ဝိုင်းမော်

  • Apr- 2026 -
    28 April
    သတင်း

    ဝိုင်းမော်မှာ ရွှေကျင်းထဲပြုတ်ကျပြီး ရေနစ်သေဆုံးသူ ၂ ဦးထိရှိလာ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ၂ ရက်တာအတွင်း ရွှေတူးထားတဲ့ကျင်းထဲပြုတ်ကျပြီး ရေနစ်သေဆုံးသူ ၂ဦးထိရှိလာပြီဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။

    Read More »
  • 27 April
    သတင်း

    ဝိုင်းမော်မြို့ ပြည်သူ့ဆေးရုံကြီးမှာ သူခိုးတစ်ဦးဖမ်းမိ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ဓားမြှောင်ကိုင်ဆိုင်ထားတဲ့ သူခိုးတစ်ဦးကို ဖမ်းမိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။

    Read More »
  • 22 April
    သတင်း

    ဝိုင်းမော်မှာ ၁၂နှစ်အရွယ်ကလေးတစ်ဦး ရေနစ်သေဆုံး

    ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ၁၂နှစ်အရွယ် ကလေးတစ်ဦးရေနစ်သေဆုံးခဲ့တယ်လို့ မွန်မြတ်စေတနာလူမှုကယ်ဆယ်ရေး အသင်းကနေ သိရပါတယ်။

