သတင်း
-
Jul- 2024 -23 July
သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် ပြန်လည်လွတ်မြောက်
အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထိန်းထားတဲ့ သိက္ခာတော်ရဆရာတော် Rev.…
Read More » -
22 July
လားရှိုးမှာတိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး မြို့ခံပြည်သူအားလုံး မြို့စွန်ခွာထွက်ပြေးနေဆဲ
လားရှိုးမြို့ထဲ ကိုးကန့် MNDAA နဲ့ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်နေရာယူထားပြီး တိုက်ပွဲဆက်လက်ဖြစ်နေတာကြောင့် ပြည်သူတွေအားလုံးနီးပါး မြို့စွန့်ခွာထွက်ပြေးနေဆဲဖြစ်တယ်လို့ လားရှိုးကနေထွက်ပြေးနေတဲ့ ဒေသခံပြည်သူတွေ ပြောပါတယ်။ လက်ရှိ လားရှိုးမြို့ပြင်နဲ့ မြို့ထဲထိ ကိုးကန့် MNDAA တပ်ဖွဲ့ ဝင်ရောက်နေရာယူထားပြီး တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေတာကြောင့် ဇူလိုင် ၂၂ ရက်နေ့ မြို့ထဲကနေစွန့်ခွာထွက်ပြေးနေသူ ပြည်သူတစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါတယ်။…
Read More » -
22 July
ဗန်းမော် – မန္တလေး ကားလမ်းပိုင်း ပိတ်လိုက်တဲ့နောက် ဗန်မော်ပြည်သူတွေ အဖက်ဖက် ကြပ်တည်းနေ
ဗန်းမော်– မန္တလေး ကားလမ်းမကြီးပိတ်လိုက်တဲ့နောက် ဗန်းမော်မြို့နယ်မှာ ကုန်ဈေးနှုန်းနဲ့ စက်သုံးဆီဈေး သိသိသာသာမြင့်တက်လာတဲ့အတွက် ပြည်သူတွေစားဝတ်နေရေး၊ သွားရေးလာရေး ပိုခက်ခဲလာနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၀ ရက်နောက်ပိုင်းစပြီး ကချင်လွတ်လပ်ရေးတပ်တော် KIA၊ ကချင်ပြည်သူ့ ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့အကြား ဗန်းမော်မြို့အနီးတစ်ဝိုက် နေရာအနှံ့တိုက်ပွဲပြင်းထန်လာတဲ့အတွက် နှစ်ဖက်လက်နက်ကိုင်တပ်တွေ ဗန်းမော်– မန္တလေး ကားလမ်းပိုင်း ဖြတ်သန်းသွားလာခွင့်ကို ပိတ်လိုက်တာ ခုဆိုရင် ၂ လကျော်ကြာလာပြီဖြစ်ပါတယ်။ …
Read More » -
22 July
ဝူယန်စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်နဲ့ မသန်စွမ်းတွေအတွက် ဆေးဝါး၊ အစားသောက်ကူညီထောက်ပံ့မှုလိုအပ်နေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့ ဒိန်ဂျာယန်ကျေးရွာ စစ်ရှောင်စခန်းမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်နဲ့ မသန်စွမ်းတွေအတွက် ဆေးဝါး၊ အစားသောက်အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံတစ်ဦးက KNG ကိုပြောပါတယ်။ စစ်ရေးအခြေနေကြောင့် ဝူယန်ကျေးရွာကနေ ဒိန်ဂျာယန်ကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဝူယန်စစ်ရှောင်တွေဟာ အိမ်ခြေ ၂၀ ရှိတဲ့အထဲကနေ…
Read More » -
22 July
မလေးရှားနိုင်ငံမှာကျင်းပတဲ့ သိုင်းပေါင်းစုံ Rage(MMA) Semi Final Welterweight မှာ ကချင်သားလေး အနိုင်ရ
မလေးရှားနိုင်ငံအခြေစိုက် သိုင်းပေါင်းစုံ Rage(MMA)Amateur level ချန်ပီယံသစ်ရှာဖွေပွဲမှာ မြန်မာပြည်ဖွား ကချင်သားလေး Joseph…
Read More » -
22 July
