သတင်း
-
Sep- 2024 -3 September
ထီးချိုင့်မှာလေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၉ ဦးသေဆုံး
စစ်ကိုင်းနဲ့ကချင်အစပ် ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၉ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေဆီကသိရပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့ ညနေပိုင်း ၃ နာရီဝန်းကျင် မိတ္ထီလာကနေတက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့ ၂ ကြိမ်တိုင်တိုင်ဗုံးကြဲချခဲ့တာဖြစ်ပြီး ရွာထဲမှာရှိတဲ့ ဆိုင်တစ်ချို့ပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ ပြောပါတယ်။…
Read More » -
2 September
ထီးချိုင့်ကနေ ကသာနယ်ထဲရောက်လာတဲ့ စစ်သင်္ဘော ၃ စီးထပ်မံပစ်ခတ်ခံရပြီး တစ်စီးမီးလောင်
စစ်ကိုင်းနဲ့ကချင်အစပ် ထီးချိုင့်မြို့နယ်ထဲကနေ ကသာမြို့နယ်ကို ဆန်တက်လာတဲ့ စစ်သင်္ဘော ၃ စီး ထပ်မံပစ်ခတ်ခံရပြီး ကသာမြို့နယ် သဖန်းကိုင်းရပ်ကွက်ရေဆိပ်မှာ ရပ်နားထားတယ်လို့ ကသာမြို့ နယ်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဆီကသိရပါတယ်။ ဒီကနေ့ စက်တင်ဘာလ ၂ ရက်နေ့ မနက်ပိုင်း ၅ နာရီဝန်းကျင်လောက်မှာတော့ ထီးချိုင့်မြို့နယ်ကနေ ကသာမြို့နယ်ကို စစ်သင်္ဘော ၃ စီးဆန်တက်လာတာဖြစ်ပြီး ၂ စီးကို ထပ်မံပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တာလို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။…
Read More » -
2 September
ကချင်ဒေသမှာ အခြေခံစားသောက်ကုန်အများပိုင်းစတင်ပြတ်လပ်
ကချင်ပြည်နယ် မြစ်ကြီးနား–မန္တလေးလမ်းပိတ်ဆို့မှုကြောင့် ကချင်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်တွေပြတ်လပ်လာပြီး မြစ်ကြီးနားဒေသခံတွေကပြောပါတယ်။ ဩဂုတ်လ ၁၆ ရက်နေ့ မြစ်ကြီးနား–မန္တလေးကားလမ်းတစ်လျှောက် KIA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲစတင်ဖြစ်လာကတည်းက ကားလမ်းပိုင်းသွားလာခွင့်မရတာ ခုဆိုရင် ၂ ပတ်ကျော်ကြာလာပြီဖြစ်ပါတယ်။…
Read More » -
2 September
မိုးမောက်တပ်ကို စစ်ကောင်စီပြန်လည်သိမ်းယူလိုက်တယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားဖြစ်တယ်လို့ KIO ပြော
ဗန်းမော်ခရိုင် မိုးမောက် ခမရ ၄၃၇ တပ်ရင်းတစ်ခုလုံးကို စစ်ကောင်စီဘက်က ပြန်လည်ထိုးစစ်ဆင်ထိန်းချုပ်လိုက်ပြီးဆိုတဲ့ သတင်းဟာ သတင်းအမှားသာဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပြောပါတယ်။ “မိုးမောက်နဲ့ ဗန်းမော်ကြားမှာ ဖြစ်နေတဲ့တိုက်ပွဲက ၆ မိုင်ကုန်းဆိုတဲ့ နေရာမှာ ဒီကနေ့ အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတယ်။ စစ်ကောင်စီတပ်ဘက်ကနေ ထိုးစစ်ဆင်ပြီး သိမ်းယူတာမရှိသေးပါဘူး။ လော်ဘီသတင်းတွေပါ”လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကိုပြောပါတယ်။…
Read More » -
2 September
မြစ်ကြီးနားမြို့မှာ ၂ ရက်အတွင်း လက်နက်ကြီး ၃ ကြိမ်ကျပေါက်ကွဲ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြိီးခဲ့တဲ့ ၂ ရက်တာအတွင်း လက်နက်ကြီး ၃ ကြိမ်ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြစ်ကြီးနားမြို့ခံတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၂၈ ရက်နဲ့ ၃၁ ရက်နေ့မှာ မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်နဲ့ ကြက်ပေါင်ခြံရပ်ကွက်နေရာ ၃ ခုမှာ လက်နက်ကြီးကျပေါက်ကွဲတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသမီးတစ်ဦးက KNG ခုလိုပြောပါတယ်။…