    Read More »
  • 8 April
    သတင်း

    ဝိုင်းမော်မှာ ကုန်ကားအစီးရေ ၅၀ ဝန်းကျင် စစ်တပ်ကဖမ်းဆီးထား

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာနဲ့နောင်ချိန်းရွာနေရာတစ်ချို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တွဲကား၊ ကုန်ကား၊အိမ်စီးကား အစီး ၅၀ ဝန်းကျင်ကို ထပ်မံဖမ်းဆီးခဲ့တယ်လို့ ကားသမားတွေပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့မှာ အာဏာသိမ်း စစ်ကောင်စီခန့်ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် တွေနဲ့စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့ဟာ ကုန်ပစ္စည်းတွေတင်လာတဲ့ တွဲကား၊ ကုန်ကား၊အိမ်စီးကားတွေကိုဖမ်းဆိီးခဲ့ပြီး ဧပြီလ ၅ ရက်နေ့မှာတော့ ဖမ်းဆီးထားတဲ့ကားတွေအားလုံးကို မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်မှာရှိတဲ့ ရဲတပ်ရင်း ၃၀ ကိုပို့ထားကြတယ်လို့ သိရပါတယ်။ “အဲဒီရဲတပ်ကရင်း ၃၀ ထဲပို့ထားပြီဘယ်လိုပြန်လုပ်မလဲဆိုတာတော့ မသိရသေးဘူး။ပြန်ရွေးခွင့်ရရင်လည်း စျေးတော့များမယ်ထင်တာပဲ တစ်ရက်လေးကိုဖမ်းတာ အစီး ၅၀ ကျော်တယ်”လို့ ရဲအသိုင်းဝိုင်းက အမျိုးသားတစ်ဦးပြောပါတယ်။ ခုလို ကုန်ကားတွေကို မြစ်ကြီးနားမြို့ထဲ ပေးမဝင်ပဲ ဗလမင်းထင်တံတားအနီး မိုင်းနားရွာမှာ အထိုင်ချဖမ်းဆီးနေတာဟာ ဒီကုန်ကားတွေအားလုံး KIO/KIA ထိန်းချုပ်ထားတဲ့ ဝိုင်းမော်မြို့နယ်၊ ကံပိုက်တည်နယ်စပ်ဂိတ်နဲ့လိုင်ဇာ နယ်စပ်ဂိတ်ဘက်ကနေဝင်လာတဲ့ ကုန်ကားတွေဖြစ်သလို စစ်ကောင်စီခန့်ကချင်ပြည်နယ်အစိုးရဆီကနေ ကုန်တင်သွင်းခွင့်လိုင်စင်မရှိတဲ့ကားတွေမို့ ဖမ်းဆီးခြင်းဖြစ်ကြောင်း ဌာဆိုင်ရာဝန်ထမ်းတစ်ဦးကKNG ကို ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ စစ်တပ်ကထိန်းချုပ်ထားတဲ့ ကံပိုက်တည်ကုန်သွယ်ရေးစခန်းရှိရာ ကံပိုက်တည်မြို့အပါအဝင် ဆဒုံးမြို့နဲ့ မြစ်ကြီးနားလမ်းပိုင်းရှိ ဝါရှောင်ကျေးရွာတွေကို  KIA ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့နောက် မြစ်ကြီးနားမြို့ထဲဝင်မယ့် ကုန်ကားတွေကို ဗလမင်းထင်တံတားမရောက်ခင် မိုင်းနားကျေးရွာအဝင်တွေမှာ အဓိကထားဖမ်းနေတာဖြစ်ပါတယ်။ ၂၀၂၆ မတ်လ ၉ ရက်နေ့မှာလည်း စစ်ကောင်စီခန့်ကချင်ပြည်နယ်အစိုးရအဖွဲ့ဟာ ကံပိုက်တည်မြို့ ကုန်တင်ကုန်ချစခန်းအစား ဝိုင်းမော်မြို့ နယ် မိုင်းနားကျေးရွာရှိ ရွှေမိုးတောင်ဘုရားတောင်ခြေမှာ ယာယီစခန်းဖွင့်ထားတယ်လို့ထုတ်ပြန်ထားပြီး မြစ်ကြီးနားမြို့ထဲ တစ်ဖက်နိုင်ငံ မှ ဝင်ရောက်နေတဲ့ ကုန်ပစ္စည်းများနဲ့ပတ်သက်ပြီး တရားဝင်ဖြစ်စေရေး၊ ဒေသတွင်း ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးအတွက် တရားဝင်သွင်းကုန်လိုင်စင်ဖြင့်တင်သွင်းခွင့်ပြုခြင်း၊ ကျသင့်အခွန်အခများ ပေးဆောင်စေခြင်းတို့ကို ဆောင်ရွက်သွားမယ့်အကြောင်းလည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ဗလမင်းထင်တံတားမှာလည်း အရင်ကထက်အစစ်ဆေးများနေပြီး ဘိလပ်မြေ၊ဓါတ်ဆီနဲ့လျှပ်စစ်ပစ္စည်းတွေဆို ကချင်ပြည်နယ် နယ်လုံဝန်ကြီးရဲ့ခွင့်ပြုမိန့်ရမှသယ်ဆောင်ရမှာဖြစ်သလို ခွင့်ပြုချက်လက်မှတ်မပါပဲတင်ဆောင်လာတဲ့ကားတွေ ဖမ်းဆီးခံရတာ ဟာပုံမှန်ရှိနေတယ်လို့သိရပါတယ်။ “ဗလင်မင်းထင်အရမ်းစစ်တာ တစ်ချို့ကားတွေကျတော့ ကုန်ကားတွေဗလမင်းထင်မှာဖြတ်လို့အဆင်မပြေတော့ အိမ်စီးကားလေးတွေနဲ့ခွဲတင်ကြတာ။အဲလိုမျိုးလည်းဖမ်းတာပဲ မရဘူး”လို့ ကားသမားတစ်ဦးပြောပါတယ်။ ဒါကြောင့်  ဧရာဝတီမြစ်သာခြားထားတဲ့ မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့နယ်တွေမှာ အခြေခံစားသောက်ကုန်နဲ့လူသုံးကုန်တွေဟာ စျေးထက်ဝက်ခန့်ကွာနေတယ်လို့သိရပြီး လုပ်ငန်းရှင်တွေအနေနဲ့လည်း နယ်စပ်ဂိတ်ဖြတ်ကျော်ခွင့်အခွန်ကို KIA ဆီဆောင်ရသလို မြစ်ကြီးနားမြို့ထဲကုန်ကားဝင်ဖို့ စစ်ကောင်စီခန့်ကချင်ပြည်နယ်အစိုးရမှာ အခွန်ဆောင်ရတာကြောင့် အဖက်ဖက်ကနေခက်ခဲနေတယ်လို့သိရပြီး အကျိုးဆက်အနေနဲ့တော့ မြစ်ကြီးနားမြို့နယ်ဘက်ရှိတဲ့ပြည်သူတွေဟာ ကုန်စျေးနှုန်းမြင့်တက်မှုဒဏ်ကို ရင်ဆိုင်နေကြရတာလည်းဖြစ်ပါတယ်။ လတ်တလော ဝိုင်းမော်မြို့နယ်ဘက်မှာ နှစ်သောင်းခွဲရှိတဲ့ ဘိလပ်မြေတစ်အိတ်ကို မြစ်ကြီးနားဘက်မှာ ငါးသောင်းခန့်ပေးဝယ်နေရတယ်လို့လည်း ပြည်သူတွေပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာလည်း မိုင်းနားကျေးရွာ ကုန်ကားအစီးရေ ၅၀ ထက်မနည်းဖမ်းဆီးခဲ့ပြီးနောက် ဒဏ်ပေးဆောင်ခိုင်းပြီး ပြန်လွတ်ပေးတာတွေလည်းရှိခဲ့ပါတယ်။ By – Zami