အောင်မြေ ၂ စစ်ရှောင်များ ကိုယ်ထူကိုယ်ထဆောက်ထားတဲ့ ကျောင်းဆောင်ပျက်စီးသွားလို့ အကူအညီလိုအပ်နေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ ၂ စစ်ဘေးရှောင်များ ကိုယ်ထူကိုယ်ထဖွင့်ထားတဲ့ စာသင်ကျောင်းဆောင်ပျက်စီးသွားတဲ့အတွက် အကူညီလိုအပ်နေတယ်လို့ အောင်မြေ ၂ စစ်ရှောင်စခန်းပညာရေးတာဝန်ခံ အမျိုးသမီးတစ်ဦး ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်းပိုင်း မြစ်ကြီးနားမြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်တွေ ဧရာဝတီမြစ်ရေကြီးရေလျှံမှုကြောင့် အောင်မြေ ၂ စစ်ရှောင်စခန်း ကိုယ်ထူကိုယ်ထဖွင့်ထားတဲ့ စာသင်ဆောင် ၄ ဆောင်ထဲက စာသင်ဆောင် ၂ ဆောင်ပျက်စီးသွားခဲ့တယ်လို့ အောင်မြေ ၂ စစ်ရှောင်စခန်းပညာရေးတာဝန်ခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။…
Read More » -
22 July
-
19 July
မိုးမိတ် စစ်ဘေးရှောင် ၁ ထောင်ကျော်အတွက် စားနပ်ရိက္ခာအကူညီတွေလိုအပ်နေ
ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးမိတ်မြို့နယ် စစ်ဘေးရှောင် ၁ ထောင်ကျော်အတွက် စားနပ်ရိက္ခာအကူညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLAပူးပေါင်းအဖွဲ့ တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ မိုးမိတ်မြို့ပေါ်မှာ ဒေသခံတွေ ဘေးလွှတ်ရာ ကျေးရွာတွေနဲ့ မန္တလေးမြို့ ဘက်ကိုအဓိကထွက်ပြေးတိမ်းရှောင်နေကြတာလို့ ပြောပါတယ်။…
Read More » -
19 July
ရေဘေးဒဏ်ကြောင့် ဝိုင်းမော်မြို့နယ် မြစ်ကမ်းနံဘေး ရွာ ၃ရွာက လူနေအိမ် ၈၀ ဝန်းကျင်ထိခိုက်ပျက်စီး
ရေဘေးသင့်ခဲ့တဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မြစ်ကမ်းနံဘေးမှာရှိတဲ့ ရွာပေါင်း ၃ ရွာက နေအိမ် ၈၀ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ပြန်လည်ထူထောင်ရေးကို ကိုယ်ထူကိုယ်ထစနစ်နဲ့လုပ်ဆောင်နေကြပြီဖြစ်တယ်လို့ ရေဘေးသင့်ပြည်သူတွေကပြောပါတယ်။ ရေကြီးရေလျှံမှုကြောင့် နေအိမ်ထိခိုက်ပျက်စီသွားတဲ့ရွာတွေဟာ မိုင်းနားကျေးရွာ၊ ခတ်ချိုနဲ့ နောင်တာလော ရွာတွေကဖြစ်တယ်လို့ ဝိုင်းမော်အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေနဲ့ ဒေသခံတွေရဲ့ ပြောကြားအချက်အရ သိရပါတယ်။…
Read More » -
19 July
TNLA ဖမ်းဆီးသွားတဲ့ ကချင်လူငယ် ၃ ဦးနဲ့ KIA တပ်ဖွဲ့ဝင် ၃ ဦး ပြန်လွတ်လာ
ရှမ်းမြောက် နမ္မတူမြို့မှာ TNLA ဖမ်းဆီးသွားတဲ့ KIA တပ်ဖွဲ့ဝင် ၃ ဦးနဲ့ ကချင်လူငယ် ၃ ဦး တစ်ရက်ကြာချူပ်နှောင်ခံရပြီးနောက် ပြန်လွတ်ပေးခဲ့ပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နမ္မတူမြို့ နမ်လာ(namlalawk)ရပ်ကွက် မနောမြေစားသောက်ဆိုင်မှာ ထိုင်နေကြတဲ့ KIA တပ်ဖွဲ့ဝင် ၃ ဦးနဲ့ ကချင်လူငယ် ၃ ဦးကို TNLA တပ်ဖွဲ့က ဇူလိုင် ၁၅ ရက် ည ၁၀ နာရီဝန်းကျင်မှာ ရိုက်နှက်ဖမ်းဆီးသွားရာ ဇူလိုင်လ ၁၆ ရက် ညနေ ၃ နာရီဝန်းကျင် ပြန်လွတ်လာပြီလို့ ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။…
Read More »









