သတင်း
-
Nov- 2024 -18 November
-
18 November
မပခ တိုင်းမှူး ပူတာအိုမြို့ လာပြီးနောက် မြို့တွင်း၊မြို့ပြင် စစ်ရေးလှုပ်ရှားမှုစတင်လာ
ကချင်ပြည်နယ် ပူတာအိုမြို့ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး နိုဝင်ဘာ ၁၇ ရက်နေ့ ရဟတ်ယာဥ်နဲ့လာသွားတယ်လို့ တပ်နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ မြစ်ကြီးနားမြို့အခြေစိုက်ထားတဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနာချုပ် တိုင်းမှူးဗိုလ်မှူးချုပ်အောင်ဇော်ထွေးက နိုဝင်ဘာ ၁၇ ရက်နေ့ မွန်းလွဲ ၂နာရီခွဲဝန်းကျင် ပူတာအိုမြို့ပေါ်ရှိ ခလရ ၄၆ တပ်ထဲလာသွားတယ်လို့ စစ်တပ်အသိုင်းအဝိုင်းနီးစပ်သူ ဒေသခံအမျိုးသားတစ်ဦး KNGကိုပြောပါတယ်။…
Read More » -
18 November
ကွတ်ခိုင်လေကြောင်းတိုက်ခိုက်ခံရမှု နှစ်လသားအရွယ်ကလေးတစ်ဦးအပါအဝင် ၃ ဦးသေဆုံး၊ သေဆုံးမှု ဆက်ရှိနိုင်သေး
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ ရပ်ကွက် ၄ ရှိ တရုတ်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းအနီးတစ်ဝိုက် လေကြောင်းတိုက်ခိုက်ခံရမှုမှာ နှစ်လသားအရွယ်ကလေးတစ်ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ရတယ် လို့ ဒေသခံတွေကပြောပါတယ်။ မနေ့က နိုဝင်ဘာလ ၁၇ ရက် ည ၁၂ နာရီဝန်းကျင်…
Read More » -
15 November
KIA သိမ်းပိုက်နယ်မြေတွေမှာ လူထုအသံနားထောင်တဲ့ အုပ်ချုပ်ရေးစနစ်နဲ့ တောင်းဆို
ကချင်ပြည်နယ်အရှေ့ဘက်၊ တရုတ်နယ်စပ်ရှိ…
Read More » -
15 November
KIA ရဲ့စည်းရုံးမှုအပေါ် အမြင်မှန်ရပူးပေါင်းမှုကြောင့် ကချင်အထူးဒေသ ၁ နယ်မြေကို အချိန်တိုအတွင်း သိမ်းပိုက်နိုင်ခဲ့တာလို့ ဦးအားတီယောဟန်ပြော
ကချင်အထူးဒေသ ၁ နယ်မြေကိုအချိန်တိုအတွင်းသိမ်းပိုက်နိုင်ခဲ့တာဟာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေဘက်က KIA ရဲ့စည်းရုံးမှုအပေါ် အမြင်မှန်ရပူးပေါင်းခဲ့တာကြောင့်ဖြစ်တယ်လို့ လီဆူတိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ဦးအားတီယောဟန်ကပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော်…
Read More » -
15 November
မြေစာပုံပြိုကျတဲ့နေရာ ၅ ရက်ကြာလာတဲ့အထိ ဝင်ခွင့်ပိတ်ထားဆဲဖြစ်သောကြောင့် သေဆုံးမှုစာရင်းမသိရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီဆာကျေးရွာ မြေစာပုံပြိုကျခဲ့တဲ့နေရာကို ၅ ရက်ကြာတဲ့အထိ ဝင်ဝင်ခွင့်ပိတ်ထားဆဲဖြစ်သောကြောင့် သေဆုံးမှုစာရင်းမသိရဘူးလို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ ညပိုင်း ၁၂ နာရီဝန်းကျင်လောက်မှာ မှော်စီစာရွာမှာရှိတဲ့ တင်အောင်ကြိုင် လုပ်ကွက်ဟောင်းမြေနေရာပြိုကျခဲ့တာဖြစ်ပြီး ဒေသခံတွေကတော့ သေဆုံးသူ ၂၀ ဦးထက်မနည်းရှိနိုင် တယ်လို့ ခန့်မှန်းကြပါတယ်။…
Read More » -
15 November
မြစ်ကြီးနားမြို့မှာ ဆီပန့်ဆိုင်တစ်ချို့ စက်သုံးဆီအကန့်သတ်နဲ့သာရောင်းချ
