သတင်း

ကချင်ပြည်နယ်အတွင်း မြို့တစ်ချို့မှာ ဖုန်းလိုင်းအကန့်သတ်နဲ့ပြန်ရ

တစ်လဝန်းကျင် ဖုန်းနဲ့အင်တာနက်လိုင်းဖြတ်တောက်ခံထားရတဲ့ ကချင်ပြည်နယ်အတွင်း မြို့တစ်ချို့မှာ  ဖုန်းလိုင်းအကန့်အသတ်နဲ့ ပြန်ရနေပြီလို့ ဒေသခံတွေနဲ့ကချင်ပြည်နယ် ပြင်ပရောက်ပြည်သူတွေဆီက သိရပါတယ်။

ခရိုင်  ခု၊ မြို့နယ် ၁၈ မြို့နယ်၊ မြို့ ၃၃ မြို့၊ လူဦးရေ တစ်သန်းကျော်ရှိတဲ့ ကချင်ပြည်နယ်မှာ ဇူလိုင်လ ၂၁ ရက်နေ့စ မြို့အားလုံးနီးပါး ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်လိုင်း ပြတ်တောက်သွားခဲ့ပေမယ့် ချီဖွေမြို့နဲ့ ဆင်ဘိုမြို့မှာ ဖုန်းလိုင်းတွေရရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။  

ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ ဆင်ဘိုမြို့မှာ ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်သွားခြင်းမရှိဘဲ တယ်လီနော၊ MPT ဖုန်းရောအင်တာနက်လိုင်း နှစ်ခုလုံးရနေပြီး စက်သုံးဆီလိုအပ်ချက်ကြောင့်သာ တစ်ခါတစ်ရံ လိုင်းပြတ်တောက်တာတွေရှိတယ်လို့ ဆင်ဘိုဒေသခံတစ်ယောက်ကပြောပါတယ်။

ဆင်ဘိုမှာကတော့ KIA သိမ်းထားတဲ့နေရာဆိုတော့ သူတို့ရဲ့ထိန်းချုပ်မှုအောက်မှာပဲပြည်သူတွေနေနေကြ ပါတယ်။ ဖုန်းလိုင်းက တယ်လီနောရတယ် MPT ရတယ် တစ်ခါတစ်လေ ဆီကုန်သွားရင်တော့ လိုင်းမရဘူး ပေါ့။ အင်တာနက်ရောရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ချီဖွေမြို့နယ်မှာလည်း တယ်လီနောဖုန်းလိုင်း၊အင်တာနက်ပါ အသုံးပြုလို့ရနေတယ်လို့သိရပြီး တစ်ခြားသော ဖုန်းအော်ပရေတာတွေကတော့ အားလုံးပြတ်တောက်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ကချင်သတင်းဌာန KNG ပြုစုထားတဲ့စာရင်းတွေအရ ဇူလိုင်လ ၂၉ ရက်နေ့စပြီး မြို့တော် မြစ်ကြီးနားမြို့မှာဆိုရင် ဌာနဆိုင်ရာရုံးတွေရှိတဲ့ရပ်ကွက်တွေ၊ MPT ရုံးအနီး တစ်ဝှိုက် နဲ့ လယ်ကုန်းရပ်ကွက်၊ ပလနရပ်ကွက် ရဲ့နေရာတစ်ချို့တွေမှာဖုန်းလိုင်းရရှိတယ်လို့ဒေသခံတွေကပြောပါတယ်။

သို့သော် ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့နယ်အတွင်းမှာတော့ စစ်တပ်လက်အောက် ဆက်သွယ်ရေးရုံးမှာသာ ပြည်သူ တစ်ဦးကို  မိနစ်ဖုန်းပြောခွင့်ပြုနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာပြည်ရဲ့ကျောက်စိမ်းမြေ ဖားကန့်မြို့နယ်မှာတော့ ဖုန်းရောအင်တာနက်လိုင်းပါလုံးဝမရရှိပဲ တစ်မိနစ် ၂၀၀၀ ပေးပြီးဖုန်းဆက်လို့ရတဲ့ ဆိုင်  ဆိုင်၊ တစ်နာရီကို ကျပ်   သောင်းပေးပြီး IP Star နှင့် Star link အင်တာနက်ကိုအသုံးပြုလို့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

