စီသာ

  • Mar- 2026 -
    12 March
    သတင်း

    သံသတ္တုရိုင်းထွက်တဲ့ ဒေသတွေမှာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု နဲ့ လူမှုကျန်းမာရေး ထိခိုက်မှုရှိလာ

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေတချို့မှာတိုးချဲ့လာတဲ့ သံသတ္တုရိုင်းတူးဖော်မှုကြောင့်ဒေသတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးတာ၊ ပြည်သူတွေရဲ့လူမူကျန်းမာရေးထိခိုက်တာတွေရှိလာတယ်လို့ ဒေသခံတွေ ပြောဆိုပါတယ်။ ကချင်ပြည်နယ်တွင်း ရွှေကူမြို့နယ် နဲ့ ဝိုင်းမော်မြို့နယ်တွေမှာ သံသတ္တုရိုင်းကို ကျယ်ကျယ်ပြန့်ပြန် တူးဖော်လာကြပြီး လုပ်ငန်းအများစုကို တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေ ကြီးကြပ်လုပ်ဆောင်နေကြပါတယ်။ ရွှေကူမြို့နယ် အရှေ့ဘက် စီသာ၊ စီသောင် ကျေးရွာတွေကနေ ၅ မိုင်ခန့်ဝေးတဲ့ တောထဲမှာ တရုတ်လုပ်ငန်းရှင်တွေက ၂၀၂၅ ခုနှစ် ဇွန်လကစပြီး သံသတ္တုရိုင်းတူးဖော်မှုတွေကို လုပ်ဆောင်နေတယ်လို့ ရွှေကူမြို့ခံ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။ “သူတို့ ဝင်လာတာက မနှစ်က မိုးရာသီလောက်က စဝင်တာ မနှစ်ကလည်း တစ်မိုးလုံး တောက်လျှောက်တူးတယ်။ ဒီနှစ်လည်း ဆက်တိုက်တူးနေတာပဲ တူးတာက ဘတ်ဖိုးတွေနဲ့တူးပြီး သယ်ထုတ်တာကတော့ ကားကြီးတွေနဲ့ တရုတ်ပြည်ဘက်ကို သယ်ထုတ်နေတယ်” လို့ အသက် ၄၀ ကျော်အရွယ် အဆိုပါ အမျိုးသားက ပြောပါတယ်။ လက်ရှိမှာ တရုတ်လုပ်ငန်းရှင်လေးဦးက ဘတ်ဖိုး ၁၀ စီးနဲ့ တူးဖော်နေပြီး ရရှိလာတဲ့ သံသတ္တုရိုင်းကုန်ကြမ်းတွေကို ရွှေကူမြို့ကနေ နယ်စပ်ကတရုတ်ပြည်ကို ပို့ဆောင်နေကြတာဖြစ်ပါတယ်။ “ဒီမှာက တူးပဲတူးတာ သန့်စင်တာက တရုတ်ပြည်ထဲမှာ သန့်စင်တာဗျ။ လမ်းကြောင်းကတော့ ကျနော်တို့ စီသာ၊ စီသောင် နယ်မြေကို ဖြတ်ပြီး ရွှေကူ–ဗန်းမော် လမ်းမကြီးကို ထွက်တယ်။ အဲဒီကနေ မံစီဘက်ကို ထွက်ပြီး မံစီကနေ မံဝိန်းကြီးဘက်ကို ဆက်ထွက်ပြီး အဲဒီကနေ တရုတ်ပြည်ထဲ ဝင်တာ” လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ သံကျောက် တစ်ကြိမ်သယ်ထုတ်လျှင် ကုန်ကားကြီးအစီး ၂၀ နဲ့ ၃၀ ကြားဖြင့်အလုံးအရင်း သယ်ဆောင်နေတဲ့အတွက် ရွာချင်းဆက်လမ်းတွေ ပျက်စီးမှုတွေရှိနေတယ်လို့ သိရပါတယ်။ ရွှေကူမြို့နယ်အတွင်း သံသတ္တုရိုင်းတူးဖော်နေတဲ့ဒေသတွေဟာ KIA