သတင်း

  • Aug- 2024 -
    13 August

    နောင်မွန်မြို့မှာ ရေကြီးရေလျှံဖြစ်ပြီး စိုက်ပျိုးထားတဲ့ လယ်ဧ ၁၀၀ ဝန်းကျင် ပျက်စီးသွား

    ပူတာအိုခရိုင် နောင်မွန်မြို့နယ်မှာ…

    Read More »
  • 13 August

    ဗန်းမော်မှာ သုံးပတ်အတွင်း အရပ်သား ၈ ဦးသေ ၁၀ ဦးဒဏ်ရာရ

    ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်ပြတ်တောက်နေတဲ့ ၃ ပတ်တာကာလအတွင်း လက်နက်ကြီးကျပေါက်ကွဲတာ၊ လေယာဉ်ဗုံးကြဲတာတွေကြောင့် အရပ်သား ၈ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်းခိုက်ဒဏ်ရာရရှိထားတယ်လို့ ဗန်းမော်မြို့ခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ ဖုန်းအင်တာနက်ပြတ်တောက်သွားတဲ့နောက် ၃ ရက်အကြာ ဇူလိုင်လ ၂၄ ရက်နေ့ကစပြီး မိုးမောက် ခမရ ၄၃၇ ကို KIA ပူးပေါင်းတပ် တစ်ကျော့ပြန်ထိုးစစ်ဆင်လာရာကနေ တိုက်ပွဲအတွင်း နှစ်ဖက်လက်နက်ကိုင်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျပေါက်ကွဲတာ၊ စစ်တပ်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၈ ဦးသေဆုံးပြီး နောက်ထပ် ၁၀ ဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဗန်းမော်မြို့ခံတွေဆီကနေ စုစည်းထားတဲ့သတင်းချက်လက်အရ သိရပါတယ်။…

    Read More »
  • 12 August

    မိုးကောင်းမြို့ ရပ်ကွက် ၂  ခုမှာ MPT ဖုန်းလိုင်းရ

    ကချင်ပြည်နယ် မိုးကောင်းမြို့တွင်း ရပ်ကွက် ၂  ခုမှာ ဩဂုတ်လ ၇ ရက်နေ့ကစပြီး MPT ဖုန်းလိုင်းရနေပြီလို့ မိုးကောင်းဒေသခံတွေဆီကနေ သိရပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့ကစ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအပါအဝင် ကချင်– စစ်ကိုင်းအစပ်ထိ ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်လိုင်းတွေအားလုံးပြတ်တောက်နေတာဖြစ်ပါတယ်။ …

    Read More »
  • 12 August

    ကွတ်ခိုင်မြို့မစျေးနဲ့ ရပ်ကွက်တစ်ချို့ ဗုံးကြဲခံရပြီးနောက် ပြည်သူအများပိုင်းနေရပ်စွန့်ခွာ

    ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ မြို့မစျေးနဲ့ရပ်ကွက်တစ်ချို့ ဗုံးကြဲခံရပြီးနောက် အရပ်သားပြည်သူတွေလေကြောင်းရန်ကိုစိုးရိမ်တဲ့အတွက် ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့ ကွတ်ခိုင်မြို့မစျေးနဲ့ ရပ်ကွက်တစ်ချို့ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် စျေးတန်းတစ်ခုလုံး မီးလောင်ပျက်စီးသွားပြီး နေအိမ်တစ်ချို့ထိခိုက်ပျက်စီးသွားတဲ့နောက် ကွတ်ခိုင်မြို့တွင်း ရပ်ကွက်နေ ပြည်သူတွေ ဘေးလွတ်ရာတိမ်းရှောင်သွားကြတာဖြစ်တယ်လို့ ကွတ်ခိုင်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ …

    Read More »
  • 10 August

    စစ်အာဏာရှင်ချေမှုန်းရာမှာ မျိုးနွယ်စုကြား သတ်ဖြတ်မှုမဖြစ်အောင် ရှောင်ရှားတဲ့နည်းနဲ့ဆောင်ရွက်နေတယ်လို့ KIO ဥက္ကဋ္ဌပြော

