ကချင်

  • Sep- 2024 -
    3 September
    သတင်း

    ထီးချိုင့်မှာလေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၉ ဦးသေဆုံး

    စစ်ကိုင်းနဲ့ကချင်အစပ် ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၉ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေဆီကသိရပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့ ညနေပိုင်း ၃ နာရီဝန်းကျင် မိတ္ထီလာကနေတက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့  ၂  ကြိမ်တိုင်တိုင်ဗုံးကြဲချခဲ့တာဖြစ်ပြီး ရွာထဲမှာရှိတဲ့ ဆိုင်တစ်ချို့ပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ ပြောပါတယ်။ “ထီးချိုင့်အောက်ဖက် သပိတ်ကျင်းမှာ သင်္ဘောတွေပစ်ခတ်ခံရတဲ့နေ့က ဖိုက်တာနဲ့လာပစ်သွားတာ ဒီနေ့အထိ ပြည်သူ ၉ ယောက်အထိသေဆုံးသွားရတာပါ”လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကအတည်ပြုပါတယ်။ လေကြောင်းတိုက်ခိုက်မှုဟာ မောင်းကုန်းရွာဈေးအနီးမှာရှိတဲ့ စားသောက်ဆိုင်နဲ့ နီကယ်ပေါက်ရှေ့နားမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နောက်ထပ်အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါ တယ်။ ဒါ့အပြင် ဒီလုပ်ရပ်ဟာစစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိပဲ အရပ်သားတွေကိုပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။ လေကြောင်းတိုက်ခိုက်ခံရတဲ့ မောင်းကုန်းကျေးရွာဟာ ကာကွယ်ရေးတပ်တွေ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက နီကယ်စက်ရုံ သိမ်းပိုက်နိုင်ချိန်ကစလို ထိန်းချုပ်စိုးမိုးထားတဲ့ဒေသဖြစ်တယ်လို့ Tigyaing Revolution TR က တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ “ အခြားဒေသတွေလိုပါဘဲဗျ။ ကျနော်တို့စိုးမိုးထားလို့ မလုံခြုံဘူးထင်ရအောင် လေကြောင်း တိုက်ခိုက်တာပါဗျ။တိုက်ပွဲလည်းမရှိပါဘူးကျနော်တို့စိုးမိုးနယ်မြေပါ။ စစ်ရေးအနေအထားလည်းမရှိ ပါဘူး”လို့ပြောပါတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် တရုတ်ပိုင်နီကယ်စက်ရုံရှိရာ မောင်းကုန်းကျေးရွာက အရပ်သားတွေ ဘေးလွှတ်ရာကို ယာယီထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ထီးချိုင့်မြို့နယ်မှာတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့လောက်က စတင်ပြီး မြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပြီး မြတောင်ကျေးရွာကိုလက်လွှတ်ထားရတဲ့စစ်ကောင်စီတပ်ဟာ ထီးချိုင့်မြို့တွင်း ရဲစခန်းတစ်ဝှိုက်မှာသာ အထိုင်ချပြီး မြို့လက်မလွှတ်ရရေးဆက်လက်ခုခံနေတယ်လို့ သိရပါတယ်။ စစ်ကိုင်းနဲ့ကချင်အစပ် ထီးချိုင့်အပါအဝင် အင်းတော်၊ပင်လည်ဘူး ဒေသတို့မှာလည်း KIA နဲ့ပူးပေါင်း အဖွဲ့ရဲ့ မြို့သိမ်းတိုက်ပွဲစစ်ဆင်ရေးတွေကြောင့် စစ်ကောင်စီတပ်ဟာ လေကြောင်း၊ ကုန်းကြောင်းအပါ အဝင် ရေကြောင်းပါအသုံးပြုရိက္ခာဖြည့်တင်းတာတွေလုပ်လာပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ NUG လက်အောက်ခံ ကာကွယ်ရေးတပ်၊ ABSDF ကျောင်းသားတပ် မတော် နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်မှစတင်ကာ စစ်ကိုင်း နဲ့ကချင်အစပ်က မြို့တွေမှာမြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာဖြစ်ပါတယ်။ By – အမိုး

    Read More »
  • Aug- 2024 -
    28 August
    သတင်း

    နှစ်လကျော်ကြာပိတ်သွားတဲ့ ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်းပြန်ဖွင့်

