မူဆယ် မော်တောင်းကျေးရွာဒေသခံ တစ်ဦးကို တပ်မ ၉၉ မှ ဖမ်းဆီးသတ်ဖြတ်ထား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မော်တောင်းရွာက အရပ်သားပြည်သူအမျိုးသား ၁ ဦးကို နိုဝင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပြောင်းဖူးခင်းတွင် ပစ်သတ်ကာ မြုပ်ထားကြောင်း ဒေသခံများနဲ့ မိသားစုဝင်များထံမှ သိရပါတယ်။ သတ်ဖြတ်ခံထားရသူမှာ နားတစ်ဖက်မကြားသူ မော်တောင်းဒေသခံ အသက် ၅၆ နှစ်အရွယ် ကချင်အမျိုးသား ဦးလဖိုင်တူးလွမ် ဆိုသူဖြစ်သည်။ သူသည် ကျေးရွာအနီးတောင်ပေါ်တွင်နေထိုင်သူဖြစ်ပြီး တောင်အောက်သို့ ဆင်းလာချိန် ဖမ်းဆီးခံရပြီး အလောင်းဖျောက် ပစ်သတ်ခံထားရကြောင်း ဒေသခံတစ်ဦးထံမှ…