ယမ်းကား

  • Jan- 2024 -
    15 January
    သတင်း

    လုံးခင်းကျေးရွာ အဝင်စစ်ဆေးရေးဂိတ်မှာ ယမ်းကား သုံးဆီးဖမ်းဆီးခံရ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအဝင်အဝင်မှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ ယမ်းကားသုံးဆီးဖမ်းဆီးခံရတယ်လို့  လုံးခင်းမှာနေထိုင်သူတွေဆီကနေ သိရပါတယ်။ လုံးခင်းကျေးရွာအဝင် စစ်ဆေးရေးဂိတ်တစ်ခုဖြစ်တဲ့ ယမ်းချက်စစ်ရေးဂိတ်မှာ ဇန္နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်မှာ လုံးခင်းကျေးရွာဘက်ကိုဝင်လာတဲ့ ယမ်းကားသုံးစီးစစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့လို့ လုံးခင်းကျေးရွာနေအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “လုံးခင်းဘက်ကိုအဝင်ပေါ့ဘယ်ကလာတာလည်းတော့မသိရဘူး ၁၂ ဘီးကားကြီးပဲ သုံးစီးဟုတ်တယ်။ ကုမ္ပဏီက ယမ်းကားတွေဖြစ်ဖို့များတယ် တခြားကတော့မဟုတ်လောက်ဘူး”လို့ သူကပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ ယမ်းကားသုံးစီးနဲ့အတူ ကားကမားတွေနဲ့ ကားနောက်လိုက်တွေလည်း ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ကုမ္မဏီပိုင်ယမ်းကားဟုတ်မဟုတ်ကို KNGက  သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့် တစ်ဖက်မှာတော့ လက်ရှိ ဖားကန့်ဝှေခါတစ်လျှောက်စစ်တပ်နဲ့ KIA တပ်တို့ကြား စစ်ရေးတင်းမာနေတဲ့ချိန်ဖြစ်တာမို့ ဒီယမ်းကား ၃ စီးဟာ KIA,PDF တွေရဲ့ကားဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပေမယ့် ဖားကန့် KPDF တပ်ဖွဲ့ာတာဝန်ရှိသူတစ်ဦးကတော့ စစ်တပ်ကဖမ်းဆီးထားတဲ့ ယမ်းတင်ကားက သူတို့ဟာမဟုတ်ဘူးလို့ပြောပါတယ်။ “ကျွန်တော်တို့ဘက်ကတော့မဟုတ်ဘူးဗျ ကုမ္ပဏီတစ်ခုခုရဲ့ယမ်းကားပဲ ဖြစ်ဖို့များပါတယ်”လို့ ဖားကန့် PDF အဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ လုံးခင်းမှာလက်ရှိ ယမ်းချမ်းစစ်ဆေးရေးဂိတ်နဲ့ နှစ်မျက်နှာဘုရားရှေ့စစ်ဆေးရေးဂိတ်နှစ်ခုသာကျန်ရှိတော့ပြီးအဲ့ဒီစစ်ဆေးရေးဂိတ်တွေမှာအရပ်သားတွေနဲ့ခရီးသည်၊ကုန်ကားတွေကိုအစစ်အဆေးတင်းကြပ်ထားတယ်လို့သိရပါတယ်။ ဖားကန့်မြို့အဝင်မှာရှိတဲ့ လယ်ပြင်စစ်ဆေးရေးဂိတ်ကိုစစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ရက်နေ့က ရုပ်သိမ်းခဲ့ ပြီး အဲ့ဒီစစ်ဆေးရေးဂိတ်မှာထိုင်တဲ့စစ်သားတွေဟာ လက်ရှိ ယမ်းချက်ဂိတ်မှာပူးပေါင်းပြီးဂိတ်ထိုင်နေတယ်လို့သိရပါတယ်။ By – Zaw Zaw

    Read More »
Back to top button