    နှစ်လကျော်ကြာပိတ်သွားတဲ့ ကချင်ပြည်နယ် ပူတာအို –မြစ်ကြီးနားကားလမ်းပိုင်း ဒီကနေ့ဩဂုတ်လ ၂၈ ရက်နေ့ ပြန်ဖွင့်လိုက်ပြီးလို့ သိရပါတယ်။ ဇွန်လကုန်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပူတာအို– မြစ်ကြီးနား ကားလမ်းပိုင်းမှာ ကားလမ်းမြေပြိုတာ၊ တံတားငယ်တစ်ချို့ပျက်စီးသွားတာကြောင့် ကားလမ်းပိုင်းနှစ်လနီးပါးကြာ အသွားအလာရပ်တန့်သွားတာဖြစ်ပါတယ်။ လက်ရှိ ကားလမ်းပိုင်းသွားလာခွင့် ရရှိနေပြီ​ဖြစ်ပေမယ့် လမ်းပြုပြင်တာတွေ မပြီးစီးသေတဲ့အတွက် ကုန်ကားအသေးတွေသာသွားလာခွင့်ရရှိမှာဖြစ်တယ်လို့  ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်နေအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။ “ကားတွေတက်လာပြီ တစ်ချို့ကားတွေက ဒီနေ့ညနေရောက်မယ်ပြောတယ်။ ဆီကားနဲ့စားသောက်ကုန်ကားတွေ တခြားလူသုံးကုန်ကားတွေလည်းပါတယ် ဟိုလိုကားကြီးတွေတော့တက်လာလို့မရသေးဘူး ကားသေးလေးတွေပဲတက်လာလို့ရအုံးမယ်တဲ့။ ဒီကစျေးသည်တွေလည်းကားဂိတ်ကိုပစ္စည်းတင်တဲ့လူကတင်နဲ့ဆက်သွယ်နေကြပြီ”လို့ အသက် ၃၀ ကျော်အရွယ်အထက်ပါအမျိုးသမီးကပြောပါတယ်။ ကားလမ်းပိုင်းဆိုးဆိုးဝါးဝါးမြေပြိုသွားတဲ့နေရာဟာ ဆွမ်ပရာဘွမ်နဲ့ မြစ်ကြီးနားလမ်းပိုင်းက တယန်ဇွပ်နဲ့ အင်ထန်းဇွပ်ကြားမှာအရှည်ပေ ၃ဝဝ လောက်ကားလမ်းပြိုကျသွားတာဖြစ်ပြီး အဲ့ဒီနေရာကို လက်ရှိရာနှုန်းပြည့်မပြင်နိုင်သေးတာကြောင့်ကုန်ကားအကြီးတွေ သွားလာလို့မရသေးတာလို့ သိရပါတယ်။  “ကားကြီးတွေဖြတ်လို့မရသေးဘူးတဲ့ ကားကြီးတွေဖြတ်ရင်ထပ်ပြိုမှာပြင်နေတာမပြီးသေးတော့ကားသေးလေးတွေကိုပဲအရင်ဆုံးထွက်ခိုင်းတာ။ ပူတာအိုကားဂိတ်ကကားတွေလည်း တစ်ချို့ဆင်းသွားကြပြီဒီမနက်ပဲ”လို့ ပူတာအိုကားဂိတ်တွေနဲ့နီးစပ်တဲ့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ မိုးရွာသွန်းမှုကြောင့်ပျက်စီးသွားတဲ့ ပူတာအို– မြစ်ကြီးနား ကားလမ်းပိုင်းကို သြဂုတ်လ ၈ရက်နေ့လောက်ကတည်းကစတင်ပြုပြင်ခဲ့ရာကနေ ဒီကနေ့ ကားတွေပြန်လည်သွားလာနိုင်တာ ဖြစ်ပါတယ်။ မြစ်ကြီးနား–ပူတာအို ကားလမ်းပိုင်းပိတ်သွားတာကြောင့် ပူတာအိုဒေသအတွက်လူသုံးကုန်၊…

    Read More »
  • 26 August
    သတင်း

    အင်းတော်မြို့သိမ်း တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းနဲ့အပြင်းထန်တိုက်ခိုက်နေ

    “လေယာဥ်ကတော့မနက်တိုင်း၊နေ့တိုင်းကြဲ ညကိုလဲလာကြဲတယ်။ပြီးရင်လေထီးနဲ့အထုပ်တွေချ နေ့တိုင်းပဲ။  လက်နက်ကြီးတွေဟောင်ဝစ်ဇာတွေနဲ့ကတော့ အထိုင်တပ်ဂျပန်လှိုဏ်ဂူကနေပစ်တာပေါ့။ လေယာဥ်က တော့ နေ့တိုင်းပေါ့ ဒီမနက်လည်းကြဲပြီးသွားပြီ” လို့ပြောပါတယ်။

    Read More »
  • 26 August
    သတင်း

    စစ်ကိုင်း- ကချင်အစပ်ကားလမ်းမကြီးပိတ်ထားတဲ့ ကချင်ပြည်နယ် ကုန်စျေးနှုန်းအဆမတန် မြင့်တက်နေဆဲ

    ကချင်– စစ်ကိုင်းအစပ်ဒေသတစ်လျှောက် တိုက်ပွဲပြင်းထန်နေတဲ့အတွက် ကားလမ်းပိုင်းသွားလာခွင့်ပိတ်ထားတာကြောင့် ကုန်ကားအဝင်မရှိတော့တဲ့ ကချင်ပြည်နယ်မှာ ကုန်စျေးနှုန်းတွေ တစ်ရက်ထက် တစ်ရက်ပိုမြင့်တက်လာနေတယ်လို့ ပြည်သူတွေကပြောပါတယ်။ ဩဂုတ်လ ၂၂ ရက်နေ့ကစပြီး ကချင်– စစ်ကိုင်းအစပ်ဖြစ်တဲ့ ကသာခရိုင် အင်းတော်– ထီးချိုင့်– ပင်လည်ဘူးမြို့တွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေတာကြောင့် အင်းတော်လမ်းပိုင်း သွားလာခွင့် နှစ်ဖက်လက်နက်ကိုင်တပ်က ပိတ်ထားတာဖြစ်တယ်လို့ ကာကွယ်ရေးတပ်တွေကပြောပါတယ်။ ဒါကြောင့် ကချင်ပြည်နယ်အတွင်းသို့ အခြေခံစားသောက်ကုန်တွေတင်သွင်းတဲ့ အဓိကလမ်းမကြီးပိတ်ထားတာကြောင့် ကုန်ကားတွေအဝင်မရှိတော့တဲ့အတွက် ကုန်စျေးနှုန်းတွေ တစ်ရက်ကို ပျှမ်းမျှ ၅၀၀ နှုန်းနဲ့စျေးတက်နေတယ်လို့ ကချင်ပြည်တွင်းနေထိုင်တဲ့ ပြည်သူတွေကပြောပါတယ်။ ခရိုင် ၄ ခု၊မြို့နယ် ၁၈ မြို့နယ် လူဦးရေ ၁ သန်းကျော်ရှိတဲ့ ကချင်ပြည်နယ်အတွင်း  မြို့ ၃  မြို့ရဲ့ အခြေံစားသောက်ကုန်စျေးနှုန်းတွေကို စုစည်းထားပါတယ်။  မြစ်ကြီးနားမြို့ အခြေခံကုန်ဈေးနှုန်း ကချင်ပြည်နယ်ရဲ့ မြို့တော်မြစ်ကြီးနားမှာ လက်ရှိကုန်ဈေးနှုန်းတွေဟာ နေ့တိုင်း ကျပ်ငါးရာ နဲ့ တစ်ထောင်ဝန်းကျင်တက်နေတယ်လို့ မြစ်ကြီးနားမြို့ခံတွေကပြောပါတယ်။ “တစ်ရက်ကို ၅၀၀လောက်ဈေးတက်နေတော့ ကျွန်မတို့လို ဈေးဝယ်ရောင်းတဲ့သူတွေအတွက်ကတော့  အရင်းရှုံးသွားတာပေါ့။ ဥပမာ ခါတိုင်း နှစ်သိန်းလောက်ဘဲ ရောင်းတာကနေ  နှစ်ဆလောက် လေးသိန်းလောက်လောက်ထိရောင်းနိုင်မှ အဆင်ပြေတယ်“လို့ ဈေးဆိုင်ဖွင့်ထားတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး ဗန်းမော်ထဲကို အခြေခံစားသောက်ကုန်ဝင်ရောက်နိုင်တဲ့ လမ်းကြောင်း ၃ ကြောင်းရှိပါတယ်။ ဗန်းမော်– မန္တလေးကုန်ကြောင်းလမ်း၊ ဗန်းမော်– လွယ်ဂျယ်လမ်း၊ ဗန်းမော်– မန္တလေး ရေကြောင်းလမ်းရှိပါတယ်။ သို့သော် လက်ရှိ ဗန်းမော်– မန္တလေးကုန်ကြောင်းလမ်းဟာ တိုက်ပွဲကြောင့် ပိတ်ထားသလို ဗန်းမော်– လွယ်ဂျယ်လမ်းကလည်း စစ်ရေးအခြေနေကြောင့် သွားလာရခက်ခဲနေပြီး ဗန်းမော်– မန္တလေးရေကြောင်းလမ်းဟာ အာဏာသိမ်းပြီးနောက် ကုန်သင်္ဘောဝင်ရောက်ခြင်းမရှိတော့ပေ။ ဩဂုတ်လ ၂၂ ရက်နေ့ ကချင်– စစ်ကိုင်းအစပ်မှာ တိုက်ပွဲမဖြစ်ခင် ဗန်းမော်မြို့ထဲ ကုန်ကားတွေအဝင်ရှိပေမယ့် လတ်တလော ပြင်းထန်နေတဲ့တိုက်ပွဲကြောင့် ကုန်ကားအဝင်မရှိတော့တဲ့အတွက် ကုန်စျေးနှန်းတွေမြင့်တက်နေတယ်လို့ ဗန်းမော်မြို့ ပြည်သူတွေက ပြောပါတယ်။ ဖားကန့်မြို့ ကုန်စျေးနှုန်း ဖားကန့်ဒေသမှာ ဩဂုတ်လ တတိယအပတ်ကပြီး  အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်‌ဒေသသို့ သယ်ယူ၊ပို့ဆောင် ရောင်းချပေးတဲ့ ကုန်စိမ်းကားများ ရက်သတ္တပါတ်အတွင်း ဝင်ရောက်မှုမရှိတဲ့အတွက် အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ မြင့်တက်လာခဲ့တယ်လို့ လုံးခင်းဈေးထဲမှာ ဈေးရောင်းချသူတစ်ဦး အခုလို ပြောပြပါတယ်။ “အခုက မိုးညှင်း၊ဟိုပင်က ကုန်ကားတွေတော့ ဝင်တယ်၊ အောက်ပိုင်း(မန္တလေး)က ကုန်ကားတွေ မဝင်တော့ အဲ့ဒီဒေသက ကုန်ပစ္စည်းတွေပြတ်လပ်ပြီး ဈေးတက်ကုန်တာပေါ့” ဟု ‌ဈေးရောင်းချသူတစ်ဦးက ပြောပါတယ်။ အလားတူပဲ ကွမ်းရွက်တစ်ပိသာဈေးမှာ ငွေကျပ် တစ်သိန်းနှုန်း‌ ပေါက်ဈေး‌ရှိနေပြီး၊ကွမ်းရွက်အဝင် မရှိလို့ ဈေးဆိုင်ပိတ်သိမ်းထားရတယ်လို့ ကွမ်းယာရောင်းချသူတစ်ဦးထံမှ သိရပါတယ်။ ခုလို အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ တက်နေပေမဲ့၊ဆန်နှင့်စားဆီကတော့ ဈေးနှုန်းမြင့်တက်လာမှု မရှိသေးကြောင်း လုံးခင်းဒေသမှာရှိတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “ဆန်၊ဆီနဲ့ သားငါးဈေးက အဲ့လောက်ထိ မတက်သေးဘူး၊အဓိကက အောက်ပိုင်း(မန္တလေး)က ကုန်ကားတွေ မဝင်လာတဲ့အတွက် ခရမ်းချဉ်သီး၊ဂေါ်ဖီထုပ်၊ကြက်ဥတို့က ဈေးတက်ကုန်တာ“လို့ လုံးခင်းဒေသခံ မရီရီ(အမည်လွှဲ)က ပြောပြပါတယ်။ ဒါ့အပြင် ဆက်သွယ်ရေးစနစ်တွေ ဖြတ်တောက်ခံထားရတဲ့အတွက် အင်တာနက်အသုံးပြုခမှာ တစ်နာရီ တစ်သောင်း၊နှစ်သောင်း၊ သုံးသောင်းပေးပြီး အသုံးပြုနေကြရပါတယ်။ ဖားကန့်ဒေသဟာ ကချင်ပြည်နယ်အတွင်းရှိ ကုန်းတွင်းပိတ်ဒေသအဖြစ်တည်ရှိနေပြီး သယံဇာတ တူးဖော်မှု လုပ်ငန်းများအား အဓိကထားလုပ်ကိုင်နေရာ စိုက်ပျိုး၊မွေးမြူရေးလုပ်ငန်းများ အားနည်းသည့်အလျှောက် ကုန်ပစ္စည်း၊စားသောက်ကုန်များအား အောက်ပြည်၊အောက်ရွာ(မန္တလေး)နဲ့ ဒေသတွင်းမြို့များမှ တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။…

