ခရီးသည်တင်ကား မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် ဓားပြတိုက်ခံရ

မန္တလေး-မြစ်ကြီးနား အဝေးပြေး လမ်းမကြီးပေါ်တွင် မတ် ၁၃ ရက်နေ့က သစ္စာလှိုင် ခရီးသည်တင် Express ကားတစ်စီး ဓားပြတိုက်ခံလိုက်ရပြီး ခရီးသည်များ၏ ဖုန်း၊ ပိုက်ဆံ နှင့် လက်ဝတ်ရတာများ လုယူသွားကြောင်း သိရသည်။ ယမန်နေ့ ည ၉ နာရီခွဲအချိန်ခန့် ​မန္တလေးမှ မြစ်ကြီးနားဘက်သို့တက်လာသည့် ယင်းခရီးသည်တင်ကားသည် မန္တလေး-မြစ်ကြီးနားလမ်းပိုင်း စစ်ကိုင်းတိုင်းအင်းတော်မြို့နယ် နတ်မဟုတ်ကြီးကျေးရွာအနီးတွင် ဓါးပြတိုက်ခံရခြင်းဖြစသည်ဟု အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက KNG သတင်းဌာနသို့ ပြောသည်။