    စစ်အာဏာရှင်ကို အမြစ်ပြုတ်တိုက်ခိုက်ချေမှုန်းရာမှာ မျိုးနွယ်စုကြား အချင်းချင်းသတ်ဖြတ်မှုမဖြစ်အောင် ရှောင်ရှားတဲ့နည်းနဲ့ ဆောင်ရွက်နေတယ်လို့ ကချင်အာဇာနည်နေ့ မိန့်ခွန်းမှာ ဥက္ကဌဗိုလ်ချုပ်ကြီး အင်ဘန်လ က ပြောပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့  KIO ဗဟိုကော်မတီဟာ ပြည်သူလူထုရဲ့ ပညာပေး၊ အကြံပေးချက်တွေကို လက်ခံတန်ဖိုးထားတဲ့အပြင် စစ်အဏာရှင်ကို ချေမှုန်းတိုက်ခိုင်ရာမှာ မိမိလူမျိုးအချင်းချင်း စည်းလုံးမှုကို ပျက်ပြားပြီး သွေးထွက်သံယိုဖြစ်မယ့် တိုက်ပွဲဖော်ဆောင်မှုတွေကို အတတ်နိုင်ဆုံးရှောင်ရှားတဲ့ နည်းလမ်းဆောင်ရွက်နေတယ်လို့ ဩဂုတ်လ ၁၀ ရက်နေ့ ကျရောက်တဲ့ ကချင်အာဇာနည်နေ့   KIO ဥက္ကဌရဲ့ မိန့်ခွန်းမှာ ပြောဆိုထားပါတယ်။…

    Read More »
  • 9 August

    မိုးမောက်တိုက်ပွဲပြင်းထန်နေသေးတဲ့အတွက် KIO ထိန်းချုပ်နယ်မြေထဲမှာရှိနေတဲ့ ပြည်သူတွေ လေကြောင်းအန္တရာယ်စိုးရိမ်နေရ

    ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ထဲမှာ…

    Read More »
  • 8 August

    ချီဖွေနဲ့ပန်ဝါမှာ ပြည်သူ့စစ်အဖွဲ့  တပ်သားသစ် အပြင်းထန်စုဆောင်းနေ

    ချီဖွေမြို့နဲ့ ပန်ဝါမြို့မှာ စစ်ကောင်စီတပ်လက်အောက် ပြည်သူ့စစ်တပ်ဖွဲ့ တပ်သားစုဆောင်းတာတွေ အပြင်းအထန်လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ချီဖွေ၊ပန်ဝါဒေသ ဦးဘောမ်လန်းဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ မြစ်ကြီးနား– ချီဖွေ– ပန်ဝါ လမ်းသွားလမ်းလာ လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးနေသလို သတ္တုတူးဖော်တဲ့လုပ်ငန်းခွင်ထဲထိ လူငယ်တွေကို လိုက်လံဖမ်းဆီးပြီး ဆက်တိုက်တပ်သားစုဆောင်းနေတယ်လို့ ချီဖွေဒေသခံတွေဆီကနေ သိရပါတယ်။…

    Read More »
  • 8 August

    KIO ထိန်းချုပ်နယ်မြေ နေရာ ၄ ခုမှာ  စစ်တပ်က ဗုံးကြဲတိုက်ခိုက်

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့အနီးတဝိုက် နေရာ ၄ ခုမှာ စစ်တပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်နဲ့ ဘုရားကျောင်းဆောင် ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ KIO ပြောပါတယ်။…

    Read More »
  • 7 August

    လားရှိုးကို တော်လှန်ရေးတပ်ဖွဲ့သိမ်းပိုက်မှုအပြီး ဒေသခံတစ်ချို့ မြို့ထဲပြန်ဝင်ကြပြီလို့ဆို

    ရှမ်းမြောက် လားရှိုးမြို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို  ကိုးကန့် MNDAA တပ် နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီးနောက် ထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ပြေးရှောင်ဒေသခံတစ်ချို့ လားရှိုးမြို့ထဲကို ပြန်ဝင်နေကြပြီလို့သိရပါတယ်။ လားရှိုးမြို့ပေါ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့ကစပြီး ကိုးကန့် MNDAA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ မြို့တွင်းတိုက်ပွဲစတင်ဖော်ဆောင်လိုက်ပြီး မြို့တွင်းရပ်ကွက်နေ ပြည်သူတွေက ဇူလိုင်လ ၂၂ ရက်နေ့အထိ မြို့တွင်းကနေ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းရေး၊ တောင်ကြီး၊ မန္တလေး၊ ရန်ကုန် စတဲ့ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။…

    Read More »
  • 7 August

    ဝိုင်းမော် ခလရ ၅၈ တပ်ရင်း KIA သိမ်းလိုက်ပြီလို့ သတင်းအမှားသာဖြစ်တယ်လို့ KIO ပြော

    ဝိုင်းမော်မြို့စောင့်တပ် ခလရ ၅၈ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်လိုက်ပြီလို့ သတင်းထွက်ပေါ်နေတာဟာ သတင်းအမှားသာဖြစ်တယ်လို့ KIO ပြောပါတယ်။ “မကြားဘူးဆိုတာထက် တိုက်ပွဲဖြစ်တာတွေလည်းမရှိပါဘူး။ ဝိုင်းမော်သိမ်းတာလည်းမကြားဘူး။ တိုက်ပွဲလည်းမရှိတာပါ”လို့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။…

    Read More »
Back to top button