ရွှေမြစ်ဆုံ

  • Mar- 2024 -
    8 March
    သတင်း

    ရွှေမြစ်ဆုံဟိုတယ်ပိုင်ရှင်နဲ့ ဝန်ထမ်းတွေအပါအဝင် တည်းခိုနေတဲ့ဧည့်သည်တွေအားလုံး စစ်တပ်ဖမ်းဆီးသွား

    ဗန်းမော်မြို့ သာစည်ရပ်ကွက်မှာရှိတဲ့ ရွှေမြစ်ဆုံဟိုတယ်က ဟိုတယ်ပိုင်ရှင်နဲ့ဝန်ထမ်းများအားလုံးအပါအဝင် ဟိုတယ်မှာလာရောက်တည်းခိုနေတဲ့ဧည့်သည်တွေကို စစ်တပ်ကဖမ်းဆီးသွားတယ်လို့ ဗန်းမော်မြို့ခံတွေကပြောပါတယ်။ မတ်လ ၈ ရက်နေ့ ဒီကနေ့ နေ့လည် ၁၂ နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်တွေဟာ ဗန်းမော်မြို့ထဲမှာရှိတဲ့ ဟိုတယ်၊တည်းခိုခန်းအားလုံးရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် မြစ်ဆုံဟိုတယ်က တည်းခိုကိုဝင်ရောက်လာပြီး ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဗန်းမော်မြို့ခံတစ်ဦးက KNG ကိုပြောပါတယ်။ “အရင်ဆုံးက ဟိုတယ်က ဝန်ထမ်းယောကျာ်းလေး ၃ ယောက်အရင်ဖမ်းသွားတာ တအောင့်နေတော့ ပြန်လာပြီး အားလုံး ယောကျာ်းလေးမှန်သမျှ ဝန်ထမ်းရော တည်းခိုတဲ့ဧည့်သည်ယောကျ်ားလေးတစ်ယောက်မကျန်ဖမ်းသွားတယ်လို့ သိရတယ်။ နေ့လည် ၁၂ နာရီကနေ တစ်မြို့လုံးမှာရှိတဲ့ ဟိုတယ်၊တည်းခိုခန်းအားလုံကိုစစ်တာတဲ့ ဒါပေမယ့် ကျန်တဲ့ဟိုတယ်တွေက ဖမ်းဆီးတာမကြားမိဘူး မြစ်ဆုံဟိုတယ်တစ်ခုတည်းကိုဘဲ ရွေးပြီးဖမ်းသွားတာလို့ သိရတယ်”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ မြို့ထဲမှာရှိတဲ့ ဟိုတယ်အားလုံးကိုစစ်ဆေးခဲ့ပေမေယ့်  ရွှေမြစ်ဆုံဟိုတယ်က ဝန်ထမ်း၊ဧည့်သည်တွေကိုသာ စစ်ဆေးဖမ်းဆီးသွားတာဟာ မင်္သကာတာတစ်ခုခုရှိနိုင်တာကြောင့်ဖြစ်နိုင်တယ်လို့လည်း သူကဆက်ပြောပါတယ်။ ဖမ်းဆီးခံသွားရသူတွေရဲ့ လူဦးရေစာရင်းတိတိကျကျကိုလည်းမသိရသေးတဲ့အပြင် လက်ရှိချိန်ထိဘယ်နေရာမှာထိန်းသိမ်းထားလဲဆိုတာကိုလည်း မသိရသေးဘူးလို့ မြို့ခံတွေကပြောပါတယ်။ မတ်လ ၇ ရက်နေ့ မနေ့ကစပြီး မြစ်ကြီးနား– ဗန်းမော်လမ်းတစ်လျှောက် စစ်တပ်စခန်းကို KIA၊ KPDF ပူးပေါင်းတပ်တွေဘက်က စခန်းသိမ်းစစ်ဆင်ရေးလုပ်ဆောင်နေပြီး စစ်တပ်စခန်းအများအပြားကိုလည်း KIA၊KPDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိိုက်နေပြီဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်အနေနဲ့ ကြိုတင်ပြင်ဆင်နေတာဖြစ်သလို ဗန်းမော်မြို့ထဲကိုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေဝင်ရောက်နေပြီဆိုတဲ့ သတင်းတွေရရှိထားတာကြောင့် ခုလိုလိုက်လံစစ်ဆေးဖမ်းဆီးတာတွေလုပ်နေတာဖြစ်တယ်လို့လည်း ဗန်းမော်ဒေသခံတွေကပြောဆိုနေကြပါတယ်။ “ခုတိုက်ပွဲက နီးလာတော့ ဗန်းမော်မြို့ထဲတပ်ကလည်း ၂ ရက်ရှိပြီ လက်နက်ကြီးနဲ့ထုနေတာ ပစ်လိုက်နားလိုက်နဲ့ ခုလည်း မြို့ထဲ PDF တွေဝင်နေပြီဆိုတဲ့သတင်းမျိုးကြားတာထင်တယ် စစ်ဆေးတာတွေဆက်တိုက်လုပ်နေတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် ဗန်းမော်မြို့တက္ကသိုလ်ကျောင်းက ဝန်ထမ်းတွေနဲ့ကျောင်းသား၊သူတွေကိုလည်း မနေ့ညမှာ နေရာပြောင်းရွှေ့ထွက်သွားခိုင်းပြိးနောက် စစ်တပ်က ကျောင်းမှာတပ်စွဲနေပြီလို့လည်း သိရပါတယ်။ လက်ရှိ ဗန်းမော်မြို့နဲ့အနီးတစ်ဝိုက်မှာရှိတဲ့ မိုးမောက်မြို့ဘက်ကိုလည်း KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ By – Alaxia

    Read More »
Back to top button