အင်ဂွမ်လကျေးရွာ ကျောင်းသား ၁၀၀ နီးပါးခန့်တွင် Covid-19 ကူးစက်ခံရသဖြင့် အကူညီလိုအပ်နေ

ကချင်ပြည်နယ် တြိဂံဒေသ အင်ဂွမ်လ N-Gum La ကျေးရွာတွင်ရှိသော San Petru ဘော်ဒါကျောင်းမှ ကျောင်းသား ၉၈ ဦးတွင် Covid-19 ပိုးတွေ့ရှိသောကြောင့် ဆေးဝါးနဲ့ အစားအသောက်ကူညီထောက်ပံ့မှု အရေးပေါ်လိုအပ်နေကြောင်း San Petru ဘော်ဒါတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ “အရင်ရှေ့အပတ်ကနေ ပိုးစတွေ့လာပြီးတော့ ၂၅ ရက်နေ့ထိ ၉၈ ဦးရှိပြီ။ အခုက ဘယ်လောက်ပြန်တိုးသွားပြီလဲ လိုင်းမရှိတော့ မသိရသေးဘူး။ အခုလောလောဆယ် ပိုးတွေ့လူနာကို သပ်သပ်ခွဲနေခိုင်းထားပေမဲ့ နေရာအခက်အခဲ…