နမ်ဆန်ယန် ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့မှု ငြိမ်းချမ်းရေးကော်မရှင်သို့ တိုင်ကြားထား
ကချင်ပြည်နယ်အနောက်ဘက် လီဒိုလမ်းမပေါ် ကျေးရွာများတွင် ယုဇနကုမ္ပဏီနှင့် ဒေသခံတို့ကြား မြေယာပြဿနာကြောင့် ရုန်းရင်းဆန်ခတ်မှု အကြိမ်ကြိမ် ဖြစ်ပွားနေသောကြောင့် အစိုရအဖွဲ့အား အမြန်ဆုံး လာရောက် ဖြေရှင်းစေလိုကြောင်း ဒေသခံများ တောင်းဆိုနေကြပါသည်။ ဇွန်လ ၇ရက်နေ့ နှောင်းမီကျေးရွာတွင် ယုဇနကုမ္ပဏီဘက်မှ ဒေသခံများ လုပ်ကိုင်စားသောက်နေသော လယ်ယာမြေဧက ၁၀၀ ခန့်တွင် ဘက်ဟိုး၊ ထွန်စက်များဖြင့် ဝင်ရောက်လာသဖြင့် ဒေသခံ ၃၀ ဦးခန့်နှင့် ကုမ္ပဏီဘက်မှ ၁၅ ဦးခန့်က ပြသာနာ ဖြစ်ပွားခဲ့ကြောင်း…
မိုးရာသီ ရောက်ပြီ ဖြစ်သော်လည်း မြစ်ကြီးနား ပလန ကျေးရွာ Trinity Camp စစ်ရှောင်စခန်းတွင် ခိုလှုံနေသော အင်ဂျန်းယန် စစ်ရှောင် ပြည်သူများသည် ရေရှားပါးမှုဒဏ် ကြုံတွေ့နေကြရကြောင်း သိရပါသည်။ “ရေတွင်းတစ်ခုဘဲရှိတော့ အဆင်မပြေဘူး။ အဲရေတွင်းလည်း ခနနဘဲရေစုပ်လို့ရတယ်။ ၁၅မိနစ်လောက်ဆို မရတော့ဘူး။ သောက်ရေနဲ့ ထမင်းချက်စားဖို့ရေကိုကျတော့ ဒီအနီးမှာရှိတဲ့ ဘုရားကျောင်းကနေ သုံးဘီးကနေ သွားခပ်ပေးတယ်။ ဒါပေမယ့် လုံလောက်မူမရှိဘူး။ ရေချိုးကြတာတော့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ အိမ်တွေမှာ သွားချိုးကြတယ်” ဆိုပြီး…
ဝိုင်းမော်မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော တရုတ်နိုင်ငံသား ၁၁ ဦးကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာန လ.ဝ.က ဥပဒေအရ ယနေ့ ဇွန်လ ၁၃ရက်နေ့ ပြည်နှင်ခဲ့ကြောင်းသိရပါသည်။ တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရသော ၁၁ ဦးအနက် ၁၀ ဦးမှာ မေလ ၂၆ရက်နေ့ ဆဒုံးမြို့ စုပေါင်းဂိတ်တွင် အထောက်အထားမပါဘဲ ဝင်ရောက်လာသူများဖြစ်ပြီး ၁ ဦးမှာ ယဉ်တိုက်မှုဖြင့် လ.၀.က မှ အရေးယူထားသူဖြစ်ကြောင်း သိရပါသည်။ ပြည်နှင်ခံရသော…
ကချင်ပြည်နယ် အနောက်ဘက် လီဒိုလမ်းမပေါ် ကျေးရွာနှင့်နီးကပ်လျှက်ရှိ ပြည်သူ့စခန်းသစ်ကို လုံခြုံရေးအရ စိုးရိမ်ရဖွယ်ရှိသောကြောင့် ရွှေ့ပြောင်းပေးရန် ဟူးကောင်းရွာသားများနှင့် စစ်ရှောင်များ တောင်းဆိုနေကြပါသည်။ အဆိုပါ ရှမ်းနီပြည်သူ့စစ် စခန်းကို မြန်မာစစ်တပ် ခလရ (၂၉၇) အကာအကွယ်ပေးမှုအောက် Shahtuzup ကျေးရွာ နှင့် Lawt Ja စစ်ရှောင်စခန်းများနှင့်နီးကပ်သည့် စံပြကျေးရွာတွင် မေလကတည်းက အခြေစိုက်လာခြင်းဖြစ်သည်။ ကျေးရွာနှင့်ကပ်ပြီး တပ်စခန်း မထားပေးရန်အတွက် တာဝန်ရှိသူနှင့်တွေ့ဆုံပြီး တင်ပြတောင်းဆိုခဲ့သော်လည်း ‘အထက်အမိန့်ကြောင့် လုပ်ရခြင်းဖြစ်သည်’ ဟု…
ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာ ပထမအကြိမ် နေရပ်ပြန် အစိုးရကျောင်းတွင် တာဝန်ထမ်းဆောင်ရန် ပညာရေးဝန်ထမ်း ကျောင်းဆရာ/ဆရာမ ၁၃ဦးကို ဇွန်လ ၆ရက်နေ့ ယနေ့ နံနက်ပိုင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ သွားရောက် ပို့ဆောင်ခဲ့ပါသည်။ “ကျနော်တို့ အဓိတော့ ပြည်နယ်ပညာရေးမှူး ညွန်ကြားချက်အရပေါ့။ အခုဖွင့်မယ့် နမ်ဆန်ယန် ကျောင်းမှာ တာဝန်ထမ်းဆောင်မယ့် ကျောင်းဆရာ ၁၃ဦးကို သွားရောက်ပို့ပေးတာပါ။ သူတို့က ကျောင်းသား ၂၀၀ခန့်ကို သွားရောက်သင်ကြားမှာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ရွာရှိရင် ကျောင်းရှိရမယ်။…
ကချင်ပြည်နယ် ချီဖွေ (Chipwi) စစ်ရှောင်စခန်းတွင် ကျရောက်သော (၁၁၀) မမ အမြောက်ဆံဟောင်း၏ အရင်းပိုင်းကို မြန်မာအစိုးရ စစ်သားများ ထုတ်ယူခဲ့သော်လည်း ပေါက်ကွဲနိုင်သည့် ထိပ်ဖူးအပိုင်းကို ကျန်ထားသောကြောင့် စစ်ရှောင်များ စိုးရိမ်နေကြပါသည်။ “လာတူးဖော်တာတော့ သိပ်မကြာသေးဘူး။ ကျနော်တို့က လာတူးကြပြီဆိုတော့ အရမ်းဝမ်းသာနေတာ ဒါပေမယ့် ပိုအန္တာရယ်ရှိတဲ့အပိုင်းက ချန်ထားသေးကြတော့ စိတ်က မအေးရသေးဘူး။ ဘယ်နေ့ပြန်လာဖော်မယ်ဆိုတာလည်း သေချာမသိသေးဘူး” ဟု စစ်ရှောင်တာဝန်ခံ တစ်ဦးဖြစ်သူ ဦးလဆော့လွမ်းဇေ (Lasaw Lum…
ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့တွင် တရားမ၀င်နေထိုင်နေသည့် တရုတ်နိုင်ငံခြားသား (၃)ဦးကို ဇွန်လ (၅) ရက်နေ့ မြစ်ကြီးနား-ကန်ပိုင်တီလမ်း ဆဒုံးစစ်ဆေးရေးဂိတ်တွင် ၀ိုင်းမော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ မှ စစ်ဆေးဖမ်းဆီးထားကြောင်း သတင်းရရှိသည်။ ယင်းတရုတ်နိုင်ငံခြားသား ၃ ဦးမှာ နေထိုင်ခွင့်အမိန့် ခွင့်ပြုရက်ကာလ (၁)လ ကျော်ချိန်မှ ယခုလို အဖမ်းဆီး ခံရခြင်းဖြစ်ပြီး ယဉ်မောင်းလိုင်စဉ်မဲ့ကား မောင်းနှင်သူ ဦး ရန်မိုက်လွင်မှာ မြန်မာနိုင်ငံသား ဖြစ်ကြောင်း သိရသည်။ “ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးတွေအတွက် သစ္စာမရှိဘူးပေါ့။…
