ရွှေတူးဖော်မှု၊ ချောင်းရေ ပျက်စီးမှုကြောင့် ဒေသခံများ နောက်ဆက်တွဲ ဆိုးကျိုး ခံစားရမည်ကို စိုးရိမ်

ပူတာအိုဒေသတွင် စက်ယန္တရားကြီးများဖြင့် အလွန်အကျွံ ရွှေတူးဖော်နေသောကြောင့် ဒေသတွင်း မြစ်ချောင်း ၄ ခု အရောင်းပြောင်းကာ ပျက်စီးနေပြီဟု ဒေသခံများ ပြောသည်။ ရွှေတူးဖော်မှုကြောင့် အောက်ရှန်ဂေါင်ကျေးရွာတွင် စီးဆင်းနေသော နမ့်ဟာချောင်းသည် မြစ်ချောင်းတစ်ခုလုံး အနီရောင်အဖြစ် အရောင်ပြောင်းသွားသဖြင့် ရွှေတူးဖော်ရေးလုပ်ငန်းများ အမြန်ရပ်တန့်ပေးရန် လိုအပ်သည်ဟု အောက်ရှန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုထားသည်။ “ရွှေတူးနေတဲ့ လုပ်ငန်းတွေကို အခုကတည်းကနေ ရပ်တန့်စေချင်ပါတယ်။ ဘယ်သူ့ရဲ့ ခွင့်ပြုချက်နဲ့ ဘယ်လိုလုပ်နေတယ်ဆိုတာက မသိရဘူး။ အခုဆိုရင်