာပြတ်လပ်နေပြီး ကလေးသူငယ် ၁၀၀ ကျော်ပညာရေးရပ်နားထားရ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့ ဝူယန်ကျေးရွာကနေ မုတ်ကျိတ်၊နောင်းခရူးဘက်ကို ထွက်ပြေးနေကြတဲ့ ခါနန်စစ်ရှောင်စခန်းက ပြည်သူများ စားနပ်ရိက္ခာပြတ်လပ်နေတဲ့အပြင် ကလေးသူငယ် ၁၀၀ ကျော်လည်း ပညာဆက်လက်သင်ကြားနိုင်ဖို့ အခက်တွေ့နေတယ်လို့ ခါနန်စစ်ရှောင်စခန်းတာဝန်ခံတွေဆီကနေ သိရပါတယ်။…

    Read More »
  • 28 August

    ပူတာအိုမြို့မှာ ပြည်သူ့စစ်အဖွဲ့ ဝါးတားဂိတ်လုပ်ပြီး အစစ်အဆေးတင်းကြပ်နေ

    ကချင်ပြည်နယ် ပူတာအိုမြို့အထွက်မှာ တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့က ဝါးတားဂိတ်လုပ်ပြီး လမ်းသွားလမ်းလာအရပ်သားတွေကို အစစ်အဆေးတင်းကြပ်နေတယ်လို့ ပူတာအိုဒေသခံတွေဆီကနေ သိရပါတယ်။ ဦးတန်ဂူးတန်ဦးဆောင်တဲ့ပြည်သူ့စစ်တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇွန်လဝန်းကျင်ကစပြီး မြို့အထွက် လေယာဥ်ကွင်းရပ်ကွက်…

    Read More »
Back to top button