လိုင်းကတော့ကောင်းပါတယ်။ Starlink က VPN လည်းမလိုဘူး ဆိုင်တွေက မနက်  နာရီလောက်က နေ   နာရီအထိရတယ်။ IP Star ကတော့ ဖုန်း လေးငါးလုံးပဲ သုံးလို့ရတာ။ Facebook အတွက်ဆို VPN လိုတယ်လို့ဖားကန့်ဒေသခံတစ်ဦးကပြောပါတယ်။

မိုးကောင်းမြို့နယ်အတွင်းမှာ ဩဂုတ်လ  ရက်နေ့ကစပြီး ကျွန်းတောတံတား၊ ဆားမှော်တံတားအနီးတစ်ဝှိုက်တို့မှာ ဖုန်းလိုင်းရရှိနေပြီး မိုးညှင်းမြို့မှာ ဩဂုတ်လ ၁၃ ရက်နေ့ MPT ရုံးနီးပတ်ဝန်းကျင်ဖုန်းလိုင်းရနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲတွေကြောင့် လမ်းပိုင်းပိတ်ဆို့မှုခံခဲ့ရတဲ့ ပူတာအိုမြို့မှာလည်း MPT ဖုန်းလိုင်းတစ်ချို့ရရှိသလို မြစ်ကြီးနားပူတာအို လမ်းပိုင်းပေါ်က နောင်မွန်မြို့အနီးတစ်ဝှိုက်မှာလည်း MEC ဖုန်းလိုင်းတစ်ချို့ရရှိနေတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ဖုန်းနဲ့အင်တာနက်လိုင်းတွေကို ပြီးခဲ့တဲ့ဇူလိုင်လ ၂၁ ရက်နေ့ကတည်းက ရုတ်တရက်ဖြတ်တောက်ခဲ့တာဖြစ်ပြီး အခုဆိုရင် လိုင်းတွေပြတ် တောက်နေတာ တစ်လနီးပါးရှိလာပြီဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်းတိုက်ပွဲတွေပြင်းထန်နေတဲ့ ဒေသတွေမှာ သတင်းစီးဆင်းမှုပိတ်ဆို့တဲ့အနေနဲ့ ဖုန်းအင်တာနက်လိုင်းတွေကိုဖြတ်တောက်လေ့ရှိပါတယ်။

ကချင်ပြည်နယ်အတွင်း ဖုန်းနဲ့အင်တာနက်လိုင်းပြတ်တောက်နေတာကတော့ စစ်ကိုင်းတိုင်းထဲက တိုက်ပွဲတွေကြောင့် ကေဘယ်လ်ကြိုးပြတ်တောက်တာတွေရှိတဲ့အတွက် လိုင်းမရတာလို့ ကချင်ပြည်နယ်ဝန်ကြီး ဦးခက်ထိန်နန်က ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့က KNG ကိုဖြေကြားခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံဟာ အိမ်နီးချင်း တရုတ်နိုင်ငံနည်းတူ ဒစ်ဂျစ်တယ်အခွင့် အရေး ချိုးဖောက်မှုမှာ ကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်လာတယ်လို့ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့ထုတ်တဲ့ Free Expression Myanmar (FEM) အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်း အင်တာနက်သုံးစွဲမှုအခြေနေတွေကို လေ့လာစောင့်ကြည့်တဲ့အရပ်ဘက်အဖွဲ့တစ်ခု ရဲ့ ကောက်ယူထားတဲ့စာရင်းတွေအရ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကစ ၂၀၂၄ ခုနှစ် ဇူလိုင်၂၂ ရက်နေ့ အထိ အင်တာနက်ဖြတ်တောက်ခံရတဲ့နေရာတွေထဲ ကချင်ပြည်နယ်က ဒုတိယအများဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button