ဖားကန့် စည်ပင် ဥက္ကဌ တင်မြောက်ရာတွင် တရားမျှတမှုမရှိကြောင်း ဝန်ကြီးချုပ်ထံ ကန့်ကွက်စာတင်

ဖားကန့်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌအသစ်တင်မြောက်ရာတွင် တရားမျှတမှုမရှိသောကြောင့် ကန့်ကွက်ရှုံ့ချကြောင်း ဖားကန့်အရပ်ဖက်အဖွဲ့အစည်းများက ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ အောက်တိုဘာ ၁၃ ရက်နေ့က တင်ပြထားသည်ဟု သိရသည်။ စည်ပင်သာယာရေးကော်မတီ ဥက္ကဌနေရာ အပြောင်းအလဲပြုလုပ်ရန် သြဂုတ်လ ၁၈ရက်နေ့ ဖားကန့်မြို့ပေါ် ၅ ရပ်ကွက်မှ သတ်မှတ်ထားသည့် အရည်အချင်းနှင့် ပြည်စုံသည့် ၈ဦးအား ရွေးချယ်ခဲ့ပြီး ၎င်းတို့ကို ရွေးချယ်ရေးကော်မတီများရှေ့၌ မဲခွဲဆုံးဖြတ်ခဲ့ရာ ဦးနော်ဆန့် ၃မဲ၊ ဦးမင်းမင်စိုးနှင့် ဦးမြင့်အေး ၂ဦးက တန်းတူ ၂မဲစီ ရရှိခဲ့ကြောင်း…