    Read More »
  • 20 August
    သတင်း

    ကချင်ပြည်နယ် မြို့နယ်တစ်ချို့မှာ အော်ရီဒူးဖုန်းလိုင်းပြန်ရ

    ကချင်ပြည်နယ် မြို့နယ်တစ်ချို့မှာ ဒီနေ့ကစပြီး  အော်ရီဒူး ( Oredoo) ဖုန်းလိုင်းတွေ ပြန်ရနေပြီဖြစ်တယ်လို့ မြစ်ကြီးနားဒေသခံတွေကပြောပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့စ ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်လိုင်းပြတ်တောက်နေတဲ့ ကချင်ပြည်နယ်မှာ ဇူလိုင်လ ၂၉ ရက်နေ့စပြီး မြစ်ကြီးနားမြို့တွင်း MPT ဖုန်းလိုင်း အကန့်အသတ်နဲ့ရနေပြီး ဩဂုတ်လ ၂၀ ရက်နေ့ အော်ရီဒူးဖုန်းလိုင်းပြန်ရပြီဖြစ်တယ်လို့ မြစ်ကြီးနားဒေသခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “အော်ရီဒူးဖုန်းလိုင်းက ခုနေ့လည်လောက်ကတည်းက ရနေတယ် ဖုန်းလိုင်းလည်းတော်တော်ကောင်းတယ်။ အင်တာနက်လိုင်းတော့မရသေးဘူးဗျ”လို့ ပြောပါတယ်။ အလားတူ မိုးညှင်းမြို့နယ်နဲ့ မိုးကောင်းမြို့နယ်တွေမှာလည်း  ဩဂုတ်လ ၇ ရက်နေ့ကစ MPTဖုန်းလိုင်းရခဲ့ပြီး ဩဂုတ်လ ၂၀ ရက် ဒီနေ့ကစ အော်ရီဒူး ( Oredoo) ဖုန်းလိုင်းရနေပြီဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ ကချင်ပြည်နယ်အတွင်း မြို့နယ် ၁၈ မြို့နယ်အနက်  မြစ်ကြီးနားမြို့မှာ MPTနဲ့ Ooredoo ဖုန်းလိုင်းရနေပြီး၊ မိုးကောင်းမြိို့နယ်မှာ MPT လိုင်းအကန့်အသတ်နဲ့ Oredoo ဖုန်းလိုင်းနေရာတစ်ချို့ ၊ မိုးညှင်းမြို့နယ်မှာ Oredoo ဖုန်းလိုင်း၊ချီဖွေမြို့နယ်မှာ တယ်လိီနော ( Telenor) ၊  ဆင်ဘိုမြို့မှာ တယ်လီနော၊ MPT ၊ နောင်မွန်းမြို့နယ်မှာ MPT၊ MEC ဖုန်းလိုင်းတွေရနေပြီး ကျန်တဲ့မြို့နယ်တွေမှာတော့ ဖုန်းလိုင်းတွေ မရရှိသေးပါဘူး။ ဖုန်းလိုင်းမရသေးတဲ့ ဖားကန့်မြို့ထဲမှာ တစ်နာရီ ကျပ် ၃၀၀၀ ဝန်းကျင်အထိ ပေးပြီး အင်တာနက်လိုင်းသုံးနေရသလို တိုက်ပွဲဇုန်အနီးမှာရှိတဲ့ ဗန်းမော်မြို့နယ်မှာ စစ်တပ်လက်အောက် ဆက်သွယ်ရေးရုံးကနေ ပြည်သူတစ်ဦး ၃ မိနစ်နဲ့ဖုန်းပြောခွင့်ရနေတာလို့ သိရပါတယ်။ “ဖားကန့်မှာ မရသေးဘူး ကျနော့်ဖုန်းထဲမှာ အော်ရီဒူးကဒ်ထည့်ထားတယ် ဖုန်းလိုင်းမရသေးပါဘူး။ ဒီမှာက အင်တာနက်ကို ဆိုင်မှာသုံးနေရတုန်းပါ”လို့ ပြောပါတယ်။ အထက်ဖော်ပြပါ အချက်လက်တွေဟာ KNG ကစုစည်းထားတဲ့ အချက်လက်သာဖြစ်ပြီး မြို့နယ်တစ်ချို့ရဲ့ ဖုန်း၊အင်တာနက်လိုင်းအခြေနေအသေးစိတ်တော့ မသိရသေးပါဘူး။ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းတာနဲ့ ဇူလိုင်လ ၂၁ ရက်နေ့စလို့ ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်လိုင်းအားလုံးပြတ်တောက်သွားတာဖြစ်ပြီး တစ်လအကြာမှာ အော်ရီဒူးလိုင်းပြန်ရရှိလာတာလည်းဖြစ်ပါတယ်။ ခေတ်မီတိုးတက်လာတာနဲ့အမျှ လူတွေဟာ ပညာရေး၊ကျန်းမာရေ၊ စစ်ရေးသတင်းအချက်လက်သိရှိဖို့ ဆိုရှယ်မီဒီယာကို သုံးစွဲလာကြသလို သတင်းအချက်အလက် ရယူပိုင်ခွင့်ကလည်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။ သို့သော် စစ်တပ်ကအာဏာသိမ်းလိုက်တဲ့နောက်ပိုင်း မြန်မာနိုင်ငံအတွင်း ဖုန်းနဲ့အင်တာနက်သုံးစွဲမှုတွေကို ကန့်သတ်တာ၊ ဖြတ်တောက်တာပိုမိုလုပ်ဆောာင်လာနေတာဘဲဖြစ်ပါတယ်။ အမေရိကန်အခြေစိုက် Freedom House အဖွဲ့ရဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၄ ရက်နေ့က ထုတ်ပြန်တဲ့အစီအရင်ခံစာမှာ ကမ္ဘာ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ အင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်ချိုးဖောက်မှု အဆိုးဆုံးခံနေရတဲ့ တရုတ်ပြီးရင် ဒုတိယ အဆိုးဆုံးနိုင်ငံဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ By – zami

