ကြွက်ဘေး
-
Sep- 2025 -10 Septemberသတင်း
ဒေသမျိုးစေ့ထိန်းသိမ်းဖို့ ခက်ခဲလာတဲ့အထိ ကြွက်ဘေးဆိုးရွားနေ
ကချင်ပြည်နယ် ဆွမ့်ပရာဘွမ့် ၊ အင်ဂျန့်ယန်ဒေသတွေမှာ ကြွက်ဘေးဒဏ်ကို ဆိုးဆိုးရွာရွာ ကြုံတွေ့နေရတဲ့အတွက် ဒေသခံတောင်သူတွေ စိုက်ပျိုးထားတဲ့ စပါးနဲ့ ကောက်ပဲသီးနှံများ ပြန်ရိတ်သိမ်းယူဖို့မရနိုင်တဲ့အထိ ဖျက်ဆီးခံနေရတယ်လို့ သိရပါတယ်။ စိုက်ပျိုးပြီးစီးထားပြီဖြစ်တဲ့ တောင်းယာစပါးခင်း၊ ဟင်းသီးဟင်းရွက်အခင်းတွေမှာ အစုလိုက် အပြုံလိုက် ကြွက်သောင်းကျန်းနေတာကြောင့်…
Read More » -
2 Septemberသတင်း
ဆွမ်ပရာဘွမ်၊အင်ဂျန့်ယန်မြို့နယ်တစ်လျှောက် ကြွက်သောင်းကျန်းလို့ ကောက်ပဲသီးနှံအားလုံးဖျက်စီးခံရ
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်နဲ့ အင်ဂျန်ယန်မြို့နယ်တစ်လျှောက် ကြွက်ဘေးသင့်ပြီး စပါးအပြင် တစ်ခြားသောကောက်ပဲသီးနှံတွေ အကုန်ပျက်စီးသွားပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဆွမ်ပရာဘွမ်နဲ့ အင်ဂျန်ယန် မြို့နယ်မှာရှိတဲ့ ကျေးရွာတွေမှာ ယခင်နှစ်ကလည်း ကြွက်ဘေးသင့်ခဲ့ပေမယ့် စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတစ်ချို့ပြန်လည်သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့…
Read More » -
Nov- 2024 -14 Novemberသတင်း
အင်ဘာပါဒေသ တောင်ယာစပါးခင်းများ ကြွက်ဘေးကြောင့် ရိတ်သိမ်းဖို့စပါးမရှိတော့ဘူးလို့ တောင်သူတွေပြော
ဗန်းမော်ခရိုင် မံစီမြို့နယ် အင်ဘာပါဒေသထဲက ရွာပေါင်း ၁၀ ဝန်းကျင်က ဒေသခံတောင်သူတွေစိုက်ပျိုးထားတဲ့ တောင်ယာစပါးခင်းများ ကြွက်ဘေးဆိုက်သွားတဲ့အတွက် ရိတ်သိမ်းဖို့စပါးမရှိတော့တဲ့အတွက် တောင်သူတွေအခက်တွေ့နေကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလကတည်းကစတင်စိုက်ပျိုးထားတဲ့ ဒေသခံတောင်သူတွေရဲ့တောင်ယာစိုက်ခင်းတွေ ဇူလိုင်လစ ကြွက်ဘေးဆိုက်လာတာကြောင့် အောက်တိုဘာ၊ နိုဝင်ဘာလ စပါးရိတ်သိမ်းမှာ ရိတ်ဖို့စပါးမရှိတော့ဘူးလို့ မိုင်ကုန့်ဒေသခံတစ်ဦး KNG ကိုခုလိုပြောပါတယ်။ “စပါးတွေက ပြီးခဲ့တဲ့ ဩဂုတ်လမှာ တစ်ဖန်ပြန်ပြီး နလန်ထူ…
Read More » -
Jul- 2024 -17 Julyသတင်း
ဘွမ်အောင်နန်ကျေးရွာဒေသခံတွေရဲ့ တောင်ယာစပါးခင်းအားလုံး ကြွက်ဝင်ရောက်ဖျက်ဆီး
ဗန်းမော်ခရိုင် မံစီမြို့နယ် ဘွမ်အောင်နန်ကျေးရွာဒေသခံတွေရဲ့ တောင်ယာစပါးနဲ့ကောက်ပဲသီးနှံစိုက်ခင်းအားလုံး ကြွက်ဘေးဒဏ်ကျရောက်လို့ ပျက်စီးသွားပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဘွမ်အောင်ရွာမှာ အိမ်ထောင်စု ၃၈ စုရှိပြီး အသက်မွေးဝမ်းကျောင်းအဖြစ် တောင်ယာစပါးနဲ့ကောက်ပဲသီးနှံကို အဓိကစိုက်ပျိုးကြတာဖြစ်ပါတယ်။ သို့သော် ဒီနှစ်ရဲ့တောင်ယာစပါးခင်းနဲ့ ကောက်ပဲသီးနှံစိုက်ခင်းတွေမှာ ကြွက်ဘေးဒဏ်ဆိုးဆိုးဝါးဝါးကျရောက်နေတဲ့အတွက် ဒေသခံပြည်သူတွေ လာမယ့်နှစ်အငတ်ဘေးဆိုက်မယ့်အခြေနေမှာ ရှိနေတယ်လို့ ဘွမ်အောင်နန်ရွာဒေသခံအမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “တစ်နှစ်စာ စားဖို့အတွက် ဒီလိုဘဲစိုက်ပျိူးကျတော့ ဒီနှစ်ပုံစံနဲ့ဆို နောက်နှစ်စားမယ့် ဆန်မရှိတော့ဘူး၊ ဟိုးအရင်တွေတုန်းက ဒီလိုဖြစ်တဲ့ နှစ်တွေဆို ပိန်းဥတွေ တူးစားပြီး အာဟာရပြတ်လတ်အသက်ဆုံးရှုံးဒါတွေ ကိုယ်တိုင်မြင်ခဲ့ဖူးတယ်၊ ဒီနှစ်တောင်ယာတော့ အကုန်လုံးရဲ့ဟာပါသွားတော့ စိတ်ညစ်တယ်” လို့ ပြောပါတယ်။ ဘွမ်အောင်နန်ပြည်သူတွေဟာ တစ်နှစ်စာအတွက် မိုးစပါးတောင်ယာစိုက်ခင်းတွေကို လုပ်ကိုင်ကြပေမယ့် ပြီးခဲ့တဲ့နှစ်တွေမှာလည်း ကချင်အခေါ်ဝေါ် (Yu Lii Hku )( ကြွက်ဘေးဒဏ်ကျရောက်ခဲ့တာကြောင့် သစ်ဥ၊သစ်ဖုတွေ၊ ပိန်းဥတွေသာ တူးစားကြရပြီး အာဟာရပြတ်လို့ အသက်ဆုံးရှုံးတဲ့အထိကြုံတွေ့ခဲဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီနှစ်မှာလည်း စပါးခင်းတွေအားလုံးဖျက်ဆီးခံလိုက်ရတဲ့အပြင် ကုန်စျေးနှုန်းအခြေနေနဲ့လမ်းပန်းဆက်သွယ်ရေးအခက်ခဲကြောင့် ပြည်သူတွေဟာအဖက်ဖက်ကနေ ဒုက္ခရောက်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ ဗန်းမော်၊ မံစီမြို့နယ်ကနေ မိုင် ၃၀ အကွာမှာရှိတဲ့ ဘွမ်အောင်နန်ရွာဟာ ပြီးခဲ့တဲ့နှစ် စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေရဲ့တိုက်ပွဲကြောင့် လချီတောတောင်တွေမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာကနေ ဒီနှစ်ဖေဖော်ဝါရီလထဲမှာနေရပ်ပြန်ပြီး ပြနလည်ထူထောင်ရေးစတင်နေတဲ့ရွာဖြစ်ပြီး ပြန်လည်ထူထောင်ရေးစတင်နေတဲ့ရွာဖြစ်တယ်လို့ သိရပါတယ်။ အလားတူ တစ်ဖက်မှာလည်း ဘွမ်အောင်နန်ရွာမှာ တစ်ခြားဒေသက အိမ်ထောင်စု ၄၀ ကျော်ခန့်လည်း လာရောက်စစ်ရှောင်နေတာတွေရှိတယ်လို့ သိရပါတယ်။ လက်ရှိ ပြန်လည်ထူထောင်ရေးကာလဖြစ်တဲ့အပြင် တစ်ခြားစစ်ရှောင်တွေလည်းရှိတဲ့အတွက် အစားအသောက်နဲ့ ငွေရေးကြေးရေးအခက်ခဲရှိနေတဲ့အပြင် စာမသင်ကြားနိုင်တဲ့ ကလေးသူငယ်တွေလည်းများစွာရှိတယ်လို့ ဒေသခံအမျိုးသမီးတစ်ဥိီးက ခုလိုပြောပါတယ်။ “စစ်ရှောင်တွေလည်းရှိတော့ ကျွန်တော်တို့ ရွာသားတွေ ပိုတောင်စိတ်ပူမိတယ်၊ တစ်ချိူ့ပညာသင်ကြားရမယ့် ကလေးတွေတောင် ကျောင်းတက်ဖို့ အခက်အခဲတွေကြောင့် ကျောင်းမတက်နိုင်တဲ့ အခြေအနေတွေလည်း ရှိနေဆဲဖြစ်တယ်” ဟုလည်းပြောပြထားတယ်။ ကချင်ပြည်နယ်ဟာ မြို့ဧရိယာထက် ကျေးလက်၊တောတောင်ဧရိယာအများဆုံးဖြစ်ပြီဒ ၁၉၇၂ မှ ၁၉၈၃ အထိ ကချင်တောင်ပေါ်ဒေသတွေဖြစ်တဲ့ ဆွမ်ပရာဘွမ်၊ အင်ဂျန့်ယန်၊ မချမ်းဘော့ နှင့် နောင်မွန်မြို့နယ်တွေမှာ ကြွက်ဘေးဒဏ်ကြောင့် ဒေသခံများစိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံနဲ့ အစားအသောက်များ ဖျက်ဆီးခံလိုက်ရတဲ့ဖြစ်စဉ်ရှိပြီး အဲဒီကာလတွေမှာလည်း အငတ်ဘေးကြောင့် ပြည်သူသေဆုံးမှုများရှိခဲ့တဲ့အတွက် ကျေးရွာအများအပြား ပျောက်ကွယ်သွားခဲ့တဲ့ဖြစ်စဉ်တွေလည်းများစွာရှိခဲ့ပါတယ်။ အလားတူ မိုးမောက်၊မံစီမြို့နယ်တွေမှာလည်း တောင်ယာစပါးခင်းတွေ ခုနောက်ပိုင်းကြွက်ဘေးဒဏ်ပိုပြီး ဆိုးရွားလာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ By – CJ
Read More »