ကချင်ပြည်နယ် ချီဖွေမြို့နယ်တွင်းရှိ စစ်ရှောင်များအား မိမိဆန္ဒအလျောက်ပြောင်းရွှေ့နေထိုင်လိုသူများအတွက် ပထမဆုံးအကြိမ် စီမံကိန်းအိမ်ယာများ ဆောက်လုပ်ဆောင်ပေးနေပြီဖြစ်ကြောင်း စစ်ရှောင်တာဝန်ခံများက ဆိုသည်။ Chipwe (ချီဖွေ)မြို့နယ်တွင်းရှိ လော်ဝေါ်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (LBC)နှင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှ အသင်းတော်များတွင် ခိုလှုံနေထိုင်ကြသည့် စစ်ရှောင်များ မိမိဆန္ဒအလျောက်ပြောင်းရွှေ့နေထိုင်လိုသည့် အိမ်ထောင်စုများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပထမဆုံးအကြိမ်အဖြစ် စီမံကိန်း အိမ်ယာဆောက်လုပ်ပေးပြီး စတင်ပြောင်းရွှေ့ထားပြီ ဖြစ်ကြောင်း လော်ဝေါ်နှစ်ခြင်းအသင်းတော်မှ စစ်ရှောင်တာဝန်ခံများထံမှ သိရသည်။ “ပြောင်းရွှေ့နေထိုင်ချင်တဲ့သူတွေ နာမည်စာရင်း လိုက်ကောက်တဲ့ချိန်မှာ ပြောင်းချင်တဲ့သူတွေက အရမ်းများနေကြတဲ့ချိန်ကျတော့ မဲစနစ်နဲ့ဘဲလုပ်လိုက်ရတယ်။…
ကချင်ပြည်နယ် ချီဖွေမြို့တွင် ကမ္ဘာ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အား အထိမ်းအမှတ်ပြုသည့်အနေနှင့် ဇွန်လ ၅ရက်နေ့ သစ်ပင်စိုက်သည့်အစီစဉ်ပြုလုပ်ခဲ့ကြောင်း လောင်ဗျစ်ခေါင် အရပ်ဘက်အဖွဲအစည်းမှ သိရသည်။ “ကျနော်တို့ ချီဖွေမှာ ခု၂၀၁၀နောက်ပိုင်း မြေပြိုမှုတွေ ခနနပိုများလာတယ်။ မိုးရွာမယ့်ချိန်ကျ မိုးမရွာဘူး ရာသီဥတုကပိုဆိုးလာတယ်။ ဒါတွေအားလုံးကို ပညာရှိတဲ့သူတွေရော ပညာမရှိတဲ့သူတွေရော ဒီအရာတွေအားလုံးဟာ သဘာဝပတ်ဝန်းကျင် ပျက်စီးလို့ဆိုတာ အသိတရားတော့ ရှိလာကြတယ်။ ဒါပေမယ့် သစ်ပင်စိုက်ဖို့ကျတော့ ပြည်သူတွေရဲ့စိတ်ထဲမှာ အဲလောက်မရှိသေးဘူး အဲဒါကြောင့် ကျနော်တို့ ပထမဆုံးစံပြအနေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာ…
ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ၀ိုင်းမော် ဒုက္ခသည်စခန်းများမှ Nam San Yang နေရပ်သို့ ပြန်လာကြသည့် ကချင်စစ်ရှောင်ရွာသားများ ရာသီဥတု အလွန်ပူပင်းမှုအောက် သောက်သုံးရေ မရှိ အခက်အခဲနှင့် ပြန်လည်ကြံတွေ့နေရကြောင်း စစ်ရှောင်များ နေရပ်ပြန်လာရေး ဦးဆောင်သူများ ဆိုပါသည်။ တိုက်ပွဲကြောင့် ၈နှစ်ကြာ ပစ်ထားခဲ့ရသည့် ကျေးရွာရှိ ရေတွင်းများတွင် ရေခမ်းခြောက်ကုန်သောကြောင့် သောက်သုံးရေရှားပါးသည့် ပြဿနာရင်ဆိုင်နေရသည်ဟု Nam San Yang စစ်ရှောင်များ နေရပ်ပြန်ရာရေး ဦးဆောင်ကူညီပေးသူ ကချင်နာမည်ကျော်…