    Read More »
  • Mar- 2026 -
    11 March
    သတင်း

    ကချင်မှာ စစ်လက်နက်ပစ်ခတ်မှု‌ကြောင့် တစ်လအတွင်း အရပ်သား ၄ ဦးသေဆုံး၊ ၂၃ ဦးဒဏ်ရာပြင်းထန်

    ကချင်ပြည်နယ်မှာ စစ်လက်နက် ပစ်ခတ်မှုတွေကြောင့် ကလေးသူငယ်တွေအပါ ၄ ဦး သေဆုံးပြီး ၂၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ Kachin Human Rights Watch အဖွဲ့အစည်းကနေ သိရပါတယ်။ ဒီထိခိုက်သေဆုံးမှုတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ…

    Read More »
  • Feb- 2026 -
    23 February
    သတင်း

    စစ်ရှောင်ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန်သေဆုံး

    ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာရှိတဲ့ စစ်ရှောင်စခန်းက ကလေးငယ်တစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက် ၈နာရီဝန်းကျင် ဝိုင်းမော်မြို့အမှတ်–၃ ရပ်ကွက်မှာနေထိုင်နေတဲ့ ဝူယန်စစ်ရှောင်စခန်းက သားအဖ ၃ ဦးစစ်ရှောင်စခန်းကနေ ရွာမှာရှိတဲ့နေအိမ်ခြံဝင်းထဲ ထင်းသွားသယ်နေချိန်…

    Read More »
  • 12 February
    သတင်း

    လက်လွတ်လိုက်ရတဲ့ ပြည်သူ့စစ်ဂိတ်နေရာတွေပြန်ရဖို့ ခလရ ၅၈ တပ်ရင်းနဲ့ နီးကပ်လာတဲ့အထိ တိုက်ပွဲဖြစ်နေ

    ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအနီးက ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်လိုက်တဲ့ နေရာဘက်ကို စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့တွေ ပြန်ပြီးထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲပြန်ဖြစ်နေတယ်လို့သိရပါတယ်။ မိုင်းနားနဲ့ ဝါးရှောင်ကျေးရွာနှစ်ခုကြားရှိ ပြည်သူ့စစ်ဂိတ်နှစ်ခုကို ဖေဖော်ဝါရီလဆန်းပိုင်းမှာ KIA တပ်တွေ သိမ်းပိုက်လိုက်ပြီးနောက် တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံအမျိုးသားတစ်ဦး…

    Read More »
  • 6 February
    သတင်း

    ကချင်ဒေသထဲ တစ်ပတ်အတွင်း ဗန်းမော်အပြင် နောက်ထပ် မြို့နယ် ၃ နေရာမှာတိုက်ပွဲဆက်ဖြစ်

    ကချင်ပြည်နယ်ထဲက ဗန်းမော်အပါအဝင် ဝိုင်းမော်၊ ဖားကန့်နဲ့ အင်းတော်ကြီးဒေသစတဲ့မြို့နယ် ၄ခုမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တပြိုင်နက်တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ မြို့နေရာ ၄ ခုမှာ အပြင်းထန်ဆုံးတိုက်ပွဲဖြစ်နေပြီး ဗန်းမော်နဲ့ ဝိုင်းမော်မြို့တွေမှာဖြစ်နေတဲ့ တိုက်ပွဲမှာ KIA…

    Read More »
  • 4 February
    သတင်း

    ရွှေညောင်ပင်မှာ စစ်တပ်ကလေယာဉ်ဗုံးကြဲ၊ ကုန်ကားတစ်စီးမီးလောင်

    ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာမှာ ဒီညနေပိုင်း စစ်တပ်က လေကြောင်းဗုံးကြဲသွားတယ်လို့ ကနဦးသတင်းအရ သိရပါတယ်။ ဖေဖော်ဝါရီလ ၄ ရက် ဒီညနေ ၅ နာရီဝန်းကျင် လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံအမျိုးသားတစ်ဦးပြောပါတယ်။ “လေယာဉ်သံကြားလို့ ကုန်ကားရပ်နေတာ လာပစ်သွားတယ်။…