    Read More »
  • 19 August
    သတင်း

    ကချင်ပြည်နယ်အတွင်း မြို့တစ်ချို့မှာ ဖုန်းလိုင်းအကန့်သတ်နဲ့ပြန်ရ

    တစ်လဝန်းကျင် ဖုန်းနဲ့အင်တာနက်လိုင်းဖြတ်တောက်ခံထားရတဲ့ ကချင်ပြည်နယ်အတွင်း မြို့တစ်ချို့မှာ  ဖုန်းလိုင်းအကန့်အသတ်နဲ့ ပြန်ရနေပြီလို့ ဒေသခံတွေနဲ့ကချင်ပြည်နယ် ပြင်ပရောက်ပြည်သူတွေဆီက သိရပါတယ်။ ခရိုင် ၄ ခု၊ မြို့နယ် ၁၈ မြို့နယ်၊ မြို့ ၃၃ မြို့၊ လူဦးရေ တစ်သန်းကျော်ရှိတဲ့ ကချင်ပြည်နယ်မှာ ဇူလိုင်လ ၂၁ ရက်နေ့စ မြို့အားလုံးနီးပါး ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်လိုင်း ပြတ်တောက်သွားခဲ့ပေမယ့် ချီဖွေမြို့နဲ့ ဆင်ဘိုမြို့မှာ ဖုန်းလိုင်းတွေရရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။   ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ ဆင်ဘိုမြို့မှာ ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်သွားခြင်းမရှိဘဲ တယ်လီနော၊ MPT ဖုန်းရောအင်တာနက်လိုင်း နှစ်ခုလုံးရနေပြီး စက်သုံးဆီလိုအပ်ချက်ကြောင့်သာ တစ်ခါတစ်ရံ လိုင်းပြတ်တောက်တာတွေရှိတယ်လို့ ဆင်ဘိုဒေသခံတစ်ယောက်ကပြောပါတယ်။ “ဆင်ဘိုမှာကတော့ KIA သိမ်းထားတဲ့နေရာဆိုတော့ သူတို့ရဲ့ထိန်းချုပ်မှုအောက်မှာပဲပြည်သူတွေနေနေကြ ပါတယ်။ ဖုန်းလိုင်းက တယ်လီနောရတယ် MPT ရတယ် တစ်ခါတစ်လေ ဆီကုန်သွားရင်တော့ လိုင်းမရဘူး ပေါ့။ အင်တာနက်ရောရတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် ချီဖွေမြို့နယ်မှာလည်း တယ်လီနောဖုန်းလိုင်း၊အင်တာနက်ပါ အသုံးပြုလို့ရနေတယ်လို့သိရပြီး တစ်ခြားသော ဖုန်းအော်ပရေတာတွေကတော့ အားလုံးပြတ်တောက်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ ကချင်သတင်းဌာန KNG ပြုစုထားတဲ့စာရင်းတွေအရ ဇူလိုင်လ ၂၉ ရက်နေ့စပြီး မြို့တော် မြစ်ကြီးနားမြို့မှာဆိုရင် ဌာနဆိုင်ရာရုံးတွေရှိတဲ့ရပ်ကွက်တွေ၊ MPT ရုံးအနီး တစ်ဝှိုက် နဲ့ လယ်ကုန်းရပ်ကွက်၊ ပလနရပ်ကွက် ရဲ့နေရာတစ်ချို့တွေမှာဖုန်းလိုင်းရရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ သို့သော် ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့နယ်အတွင်းမှာတော့ စစ်တပ်လက်အောက် ဆက်သွယ်ရေးရုံးမှာသာ ပြည်သူ တစ်ဦးကို ၃ မိနစ်ဖုန်းပြောခွင့်ပြုနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာပြည်ရဲ့ကျောက်စိမ်းမြေ ဖားကန့်မြို့နယ်မှာတော့ ဖုန်းရောအင်တာနက်လိုင်းပါလုံးဝမရရှိပဲ တစ်မိနစ် ၂၀၀၀ ပေးပြီးဖုန်းဆက်လို့ရတဲ့ ဆိုင် ၂ ဆိုင်၊ တစ်နာရီကို ကျပ်  ၃ သောင်းပေးပြီး IP Star နှင့် Star link အင်တာနက်ကိုအသုံးပြုလို့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ “လိုင်းကတော့ကောင်းပါတယ်။ Starlink က VPN လည်းမလိုဘူး ဆိုင်တွေက မနက် ၇ နာရီလောက်က နေ ည ၉ နာရီအထိရတယ်။ IP Star ကတော့ ဖုန်း လေးငါးလုံးပဲ သုံးလို့ရတာ။ Facebook အတွက်ဆို VPN လိုတယ်”လို့ဖားကန့်ဒေသခံတစ်ဦးကပြောပါတယ်။ မိုးကောင်းမြို့နယ်အတွင်းမှာ ဩဂုတ်လ ၇ ရက်နေ့ကစပြီး ကျွန်းတောတံတား၊ ဆားမှော်တံတားအနီးတစ်ဝှိုက်တို့မှာ ဖုန်းလိုင်းရရှိနေပြီး မိုးညှင်းမြို့မှာ ဩဂုတ်လ ၁၃ ရက်နေ့ MPT ရုံးနီးပတ်ဝန်းကျင်ဖုန်းလိုင်းရနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲတွေကြောင့် လမ်းပိုင်းပိတ်ဆို့မှုခံခဲ့ရတဲ့ ပူတာအိုမြို့မှာလည်း MPT ဖုန်းလိုင်းတစ်ချို့ရရှိသလို မြစ်ကြီးနား–ပူတာအို လမ်းပိုင်းပေါ်က နောင်မွန်မြို့အနီးတစ်ဝှိုက်မှာလည်း MEC ဖုန်းလိုင်းတစ်ချို့ရရှိနေတယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ဖုန်းနဲ့အင်တာနက်လိုင်းတွေကို ပြီးခဲ့တဲ့ဇူလိုင်လ ၂၁ ရက်နေ့ကတည်းက ရုတ်တရက်ဖြတ်တောက်ခဲ့တာဖြစ်ပြီး အခုဆိုရင် လိုင်းတွေပြတ် တောက်နေတာ တစ်လနီးပါးရှိလာပြီဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်းတိုက်ပွဲတွေပြင်းထန်နေတဲ့ ဒေသတွေမှာ သတင်းစီးဆင်းမှုပိတ်ဆို့တဲ့အနေနဲ့ ဖုန်းအင်တာနက်လိုင်းတွေကိုဖြတ်တောက်လေ့ရှိပါတယ်။ ကချင်ပြည်နယ်အတွင်း ဖုန်းနဲ့အင်တာနက်လိုင်းပြတ်တောက်နေတာကတော့ စစ်ကိုင်းတိုင်းထဲက တိုက်ပွဲတွေကြောင့် ကေဘယ်လ်ကြိုးပြတ်တောက်တာတွေရှိတဲ့အတွက် လိုင်းမရတာလို့ ကချင်ပြည်နယ်ဝန်ကြီး ဦးခက်ထိန်နန်က ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့က KNG ကိုဖြေကြားခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံဟာ အိမ်နီးချင်း တရုတ်နိုင်ငံနည်းတူ ဒစ်ဂျစ်တယ်အခွင့် အရေး ချိုးဖောက်မှုမှာ ကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်လာတယ်လို့ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့ထုတ်တဲ့ Free Expression…