ကချင်ပြည််နယ် မြစ်ကြီးနားမြို့မှာ စက်သုံးဆီအဝင်ရပ်တန့်နေတဲ့အတွက် ဆီပန့်ဆိုင်ကြီးတစ်ချို့ အကန့်သတ်နဲ့သာရောင်းပေးနေတယ်လို့ မြစ်ကြီးနားမြို့မှာနေထိုင်တဲ့ပြည်သူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ဝန်းကျင် ကံပိုင်တည်မြို့– ဆဒုံးလမ်းပိုင်းရှိ နယ်ခြားစောင့်တပ်ရဲ့ အမှတ် ၁၀၀၃ စင်ကြိုင်စခန်းကို KIA ပူးပေါင်းတပ်ထိုးစစ်ဆင်လာချိန် မြစ်ကြီးနား– ကန်ပိုင်တည်လမ်း စစ်ရေးအခြေနေကြောင့် လမ်းပိုင်းသွားလာခွင့် KIA က ပိတ်ထားတာဖြစ်ပါတယ်။…
Read More » -
15 November
တွဲလက်မေတ္တာစစ်ရှောင်စခန်း စစ်ရှောင်တဲများယိုယွင်းပျက်စီးလာတဲ့အတွက် နေရာထိုင်ခင်းအခက်ကြုံနေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့ လဘန်ကျေးရွာမှာရှိတဲ့ တွဲလက်မေတ္တာလူမျိုးပေါင်းစုံစစ်ရှောင်စခန်း စစ်ရှောင်တဲများယိုယွင်းပျက်စီးလာတဲ့အတွက် အကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံက KNG ကို ပြောပါတယ်။ ယခင်က တွဲလက်မေတ္တာ လူမျိုးပေါင်းစုံစစ်ရှောင်စခန်းမှာ အိမ်ခြေ ၂၇ သာရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး အိမ်ထောင်စု ၈ စုထပ်တိုးလာတာကြောင့် အိမ်ခြေ ၃၅ စု၊လူဦးရေ ၁၄၅ ဦးထိရှိလာပြီး အိမ်ထောင်စုတစ်စုလျှင် မိုးကာနဲ့ဆောက်လုပ်ထားတဲ့ ၈ ပေပတ်လည် အခန်း ၁ ခန်းတွင်း ကျဉ်းကျဉ်းကြပ်ကြပ်စုပေါင်းနေထိုင်နေရတယ်လို့ စစ်ရှောင်တာဝန်ခံက ခုလိုပြောပါတယ်။…
Read More » -
14 November
ပူတာအိုမှာ ငွေကြေးတတ်နိုင်သူတွေကို လျှပ်စစ်မီးပုံမှန်ပေးမယ်လို့ဆိုကာ EPC တစ်နှစ်စာငွေယူပြီး မီးလိုင်းဖြတ်
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် EPC ရုံးက ငွေကြေးတတ်နိုင်သူတွေကို လျှပ်စစ်မီးပုံမှန်ပေးမယ်လို့ဆိုကာ တစ်နှစ်စာငွေယူထားပြီး မီးလိုင်းဖြတ်ထားတယ်လို့ ပူတာအိုဒေသခံတွေဆီကနေ သိရပါတယ်။ ပူတာအိုမြို့ပေါ် ငွေကြေးတတ်နိုင်တဲ့ လူနေအိမ်၊ စားသောက်ဆိုင်၊ ဘာသာရေးအဆောင်နဲ့ စီးပွားရေးလုပ်ကိုင်တဲ့ လုပ်ငန်းရှင်တစ်ချို့ကို EPC ကနေ ၂၄ နာရီလျှပ်စစ်မီးပေးမယ်လို့ဆိုပြီး ပြီးခဲ့တဲ့ ဩဂုတ်ကလစ တစ်နှစ်စာမီတာခကြိုယူထားပေမယ့် မီးမပေးတော့ပဲ မီးလိုင်းတွေပြန်ဖြတ်လိုက်တယ်လို့ တစ်နှစ်စာလျှပ်စစ်မီးယူထားတဲ့ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦး KNG ကိုပြောပါတယ်။…
Read More » -
14 November
နန်းယွန်းမြို့တစ်ခုလုံး လျှပ်စစ်မိီးပြတ်တောက်နေတာ ၆ ကျော်ကြာမြင့်လာ
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ပေါ် ရေကြီးရေလျှံဖြစ်ပြီးနောက် ဒီနေ့အထိ လျှပ်စစ်မီးတွေပြတ်တောက်နေဆဲဖြစ်တယ်လို့ နန်းယွန်းမြို့ခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ နန်းယွန်းမြို့တစ်မြို့လုံး ရေဘေးသင့်ခဲ့ချိန် ဓာတ်တိုင်အများအပြားပျက်စီးခဲ့ပြီး ဒီနေ့ထိအစားထိုးပြုပြင်တာမျိုးမရှိသေးတာကြောင့် လျှပ်စစ်မီးပြတ်တောက်နေတာ ၆ လကျော်ပြီလို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။…
Read More »