    Read More »
  • 2 February
    သတင်း

    ဝိုင်းမော်မှာ အခွန်ကောက်သောင်းကျန်းတဲ့ ပြည်သူ့စစ်ဂိတ်နှစ်ခု KIA သိမ်းပိုက်

    ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ် မိုင်းနားနဲ့ ဝါးရှောင်ကျေးရွာနှစ်ခုကြား အခွန်ကောက်သောင်းကျန်းတဲ့ လီဆူပြည်သူ့စစ်ဂိတ်နှစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မိုင်းနားနဲ့ ဝါးရှောင်ကျေးရွာကြားရှိ ငှက်ပျောခြံသွားတဲ့လမ်းပေါ် နဲ့   င်္သီချောင်းတံတားမှာ တပ်ချထားတဲ့ နှစ်ခုစလုံးကို  KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ဒီကနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်လောက်မှာ သွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “စစ်တပ်စခန်းဆိုတာက ပိုက်ဆံကောက်နေတဲ့ ဂိတ်နေရာဟုတ်တယ်။ မိုင်းနားကနေ သွားရင် ငှက်ပျောခြံထဲမှာ ပြည်သူ့စစ်ဂိတ်ရှိနေတာဟုတ်တယ်။ ပြီးရင် အဲဒီအကျော်မှာ ကွန်ကရက်တံတားတစ်ခုလည်းရှိတယ်။ အဲ့မှာ စစ်တပ်တွေထိုင်တာဟုတ်တယ်။ အဲဒီနေရာနှစ်ခုစလုံးကို သိမ်းလိုက်တာဟုတ်တယ်”လို့ပြောပါတယ်။ လက်ရှိ KIA တပ်ဘက်က သိမ်းပိုက်လိုက်တဲ့ ဂိတ်စခန်း နှစ်ခုစလုံးဟာ ၂၀၂၄ ခုနှစ်ထဲမှာ KIA သိမ်းပိုက်နေရာထဲမှာပါဝင်ပြီးတော့  ၂၀၂၅ ခုနှစ်ထဲမှာ ယာယီဆုတ်လိုက်ရတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီဂိတ်နေရာ နှစ်ခုစလုံးမှာ စစ်တပ်နဲ့ လီဆူပြည်သူ့စစ်တွေပူးပေါင်းပြီး တပ်အထိုင်ချထားကာ လမ်းသွားလမ်းလာ အိမ်စီးကားမကျန် ဖြတ်သန်းခွင့် ကောက်ခံတဲ့ ဂိတ်နေရာဖြစ်တယ်လို့ ပြောပါတယ်။ လီဆူပြည်သူ့စစ်ဂိတ် နှစ်ခု KIA သိမ်းပိုက်လိုက်တာနဲ့ ပတ်သက်ပြီး ငှက်ပျောခြံမှာရှိတဲ့ ပြည်သူတစ်ဦးက “ဟုတ်တယ်တဲ့ ဆိုလာပြားဆိုဒ်လို့လည်းခေါ်တယ်။ အဲ့မှာသွားပစ်တာ လှမ်းပေးကြည့်သလောက် သိမ်းလိုက်တာကသေချာတယ်”လို့ပြောပါတယ်။ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေဘက်ကနေ ဂိတ်စခန်းနှစ်ခုလက်လွတ်လိုက်ရတဲ့အတွက် ဒီကနေ့ မနက်ပိုင်း တိုက်ပွဲဖြစ်ပွားချိန်ကတည်းကနေ ၁၁ နာရီဝန်းကျင်အထိ ဝိုင်းမော်မြို့ထဲကနေ လက်နက်ကြီးဆက်တိုက်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဝိုင်းမော်ဒေသခံတွေပြောပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက KIA ထိန်းချုပ်ထားတဲ့ လမြန်ကျေးရွာအထက်ဘက်ကို စစ်ကြောင်းထိုးဝင်ရောက်နိုင်ဖို့အတွက် ကြိုးပမ်းနေတာဖြစ်သလို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ထဲမှာလည်း လမြန်ကျေးရွာအနီးတဝိုက် တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပါတယ်။ ယခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းအတွင်းကနေ မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)၊ ဝိုင်းမော် ခလရ ၅၈ တပ်ရင်းကနေ လက်နက်ကြီးပစ်ခတ်ပေးပြီး ပြည်သူ့စစ်အဖွဲ့တွေကို မြေပြင်စစ်ကြောင်းကနေ ထိုးစစ်ဆင်တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
Back to top button