Read More » -
Aug- 2024 -30 August
ကွတ်ခိုင်မြို့ကို လေယာဉ်ဗုံးကြဲမယ်လို့ သတင်းကြောင့် ပြည်သူတစ်ချို့ထပ်မံထွက်ပြေးတိမ်းရှောင်နေ
ရှမ်းမြောက် ကွတ်ခိုင်မြို့ကို လေယာဉ်နဲ့ထပ်ပြီးဗုံးကြဲမယ်လို့ ကောလဟာလသတင်းတွေပျံ့နှံ့နေတာကြောင့် ဒေသခံတွေစိုးရိမ်နေရသလို ထပ်ပြီးတိမ်းရှောင်သူတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၂၇ ရက်နေ့ကစ သတင်းစတင်ထွက်ပေါ်လာပြီးနောက် မြို့တွင်း စျေးဆိုင်အားလုံးနီးပါး ပိတ်သိမ်းထားကြတဲ့အပြင် ပြည်သူတစ်ချို့လည်းထပ်မံတိမ်းရှောင်နေကြတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက KNG ကိုခုလိုပြောပါတယ်။…
Read More » -
30 August
ချီဖွေမြို့မှာ အခြေခံစားသောက်ကုန်နဲ့ဆေးဝါးတွေပြတ်လပ်လာ
ကချင်ပြည်နယ် ချီဖွေမြို့မှာ အခြေခံစားသောက်ကုန်တွေနဲ့ ဆေးဝါးတွေပြတ်လပ်မှုကြုံတွေ့နေရတယ်လို့ ချီဖွေဒေသခံတွေက KNGကိုပြောပါတယ်။ ချီဖွေမြို့ကိုရောက်ရှိလာတဲ အခြေခံကုန်စည်တွေဟာ အဓိကအားဖြင့်မြစ်ကြီးနားမြို့ကနေ တင်ပို့တာဖြစ်ပေမယ့်လည်း လက်ရှိ မြစ်ကြီးနား–မန္တလေးပိတ်ထားတဲ့အတွက် မြစ်ကြီးနားမြို့မှာတောင် အခြေခံစားသောက်ကုန်တွေပြတ်လပ်နေတာဘဲ ဖြစ်ပါတယ်။…
Read More » -
30 August
မြန်မာကျပ်ငွေစျေးကျဆင်းမှုကြောင့် နယ်စပ်တစ်လျှောက်မှာနေထိုင်တဲ့စစ်ရှောင်များ အခက်တွေ့
မြန်မာကျပ်ငွေကျအဆမတန်ကျဆင်းပြီး နိုင်ငံခြားငွေမြင့်တက်မှုကြောင့် တရုတ်–မြန်မာနယ်စပ်မှာနေထိုင်တဲ့ စစ်ရှောင်ပြည်သူတွေ အခက်တွေ့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ တရုတ်နယ်တစ်လျှောက်နေထိုင်တဲ့ စစ်ရှောင်ပြည်သူတွေဟာ ကုန်ပစ္စည်းနဲ့ အခြေခံစားသောက်ကုန်ဝယ်ယူတဲ့အခါ တရုတ်ယွင်ကိုအများပိုင်း အသုံးပြုနေရတဲ့အတွက် နယ်စပ်မှာ နေထိုင်တဲ့စစ်ရှောင်တွေအခက်တွေ့နေကြတယ်လို့ လိုင်ဇာမြို့အနီး ဂျယ်အိန်(Jeyang) စစ်ရှောင်စခန်းမှာနေထိုင်တဲ့ မိခင်တစ်ဦးလည်းအပါအဝင်ဖြစ်ပါတယ်။…
Read More » -
30 August
မြစ်ကြီးနား- မန္တလေးလေယာဥ်စျေးနှုန်း မြင့်တက်နေ
မန္တလေး –မြစ်ကြီးနား ကားလမ်းပိုင်းပိတ်ထားတာကြောင့် လေယာဥ်လက်မှတ်စျေးနှုန်း တစ်ဆမြင့်တက်နေပြီး ဝယ်ယူရဖို့ခက်ခဲနေတယ်လို့ ခရီးသွားပြည်သူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ရက်နေ့ကစလို့ မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်းမှာရှိတဲ့ အင်းတော်မြို့အပါအဝင် ကချင်စစ်ကိုင်းအစပ်က မြို့တွေကို KIAနဲ့ PDF ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာကနေ စစ်ရေးအခြေအနေကြောင့် ကားလမ်းပိုင်း ရက်အကန့်အသတ်မရှိ ပိတ်သွားခဲ့တာဖြစ်ပါတယ်။…
Read More » -
29 August
ဝိုင်းမော် စန်းကားကျေးရွာအုပ်စုမှာ စစ်တပ်နဲ့ KIA တပ်တို့စစ်ရေးတင်းမာ
မတ်လ ၇ ရက်နေ့စပြီး တိုက်ပွဲပြင်းထန်လာတဲ့ ဝိုင်းမော်မြို့နယ်တွင်း ကျေးရွာတစ်ချို့မှာ စစ်တပ်က စစ်အင်အားဖြည့် စစ်ရေးလှုပ်ရှားနေတဲ့အထဲ စန်းကားကျေးရွာအုပ်စုလည်းပါဝင်ပါတယ်။
Read More »