၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထုထောက်ခံပွဲ မြစ်ကြီးနားမြို့တွင် ပြုလုပ်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲကို ယနေ့ သြဂုတ်ဘ (၁၅)ရက်နေ့ မြစ်ကြီးနားမြို့တွင် ကချင်လူထု ထောင်ချီ ဆန္ဒပြဆောင်းဆိုကြပါသည်။ ယခုပြုလုပ်သည့် ဖွဲ့စည်းပုံပြင်ဆင်ရေး မြစ်ကြီးနား လူထုထောက်ခံပွဲကြီးနှင့်ပတ်သက်ပြီး ဆန္ဒပြပွဲ အစီစဉ်ဖြစ်မြောက်ရေး တာဝန်ရှိသူ ဦးသောင်းက ယခုလို ကချင်သတင်းဌာန KNG ကို ပြောပါသည်။ “အားလုံးသိတဲ့အတိုင်းပဲ။ ၂၀၀၈ အခြေခံ ဥပဒေကြောင့် လူထုတွေ ဒုက္ခတွင်းက မလွတ်မြောက်နိုင်သေးဘူး။ ပြည်သူလူထုတွေရဲ့ဘဝ လုံခြုံရေးတွေရရှိဖို့က ဒီဥပေဒပြင်မှ…