သတင်း

ခရီးသည်တင်ကား မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် ဓားပြတိုက်ခံရ

မန္တလေး-မြစ်ကြီးနား အဝေးပြေး လမ်းမကြီးပေါ်တွင် မတ် ၁၃ ရက်နေ့က သစ္စာလှိုင် ခရီးသည်တင် Express ကားတစ်စီး ဓားပြတိုက်ခံလိုက်ရပြီး ခရီးသည်များ၏ ဖုန်း၊ ပိုက်ဆံ နှင့် လက်ဝတ်ရတာများ လုယူသွားကြောင်း သိရသည်။

ယမန်နေ့ ည ၉ နာရီခွဲအချိန်ခန့် ​မန္တလေးမှ မြစ်ကြီးနားဘက်သို့တက်လာသည့် ယင်းခရီးသည်တင်ကားသည် မန္တလေး-မြစ်ကြီးနားလမ်းပိုင်း စစ်ကိုင်းတိုင်းအင်းတော်မြို့နယ် နတ်မဟုတ်ကြီးကျေးရွာအနီးတွင် ဓါးပြတိုက်ခံရခြင်းဖြစသည်ဟု အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက KNG သတင်းဌာနသို့ ပြောသည်။

”သစ္စာလှိုင်ဆိုတဲ့ Express ကားဓားပြတိုက်ခံလိုက်ရတာပါ။ စစ်ကောင်စီတပ်တွေက ကျနော်တို့ PDF ယောင်ဆောင်ပြီး တိုက်တာ ခရီးသည်တွေဆီက ဖုန်းတွေပိုက်ဆံတွေအကုန်ပါသွားတယ်။”ဟု ၎င်းကပြောသည်။

အဆိုပါလမ်းပိုင်းတွင် ခရီးသည်တင် Express ကားဓားပြတိုက်ခံရမှု တစ်လတွင်း ၄ ကြိမ်အထိ ဖြစ်ပွား ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ကားများဓားပြတိုက်ခံရမှုဖြစ်စဉ်များမှာ မတ်လ ၉ ရက်နေ့တွင် တစ်ကြိမ်၊ ၁၀ ရက်နေ့တွင် တစ်ကြိမ်၊ ၁၂ ရက်နေ့တွင်တစ်ကြိမ်နှင့် ယမန်နေ့က တစ်ကြိမ်စုစုပေါင်းလေးကြိမ် အထိဖြစ်ပွားခဲ့ပြီး ငွေးသားဓာပြတိုက်ခံမှု ကျပ် ၂ သိန်းမှ သိန်း ၂၀ အထိ လုယုဓားပြတိုက်ခံရမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့က သစ္စာလှိုင်ခရီးသည်တင်ကား ဓားပြတိုက်ခံရမှုနဲ့ပတ်သက်၍ ယင်းကားဂိတ်၏ မြစ်ကြီးနားဂိတ်မှူးကို ဆက်သွယ်မေးမြန်းရာ အခြေအနေအသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ခရီးသည်နဲ့ ကားဆရာများ၏ လက်ကိုင်ဖုန်းများပါသွားသည့်အတွက် ဆက်သွယ်ရခက်ခဲနေကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

”ကျနော်တို့ဘက်ကမရေရာသေးဘူးဗျ။ ဘယ်သူဘယ်ဝါဆိုတာ တိတိ ကျကျာမသိရသေးဘူးဖြစ်နေတယ်” ဟု ဂိတ်တာဝန်ခံက ပြောသည်။

ယင်းလမ်းပိုင်းတွင် ယခုကဲ့သို့ဓားပြတိုက်နေမှုမှာ စစ်ကောင်စီတပ် ဖွဲ့များသာဖြစ်ပြီး PDF ယောင်ဆောင်ကာ လုပ်ဆောင်နေကြောင်း Indaw PDF မှ တာဝန်ရှိသူတစ်ဦးက KNG သို့ပြောသည်။

”ကျနော်တို့လူတွေကစုံးစမ်းသိရှိထားတာ အဲ့ဓားပြတိုက်မှုနားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ချို့က အနောက်မှာ ကင်းပုန်းဝပ်တယ်။ တချို့တွေကတော့ သေနတ်အတိုလေးတွေနဲ့ PDF ဟန်ဆောင်ပြီးတော့ ဓားပြတိုက်တယ်ဗျ ကျနော်တို့ယူဆတာကတော့ကျနော်တို့ ထွက်လာအောင် မြှားခေါ်တဲ့ပုံစံမျိုးဗျ။ အနောက်မှာကင်းပုန်းဝပ်နေတဲ့ စစ်သားတွေက ကျနော်တို့လာရင်ပစ်မယ်ဆိုတဲ့သဘောမျိုး” ဟု ၎င်းက ပြောသည်။

ယင်းလမ်းပိုင်းတွင် ယခုကဲ့သို့ဖြစ်စဥ်မျိုး မကြာခဏဖြစ်ပွားနေခြင်းကြောင့် ကုန်ကားသမားများနှင့် ခရီးသည်တင်ကားများ မတ် ၁၄ ရက်နေ့မှစတင်၍ ညဘက်ဖြတ်သန်းသွားလာခြင်းမပြုကြရန် အင်းတော် PDF အဖွဲ့က မတ် ၁၃ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button