မြစ်ကြီးနားမြို့နယ်တွင် ဆိုင်ကယ်ပျောက်ဖူးသူများ နယ်မြေရဲစခန်းတွင် လာရောက်စုံစမ်းရယူနိုင်

မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်ခိုးခံရသည့် ပြည်သူများအနေဖြင့် ပျောက်ဆုံးထားသောမိမိတို့ဆိုင်ကယ်များအား မြစ်ကြီးနား ခေမာသီရိရပ်ကွက်ရှိနယ်မြေရဲစခန်းတွင် လာရောက်စုံးစမ်းနိုင်ပြီဟု သိရသည်။ ဇွန်လ ၁ရက်နေ့တွင် ၁စီး၊ ဇွန်လ ၂၀ရက်နေ့တွင် ၁၀ စီး ဖမ်းဆီးရမိထားသည့်အတွက် ဆိုင်ကယ်ခိုးခံထားရသည့် ပြည်သူများအနေဖြင့် မိမိတို့ဆိုင်ကယ်ဖြစ်ကြောင်း မှန်ကန်ကြောင်းသက်သေအထောက်ထားပြည့်စုံစွာဖော်ပြနိုင်ပါက ပြန်လည်ထုတ်ယူနိုင်ကြောင်း မြစ်ကြီးနားမြို့နယ်ရဲမှူးဦးမြင့်မိုးက ပြောသည်။ “ဆိုင်ကယ်အမျိုးစား၊ ပျောက်တဲ့ရက်၊ ဆိုင်ကယ်ဝယ်တဲ့ချိန်မှာပါတဲ့စာအုပ်၊ နောက်သူတို့မှတ်မိနိုင်တဲ့ဆိုင်ကယ်အမှတ်အသား အဲဒါတွေပြောနိုင်တယ်။ ပြနိုင်တယ်ဆိုလို့ရှိရင် ကျနော်တို့က ပိုင်ရှင်တွေနဲ့သက်သေတွေနဲ့တရားရုံးမှာ တရားစွဲတင်တဲ့ခါကျရင် ဆိုင်ကယ်ကိုပြန်ထုတ်ယူလို့ရတယ်။” ဟု ပြောသည်။…