ပူတာအိုတွင် အရေပြားရောဂါတစ်မျိုးကြောင့် နွား ကူးစက်သေဆုံးမှု များလာ

ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာရှိ ကျွဲ နွားတိရိစ္ဆာန်များတွင် အရေပြားပေါ် အဖုအကြိတ်ရောဂါတစ်မျိုး ဖြစ်ပွား နေသဖြင့် ယခုလအတွင်း နွားအကောင်ရေ ၂၀၀ ကျော်ခန့် ရောဂါကူးစက်ခံထားရပြီး သေဆုံးမှု ၁၀ ကောင်ကျော်အထိ ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။ ကူးစက်ရောဂါသည် ပူတာအိုဒေသတွင် ဇွန်လအတွင်း စတင်ကူးစက်ပျံနှံ့လာခြင်းဖြစ်သည်ဟု လုန်ရှာယန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုထားသည်။ “နွားရဲ့ကိုယ်ပေါ်မှာ အဖုဖုလေးတွေ အရင်ဖြစ်လာတယ်။ အဲ့အဖုလေးတွေက ကြာလာရင် အကြီးကြီး ဖြစ်လာတယ်။