,
ဖေဖော်ဝါရီလ ၂၅ရက်နေ့ နံနက် ၅နာရီဝန်းကျင်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ နမစားရစ်ရွာသို့ စစ်ကောင်စီတပ်များ လက်နက်ကြီးများပစ်ခတ်ကာ ဝင်ရောက်လာ၍ လူနေအိမ်များအား မီးရိူ့ဖျက်ဆီးထားသည့်အပြင် ဒေသခံပြည်သူ ၁၅ဦးထက်မနည်း ပစ်သတ်သွားကြောင်း ဒေသသတင်းအရင်းမြစ်နီးစပ်သူများထံမှ သိရသည်။ "တစ်ရွာလုံးနီးပါးရိူ့သွားတယ်လို့သိရတယ်။ ပြီးတော့ ခုနောက်ဆုံးသတင်းရတာတော့ ရွာသားတွေ ၁၅ ယောက်သတ်ခံထားရတယ်လို့လည်းပြန်ကြားရတယ်။ စစ်တပ်က ရွာထဲလက်ကြီးပစ်တော့ ကျည်တွေမှန်ပြီးသေတာ " လို့ ဒေသရင်းမြစ် နီးစပ်သူတစ်ဦး ကပြောသည်။ ဒေသရင်းမြစ်၏ ပြောပြချက်အရ စစ်ကောင်စီတပ်သည် ယင်းနမစားရစ်ကျေးရွာအတွင်း