    Read More »
  • 16 August
    သတင်း

    ကချင်မှာ နှစ်ဝက်အတွင်း ခရစ်ယာန်ဘာသာရေးဆရာ ၁၄ ဦးဖမ်းဆီးခံရ

    ကချင်မှာ ၂၀၂၄ ခုနှစ် နှစ်ဝက်အတွင်း စစ်ကောင်စီတပ်က ခရစ်ယာန်ဘာသာရေးဆရာ ၁၄ ဦးဖမ်းဆီးခံရပြီး  ၁၃ ဦးပြန်လွတ်လာပြီဖြစ်သည်။ ဖမ်းဆီးခံရသည့် အမှုတော်ဆောင်များသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း လတ်တလောဖြစ်ပေါ်နေသော နိုင်ငံရေး၊ စစ်ရေး အရေးပေါ်အခြေအနေနှင့်ပတ်သက်ပြီး အရေးပေါ်အခြေနေကြုံလာရင် ပြည်သူများဘေးလွတ်ရာပြောင်းရွှေ့ရမည့်အချက်များ ဦးဆောင်စီစဉ်ရာတွင်ပါဝင်သောကြောင့် ဖမ်းခံရတာဖြစ်ပြီး အမှုတော်ဆောင်တစ်ချို့သည် စစ်တပ်က မသင်္ကာမှုနှင့် ဖမ်းဆီးတာတွေပါဝင်သည်။ KNG မှ စာရင်းပြုစုထားချက်အရ ဇူလိုင်လအထိ ခရစ်ယာန်ဘာသာရေးဆရာများအား ဖမ်းဆီးမှုစစ်ဆေးမှု စုစုပေါင်း ၇ ကြိမ်ခန့် ရှိနေပြီ ဖြစ်သည်။ အသေးစိတ်ဖော်ပြမည်ဆိုပါက ဇူလိုင်လ ၁၇ ရက်နေ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဝိုင်းမော်ဇုံနယ်ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာ မဒိန်ခေါဘောမ် ( Mading Hkaw Bawm ) ကို ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပြည်သူ့စစ်အဖွဲ့ဝင်များ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။ လူမှုကွန်ယက်စာမျက်နှာတွင် ပျံနှံလာသည့် ဝူယန်ပြည်သူ့စစ် စခန်းပတ်လည်ကို ဘက်ဟိုးဖြင့် ကတုတ်ကျင်းတူးနေသည့် ရုပ်သံဖိုင်တွင် ဆရာတော်အသံပါဝင်နေသည့်အတွက် ဖမ်းဆီးခေါ်ဆောင်ခဲ့သည်ဟု သိရသည်။ ယခုအခါ ဆရာတော်အား မည်သည့်နေရာတွင် ဖမ်းဆီးထားကြောင်း မသိရသည့်အပြင် မိသားစုဝင်များလည်း အဆက်အသွယ် မရရှိသေးကြောင်း KNG က စုံစမ်းသိရှိရသည်။ ထို့အပြင် ဇူလိုင်လ ၂၆ ရက်နေ့ည စစ်ကောင်စီတပ်က စီတာပူ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC မှ သိက္ခာတော်ရ Rev.Jumzang Gyung Hkawng ၊ ဆရာ Mading Zung Kyang နှင့် သီတာနှစ်ခြင်းအသင်းတော်မှ လူငယ်ခေါင်းဆောင် Da Bang Sut Awng တို့အား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကာ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် ဇူလိုင်လ ၂၇ ရက်နေ့ သိက္ခာတော်ရ ဆရာတော် Rev Jumzang…

    Read More »
  • 6 August
    သတင်း

    ကချင်မှာ ဖုန်းအင်တာနက်လိုင်းဖြတ်ထားတဲ့အတွက်  ပြည်ပမှာကျောင်းတက်နေသူတွေငွေကြေးခက်ခဲမှုကြုံနေရ

