စပါးရိတ်သိမ်းမှု

  • Nov- 2025 -
    26 November
    သတင်း

    စစ်တပ်ရဲ့  ဒရုန်းဗုံးကြောင့် ဆားမှော်ဒေသခံတစ်ချို့စပါးရိတ်သိမ်းဖို့အခက်တွေ့နေ

    ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာမှာ ဒေသခံတောင်သူတစ်ချို့စပါးစိုက်ပျိုးထားတဲ့ တောင်ခြေဘက်မှာ စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲနေတာကြောင့် စပါးရိတ်သိမ်းဖို့အတွက် အခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆားမှော်ကျေးရွာရဲ့ အရှေ့ဘက် ၃ မိုင်ခန့်ကွာဝေးတဲ့  လွယ်ပွတ်(Loi Put)၊ ဆွတ်ညဥ်( Sut Nyen)၊ လွယ်တောင်မ်( Loi Tawm) စတဲ့ တောင်ခြေတွေမှာ စစ်တပ်က နိုဝင်ဘာလ ဒုတိအပတ်ကစပြီး ဒရုန်းဗုံးကြဲတာတွေလုပ်နေတယ်လို့ သိရပါတယ်။ “စပါးရိတ်သွားမယ်သူတွေလည်း အဲဖက်မသွားရဲတော့ဘူး စပါးရိတ်ဖို့အတွက် လူခေါ်ရင်တောင် မသွားရဲကြတော့ဘူး။ စပါးရိတ်စက်နဲ့လူတွေလည်း မသွားရဲဘူး ဖြစ်နေကြပြီး လယ်လုပ်တဲ့သူတွေ အရမ်းကို ခက်နေတယ်”လို့ ဆားမှော်ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ စစ်တပ်ဒရုန်းဗုံးကြဲနေတဲ့ အဲဒီတောင်ခြေဘက် ဆားမှော်ဒေသခံပြည်သူအိမ်ခြေ ၃၀ ဝန်းကျင်ရဲ့စပါးစိုက်ပျိုးထားတယ်လို့ သိရပြီး အိမ်ခြေတစ်အိမ်ကို  စပါး ၁၀ ဧကခန့်ရှိတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ဆားမှော်ဒေသခံတွေဟာ…

    Read More »
  • Dec- 2023 -
    19 December
    သတင်း

    ဝိုင်းမော်မှာ အချိန်မှီ စပါးမရိတ်သိမ်းနိုင်တဲ့ အခက်အခဲဖြစ်ပေါ်နေ

    ဝိုင်းမော်မြို့မှာ လုပ်သားရှားပါးတဲ့ အခက်အခဲတွေကြောင့် တောင်သူတစ်ချို့ အချိန်မီ စပါးမရိတ်နိုင်ဘဲ စပါးအမှည့်လွန် ဆုံးရှုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတောင်သူတွေဆီကနေ သိရပါတယ်။ တောင်သူတွေအနေနဲ့ လုပ်သားအလုအယက်ငှားနေရတဲ့အပြင် ရိတ်ခြွေ လုပ်ခကိုလည်း အရင်ထက်အခကြေးပိုပေးကာ ဌားရမ်းနေရတယ်လို့ မိုင်ဘောင်ဒွမ် ဒေသခံ တောင်သူတစ်ဦး က ပြောပါတယ်။ “အရင်က ကျွန်တော်တို့က အောက်ပိုင်းက သူတွေကိုဘဲ…

    Read More »
Back to top button