တပ်ရင်း ( ၁၂ ) နယ်မြေဖြစ်ပြီး KIO အစိုးရရဲ့ခွင့်ပြုချက်နဲ့တူးဖောနေကြကြတာဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။  ခုလို သံသတ္တုရိုင်းကို ကြီးကြီးမားမားတူးဖော်နေတဲ့အတွက် ဒေသခံတွေရဲ့ ကျွဲ၊နွား စားကျက်မြေကျဉ်းမြောင်းလာတာ၊ တောင်ယာနဲ့ သီးနှံစိုက်ခင်းတွေ အသုံးပြုတဲ့မြေလွှတ်မြေရိုင်းလျော့နည်းလာတာ၊ ရေအရင်းမြစ်တွေလည်းထိခိုက်ပျက်စီးတာတွေ ရှိလာနေတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ သံသတ္တုရိုင်းတူးဖော်တဲ့ ပုံစံဟာ ရွှေတူးဖော်တဲ့ ပုံစံလို မဟုတ်ဘဲ ဘတ်ဖိုးတွေ၊ မြေကော်စက်တွေ အသုံးပြုပြီး တောင်တွေကို ဖြိုဖျက်၊ မြေတွေကို လှန်ပြီး တူးဖော်ရတာကြောင့် သစ်တောပြုန်းတီးမှုနဲ့ မြေယာပျက်စီးမှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ရွှေကူနယ် တစ်ဝိုက်တူးဖော်တဲ့ သံသတ္တုရိုင်းတွေကို အမှုန့်ကြိတ်တဲ့အထိ လုပ်ဆောင်တာမျိုးမဟုတ်ပဲ ကျောက်တုံးလိုက်တင်ဆောင်သွားတာလို့ ဒေသခံတွေပြောပါတယ်။ အလားတူ နောက်ထပ် မြစ်ကြီးနား–ဗန်းမော် လမ်းမပေါ် ဝိုင်းမော်မြို့နယ် ကန်တော်ယန်ကျေးရွာ ဆိုင်မိုင်ပါ အနီးမှာလည်း တရုတ်လုပ်ငန်းရှင်တွေက သံကျောက်သတ္တုကိုတူးဖော်နေကြတယ်လို့ သိရပါတယ်။ ဆိုင်မိုင်ရွာနီး တူးဖော်နေတဲ့ လုပ်ငန်းရှင်တွေဟာ ကျောက်တုံးလိုက်တင်ဆောင်တာမျိုးမဟုတ်ပဲ အမှုန့်ကြိတ်ယူတဲ့အဆင့်ထိ လုပ်ဆောင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအမှုန့်ကြိတ်စက်ဟာ ကျေးရွာအနီးဝန်းမှာထားရှိတဲ့အတွက် ကျောက်အမှု့န်ကြိတ်စက်က အမှုန့်တွေဟာ ရွာထဲရှိ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်မိခင်၊ သက်ကြီးရွယ်အိုတွေတွက် အသက်ရှုလမ်းကြောင်နဲ့ ကျန်းမာရေး ထိခိုက်လာနိုင်တယ်လို့လည်း ဒေသခံတွေပြောပါတယ်။ ဒါ့အပြင် သံသတ္တုကြိတ်တဲ့စက်အနီး ရေစစ်ကန်လည်းလုပ်ထားပြီး အဲဒီရေစစ်ကန်ကအရည်တွေဟာ အနီရောင်ဖြစ်ကာ  အနီးနားရှိ ချောင်းရေများသို့စီးဝင်တာတွေရှိတဲ့တွက် ရေအရင်းအမြစ်များ သုံးစွဲလို့မရအောင် ညစ်ညမ်းနေပြီ ဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေပြောပါတယ်။ ဒါ့အပြင် နောက်ထပ် သံကျောက်သတ္တုတူးဖော်တဲ့နေရာတွေဟာ တောင်ပေါ်၊လယ်ယာ၊မြေစာတွေအားလုံးဖုံးသွားတဲ့အတွက် ဘိုးဘွားပိုင်မြေယာတွေဆုံးရှုံးနစ်နာမှုအကြီးမားဆုံးကြုံတွေ့နေကြရပြီး