    ကချင်ပြည်နယ်တစ်ခုလုံး ဖုန်းနဲ့အင်တာနက်လိုင်းတွေပြတ်တောက်နေတဲ့အတွက် အိမ်ကထောက်ပံ့ငွေနဲ့ ပြည်ပမှာကျောင်းတက်နေတဲ့ ကချင်ပြည်နယ်က ကျောင်းသား၊သူတွေ ငွေကြေးခက်ခဲနေကြတယ်လို့ သိရပါတယ်။ ဇူလိုင်လ၂၁ရက်နေ့စပြီး ကချင်ပြည်နယ်တစ်ပြည်နယ် ဖုန်းနဲ့အင်တာနက်၊ဝိုင်ဖိုင်လိုင်းတွေ စတင်ပြတ်တောက်နေတာ ခုဆိုရင်နှစ်ပတ်ကျော်လာပြီး တစ်ဖက်မှာ အိမ်ကထောက်ပံ့ငွေနဲ့နိုင်ငံခြားမှာကျောင်းတက်နေတဲ့ ကချင်ပြည်နယ်က ကျောင်းသား၊သူတွေဟာ အိမ်နဲ့အဆက်အသွယ်ပြတ်ပြီး ငွေကြေးဆိုင်ရာအခက်အခဲတွေကြုံတွေ့နေရတယ်လို့ မြစ်ကြီးနားကနေ ချင်းမိုင်မှာကျောင်းတက်နေတဲ့ ကျောင်းသားတစ်ဦးက ခုလိုပြောပါတယ်။  “လိုင်းပြတ်တာက အချိန်အကြာကြီးဖြစ်နေအုံးမယ်ဆိုရင်တော့ ကျောင်းစရိတ်ထည့်ရမဲ့အချိန်မှာ မထည့်နိုင်ရင်တော့ ကျောင်းတွေထွက်လိုက်မယ့်အခြေအနေတွေရှိတာပေါ့”လို့ ပြောပါတယ်။ ဖုန်းလိုင်း၊ အင်တာနက်လိုင်းပြတ်တောက်သွားတဲ့နောက် ကချင်ပြည်နယ်မှာ Mobile Banking နဲ့ Kpay ဝန်ဆောင်မှုတွေအားလုံးရပ်တန့်သွားတာကြောင့်  အိမ်နဲ့အဆက်သွယ်ပြတ်တောက်သွားတဲ့ကျောင်းသား၊သူများများစွာရှိနေပြီး ကျောင်းစရိတ်၊စားနပ်ရိက္ခာအတွက် ငွေကြေးအခက်ကြုံနေကြတာလည်းဖြစ်ပါတယ်။ အလားတူ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ စီးပွားရေးမေဂျာမှာတက်နေတဲ့ကျောင်းသားတစ်ဦးကလည်း အင်တာနက်လိုင်းပြတ်တောက်မှုကြောင့် အိမ်ငှားခနဲ့အစားအသောက်စရိတ်တွေပေးဖို့ အခက်တွေ့နေတယ်ဆိုပြီး ခုလိုပြောပါတယ်။ “ကျွန်တော်က ငွေလွဲတဲ့ချိန် Kpayနဲ့ဘဲလွဲတာဆိုတော့ အင်တာနက်လိုင်းမရတဲ့အချိန်ဒုက္ခရောက်နေတာပေါ့ ခုလည်းဒီလကုန်ရင်ဘယ်လိုလုပ်ရမှန်းမသိတော့ဘူး ကျောင်းစရိတ်က ပထမနှစ်ဝက်အတွက်သွင်းထားပြီဖြစ်ပေမယ့် အိမ်လခနဲ့စားစရိတ်က ဒီတစ်လအတွက်ဘဲရှိတော့တယ်”လို့ ဆိုပါတယ်။ နိုင်ငံခြားမှာ အိမ်ကထောက်ပံ့မှုနဲ့ကျောင်းတက်နေရတဲ့ ကချင်ပြည်နယ်သား၊သူတွေဟာ ငွေကြေးပြဿနာတွေ ကြုံတွေ့နေရကြောင့် ကျောင်းဆက်တက်နိုင်ဖို့ အချိန်ပိုင်းအလုပ်တွေလုပ်နေတဲ့သူတွေရှိသလို ပညာသင်ဆုတွေရအောင် ကြိုးစားပြင်ဆင်နေသူတွေလည်းရှိနေပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်တစ်ခုလုံး စစ်ရေးပြင်းထန်လာတဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် အိမ်ကငွေကြေးထောက်ပံ့မှုတွေလည်း ရပ်တန့်သွားမှာကို စိုးရိမ်နေကြတဲ့သူတွေကတော့ ကျောင်းထွက်ပြီး အလုပ်လုပ်ဖို့ကိုပြင်ဆင်နေတဲ့သူတွေလည် ရှိနေပါတယ်။  ဇူလိုင်လ ၂၉ ရက်နေ့ကစပြီး မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့တချို့နေရာတွေမှာ MPTဖုန်းလိုင်းတွေရနေပေမယ့် အကန့်အသတ်တွေရှိနေတဲ့အတွက် ဖုန်းဆက်ရဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ ဖုန်းအင်တာနက်လိုင်းပြတ်တောက်မှုနဲ့ပက်သက်ပြီး KNG သတင်းဌာနကနေပြီးတော့ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကို ဇူလိုင်လ ၃၁ရက်နေ့မှာ မေးမြန်းကြည့်ရာ စစ်ကိုင်းတိုင်းဘက်မှာ Cable ကေပယ်ကြိုးတွေပျက်နေပြီး မပြုပြင်ရသေးတဲ့အတွက် ပြတ်တောက်ရတာဖြစ်တယ်လို့ဆိုပါတယ်။  စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်ဟာ မကြာခနဖုန်းလိုင်းဖြတ်တောက်ခံထားရပြီး ဒီတစ်ကြိမ်ဖုန်းလိုင်းပြတ်တောက်မှုဟာ စစ်ရေးအခြေနေပေါ်မှုတည်နိုင်တယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ချို့က သုံးသပ်ပြောဆိုနေကြပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်ချိုးဖောက်ခံရမှု ဒုတိယ  အဆိုးဆုံး နိုင်ငံဖြစ်နေတယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့က ၂၀၂၃ အောက်တိုဘာလက ထုတ်ပြန်တဲ့ Freedom on the Net ရဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။ အလားတူ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ အရ လူတိုင်း လွတ်လပ်စွာ ယူဆနိုင်ခွင့်နှင့်လွတ်လပ်စွာ ဖွင့်ဟပြောဆိုပိုင်ခွင့်ရှိသည်။အဆိုပါအခွင့်အရေးများ၌ အနှောက်အယှက်မရှိဘဲ လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့် ပါဝင်သည့်အပြင် နယ်နမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနဲ့သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာပါဝင်ဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နဲ့ဝေငှဖြန့်ချီနိုင်ခွင့်တို့ပါဝင်ပါတယ်။ By –…