ဒေသခံတွေအတွက် ရေရှည်လုပ်ကိုင် စားသောက်ဖို့ခက်ခဲမှုတွေလည်း ရှိလာနိုင်တယ်လို့ ဒေသခံတစ်ဦးခုလိုပြောပါတယ်။  “KIO ကလုပ်နေတဲ့ သံကျောက်တူးတာနဲ့ပတ်သက်ပြီး ရွာသားတွေက အရမ်းသဘောတူတာတော့ မဟုတ်ဘူး။ ကျနော်တို့က စစ်ရှောင်နေရပ်ပြန်ရွာတွေလည်းဖြစ်တယ် ဒါကြောင့်အလုပ်ကိုင် စားသောက်ဖို့ လိုအပ်ချက်ကြောင့် ခွင့်ပြုထားတဲ့ပုံစံတော့ ဟုတ်တယ်။ဒါပေမယ့် ရွာနဲ့အရမ်းနီးလာရင်တော့ မကောင်းဘူးပေါ့” လို့ ဆိုင်မိုင်ရွာဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ဆိုင်မိုင်ကျေးရွာအနီး သံကျောက်သတ္တုတူးဖော်မှုကိုတော့ တစ်ကျော့ပြန်တိုက်ပွဲ မဖြစ်ခင် ၂၀၀၈ ခုနှစ်ဝန်းကျင်ကစပြီး ဦတေဇပိုင် (ထူးကုမ္မဏီ)က စပြီးတူးဖော်နေရာကနေ စစ်တပ်က အဲကုမ္မဏီကို ဖမ်းဆီးထိန်းချုပ်လိုက်တာဖြစ်ပါတယ်။…

    Read More »
  • Feb- 2026 -
    16 February
    သတင်းphoto- ရွှေကူမြို့ရဲ့ မြို့တွင်းတစ်နရာ

    ရွှေကူအရှေ့ခြမ်း ကျေးရွာတွေမှာ အခွန်လျော့ပေါ့ပေးဖို့ပြည်သူတွေတောင်းဆို

    ကချင်ပြည်နယ် ရွှေကူမြို့နယ်အရှေ့ခြမ်းဘက်ကျေးရွာတွေမှာ  KIA/KIO အနေနဲ့ အခွန်လျော့ပေါ့ကောက်ခံပေးဖို့ ဒေသခံတွေတောင်းဆိုနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီလမှာ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပြီး ရွှေကူအရှေ့ဘက်ခြမ်းရှိ  စီသာ၊ စီသောင်း၊ မံဝင်း၊ မံနား၊ စီမူလေး၊ စီမူကြီး၊ နန့်လတ်နှင့် နောင်လတ်ကြီးအပါအဝင် အနီးဝန်းကျင်က ရွာပေါင်း ၁၀ ကျော်က နေအိမ်ရာနဲ့ချီမီးရှို့ဖျက်ဆီးခံလိုက်တာဖြစ်ပါတယ်။ အဲဒီနောက် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်း ဒေသခံပြည်သူတွေ နေရပ်ပြန်လည်နေထိုင်နိုင်ရေးကိုယ်ထူကိုယ်ထ ရုန်းကနေရဆဲဖြစ်တာကြောင့် အခွန်လျော့ပေ့ါ့ကောက်ပေးဖို့ စီသောင်းရွာအမျိုးသားတစ်ဦး ပြောပါတယ်။ “မီးလောင်ပြာကျလို့ခုချိန်ထိမိမိနေအိမ်ဆောက်ဖို့ ရုန်းကန်နေရတဲ့ အချိန်ဖြစ်လို့ KIAအနေနဲ့ကအခွန်တွေပါ့ပေးရင်ကောင်းမယ်။ အခုအခွန်ကတော်တော်လေးကိုများနေပါတယ်”အထက်ဖော်ပြပါ အမျိုးသားကပြောပါတယ်။ လက်ရှိ ဒီကျေးရွာနေပြည်သူတွေဟာ KIA/KIO ဆီ တစ်အိမ်ထောင် ဆန်တစ်တင်း၊ဆားတပိဿနဲ့ စစ်ထောက်ပံ့ကြေးအဖြစ် လူတစ်ဦးကို ကျပ် ငါးထောင်အဖြစ် လစဥ်ထောက်ပံ့ပေးနရတယ်လိို့ သိရပါတယ်။ ဒါပေမယ့် တစ်ဖက်မှာ ဒေသခံပြည်သူတွေဟာ ဆုံးရှံးပျက်စီးသွားတဲ့နေအိမ်တွေပြန်လည်ဆောက်လုပ်တာ၊လုပ်က်ိုင်စားသောက်ဖို့ အစပျိုးနေရတဲ့အချိန်ဖြစ်တာကြောင့် အခွန်လျော့ပေါ့ပေးစေလိုကြောင်းဒေသခံတွေကဆိုပါတယ်။ “ဘယ်လောက်အတိုင်းအတာအထိလျှော့ပေါ့ပေးပါဆိုတဲ့မျိုးတော့မရှိဘူး။ လျှော့ပေါ့ပေးလေလေပိုကောင်းလေလေပါ့အခုကအများစုကမိမိအိမ်ရာပြန်ဆောက်နေကြတုံးဆိုတော့လေ လူတစ်ဦးကိုငါးထောင်ထောက်ပံ့တဲ့ဟာက အသက် ၁၈ နှစ်အထက်ဆိုရင်လူတိုင်း ငါးထောင်ငါးထောင်ထည့်ရတယ်။ ဝန်ထမ်းတွေတော့မပါဘူးကျန်တဲ့လူတွေအကုန်ထည့်ရတယ်”လို့ နောက်ထပ်အမျိုးသားတစ်ဦး ကဆက်ပြောပါတယ်။ ဒီကျေးရွာနေပြည်သူတွေဟာ လတ်တလော ပြန်လည်ထူထောင်ရေးလုပ်နေဆဲကျေးရွာတွေဖြစ်တာကြောင့် နေရာထိုင်ခင်း၊စားဝတ်နေရေးကအစအများစုကခက်ခဲကြပ်သည်းနေဆဲပဲဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် စားသောက်ကုန်၊ဆေးဝါးနဲ့အခြားလိုအပ်တဲ့လူသုံးကုန်တွေအတွက်ကိုလည်း ရွှေကူမြို့တွင်းဘက်ကနေလွတ်လွတ်လပ်လပ်သယ်ယူလို့မရတာကြောင့် ရှမ်းပြည်နယ် မဘိမ်းမြို့နယ်ဘက်နဲ့ တရုတ်ပြည်နယ်စပ်ဘက်က ကုန်အဝင်ကိုသာအဓိက အားထားနေရတာကြောင့်ကုန်စျေးနှုန်းကြီးတဲ့ ပြဿနာတွေကိုလည်းရင်ဆိုင်နေရတဲ့အတွက်အခုလိုအခွန်တွေလျှော့ပေါ့ပေးဖို့လိုအပ်ကြောင်းဒေသခံတွေကဆိုပါတယ်။ ရွှေကူမြို့နယ်အရှေ့ဘက်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရတဲ့ထဲမှာ မံဝိန်းကျေးရွာကအိမ်ခြေ ၁၂၉ လုံး၊ စီသာကျေးရွာက အိမ်ခြေ ၁၀၀ လုံး၊ မံနာကျေးရွာက အိမ်ခြေ ၅၇ လုံး၊ တုံးကောက် ကျေးရွာကအိမ်ခခြေ ၄၁ လုံး၊ စီသောင်းရွာက အိမ်ခြေ ၂၁၁ လုံး၊ မံခါးကျေးရွာကအိမ်ခြေ ၃၅ လုံး၊ စီမော်ကျေးရွာကအိမ်ခြေ ၁၁၁ လုံး၊ စီမူကြီးကျေးရွာက အိမ်ခြေ ၂၈ လုံး၊ စီမူလေးကျေးရွာက အိမ်ခြေ ၆၀ လုံး၊ နန့်လန် ကျေးရွာက အိမ်ခြေ ၁၃၀ လုံးနှင့် နောင်လတ်ကြီး ကျေးရွာကအိမ်ခြေ ၃၇ လုံးအထိ မီးလောင်ပျက်စီးခဲ့ကြောင်းသိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီနေ့ချိန်ထိ ဗန်းမော်ခရိုင်ထဲမှာရှိတဲ့ ရွှေကူမြို့နယ်ဟာ မြို့ပေါ်ရပ်ကွက်တွေကိုသာ စစ်တပ်ကထိန်းချုပ်ထားပြီး ကျန်တဲ့ကျေးရွာအားလုံး KIO အစိုးရထိန်းချုပ်မှုအောက်ရှိတာလည်းဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
Back to top button