    Read More »
  • Jul- 2024 -
    31 July
    သတင်း

    မြစ်ကြီးနားမှာ ဖုန်း၊ အင်တာနက်လိုင်းပြတ်တောက်နေချိန် စစ်တပ်က စစ်ရေးပြင်ဆင်နေ

    ကချင်တစ်ပြည်နယ်လုံ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေချိန် စစ်ကောင်စီတပ်ဟာ မြစ်ကြီးနားမြို့တွင်း မြို့ပြင် စစ်ရေးပြင်ဆင်တာတွေလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လက်ရှိ မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်း ပလနကျေးရွာနဲ့ နောင်နန်းကျေးရွာတစ်ဝိုက် စစ်ကောင်စီဘက်က တပ်ချနေရာယူပြီး လက်နက်ကြီးတပ်ဆင်ထားတဲ့အပြင် နောင်နန်းကျေးရွာ ၁၀ မိုင် အထက်တန်းကျောင်းနဲ့ ဂျော်ဘွမ်ဆုတောင်း တောင်မှာလည်း တပ်စွဲထားတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦး  KNG ကို အခုလိုပြောပါတယ်။ “သူတို့အရင်ဆုံး KTCS ဓမ္မကောလိပ်ကျောင်းထဲကို ဝင်တယ်။ ကျောင်းကတာဝန်ရှိသူတွေက ကျောင်းထဲမှာ လူအရမ်းများပြီး နေရာမရှိကြောင်းပြောလို့ အဲကနေထွက်လာပြီး ၁၀ မိုင်စာသင်ကျောင်း မှာတစ်ဖွဲ့ နေနေတယ်။ ကျောင်းက ဆောက်လုပ်နေဆဲ အဆောင်သစ်ထဲမှာ နေနေတယ်။ ဂျော်ဘွမ်မှာလည်း အင်အား ၂၀ ၊၃၀ လောက်ရှိတယ်။ အားလုံး ၆၀၊ ၇၀ လောက်ရှိမယ်။ ဂျော်ဘွမ်မှာတပ်ချနေတဲ့ အဖွဲ့က သွားလာတဲ့ဆိုင်ကယ်တွေကို ရပ်ခိုင်းပြီး မေးတာမြန်းတာရှိတယ်။ KIA တွေလာမစရင်တော့ဘာမှမဖြစ် လောက်ဘူး။  ဘာစရင်တော့ KTCS ကျမ်းစာကျောင်းကို စစ်တပ်က နှောက်ယှက်လိမ့်မယ်။” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဇူလိုင် ၂၉ ရက်နေ့မနက်ကစပြီး အင်အား ၆၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မကောလိပ်ကျောင်း KTCS ဝင်းထဲ ဝင်ရောက်လာပြီး တပ်ချနေရာယူဖို့ ပြင်ဆင်လာတာလို့ ဆိုပါတယ်။ ဒါပေမဲ့ KTCS ဓမ္မကောလိပ်ကျောင်းဝင်းထဲ ကျောင်းသား၊သူများတာကြောင့် နေရာမရှိတဲ့အတွက် လက်ရှိ ဂျော်ဘွမ်ဆုတောင်းတောင်မှာတစ်ဖွဲ့ ၊ နောင်နန်း ၁၀ မိုင်အထက်တန်းကျောင်းထဲမှာတစ်ဖွဲ့ စသဖြင့် နှစ်ဖွဲ့ခွဲပြီး တပ်ချနေရာယူထားတယ်လို့ သိရပါတယ်။ လက်ရှိ ၁၀ မိုင်အထက်တန်း စာသင်ကျောင်းမှာ ကလေးတွေကျောင်းတက်နေပေမဲ့ စစ်တပ်က တပ်ချနေရာယူထားပြီး ဂျော်မဆတ်နှစ်ခြင်းဘုရားကျောင်းနဲ့  KTCS ဓမ္မကောလိပ်ကျမ်းစာကျောင်းနဲ့ အနီးဆုံးမှာလည်း နေရာယူထားတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်း ပလန မရောက်ခင် ရွှေစက်ရပ် ကွက် လမ်းမဘေး ဘုန်းကြီးကျောင်းထဲမှာလည်း လက်နက်တပ်ဆင်ထားပြီး ပလနမီးသတ်ရုံးနဲ့ ရဲစခန်းနေရာတစ် လျှောက် နေရာယူအင်အားဖြည့်ထားတယ်လို့ ဆက်သိရပါတယ်။ လတ်တလော မြစ်ကြီးနားမြို့ထဲမှာ စစ်ကောင်စီတပ်ဟာ ညတိုင်း ကင်းလှည့်လှုပ်ရှားတာတွေ၊ မြို့ပြင်ဘက်တွေမှာ နေရာယူ တပ်ချထားပြီး လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။   ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာ ဖုန်းလိုင်း၊အင်တာနက်အားလုံး ပြတ်တောက်နေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီလက်အောက် ကချင်ပြည်နယ်ဝန်ကြီးချူပ် ဦးခက်ထိန်နန်က ကချင်သတင်းဌာန KNG ကိုအခုလိုပြောပါတယ်။…

    Read More »
  • 25 July
    သတင်း

    ကချင်မှာ ဖုန်းအင်တာနက် ပြတ်တောက်နေပေမဲ့ အစိုးရရုံးနဲ့ MPT ရုံးတွေမှာ လိုင်းရရှိနေတယ်လို့ ဒေသခံတွေပြော

    ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ဖုန်း၊အင်တာနက်လိုင်းတွေပြတ်တောက်နေတာ ၅ ရက်မြောက်ရှိလာပြီး မြစ်ကြီးနားမြို့ အစိုးရရုံးနဲ့ MPT ရုံးအနီးတစ်ဝှိုက်မှာ ဖုန်းလိုင်းရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ကတည်းက ကချင်ပြည်နယ်တစ်ဝှမ်း ဖုန်း နဲ့အင်တာနက်လိုင်းတွေ ရုတ်တရက် ပြတ်တောက်သွားတာဖြစ်ပြီး ဒီကနေ့ပဲ…

    Read More »
Back to top button