သတင်း

၂၀၁၉ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ကာကွယ်သူအဖြစ် ကချင်လူငယ် ၂ဦး ဂုဏ်ပြုခံရ

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထူးချွန်စွာ ကာကွယ်ကျင့်သုံးသူများအဖြစ် ကချင် စစ်ရှောင်အရေးလှုပ်ရှားသူ လူငယ် ၂ ဦးအား PEN MYANMAR မှ ၂၀၁၉ ခုနှစ် Freedom of Expression Award ကို ဂုဏ်ပြု ချီးမြှင့်ခဲ့ ပါသည်။

ယုံကြည်ချက်ကို ခိုင်ခိုင်မာမာဆုတ်ကိုင်ကာ လွတ်လပ်စွာ ထုတ်ဖော်တင်ဆက်ခဲ့မှုအတွက် ပဲန်မြန်မာမှ ၂၀၁၉ အတွင်း လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ထူးချွန်စွာကာကွယ် ကျင့်သုံးသူများအဖြစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ ရန်ကုန်မြို့တွင် တွင် ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားပါသည်။

“သက်ဆိုင်တဲ့ အစိုးရအနေနဲ့ အစိုးရကောင်းဖြစ်ချင်တယ်ဆိုရင် ပြည်သူတွေ ထုတ်ဖော်ပြတဲ့အရာတွေကို လက်ခံရမယ်။ အခုလို လုပ်တာက ကျမတို့ အစိုးရကို ခြိမ်းခြောက်တာလည်း မဟုတ်ဘူးလေ လက်ခံပေးသင့်တယ်။ လက်ခံပေးမှ ကျမတို့ဖွံ့ဖြိုးတိုးတတ်တဲ့ နိုင်ငံဖြစ်လာမယ်။ ဝေဖန်မခံနိုင်တဲ့ အစိုးရက ကောင်းမွန်တဲ့ အစိုးရဖြစ်လာဖို့ မလွယ်ဘူး။ အစိုးရတစ်ခုဖြစ်နေတဲ့အတွက် ဝေဖန်မှုဒဏ်ကို ခံနိုင်ရမယ်။ ပြည်သူတွေရဲ့အသံကို နားထောင်ပေးရမယ်။” ဟု မ Seng Nu Pan (ဆိုင်းနူးပန်) က ဆိုပါသည်။

ကချင်စစ်ဘေး (၈) နှစ်ပြည့် စစ်ရှောင်ပြည်သူများ၏ ခံစားချက်ကို လမ်းဘေး တေးသရုပ်ဖော်ပြရာတွင် ခွင့်ပြုမိန့် တောင်းခံခြင်း မရှိဟုဆိုကာ ဦးဆောင်သူ ကိုပေါလုနှင့် မဆိုင်းနူးပန်တို့ ၂ ဦးအား မြစ်ကြီးနား မြို့နယ် တရားရုံးမှ စက်တင်ဘာ ၂ ရက်နေ့ ထောင်ဒဏ် ၁၅ ရက်ချမှတ်ခဲ့ပါသည်။ ယင်း တရားစီရင်မှုကို မျှတမှုမရှိဟုဆိုကာ တရားသူကြီးအား ချိန်ခွင်ပြတ်ပေးသော ကိုပေါလုကို ထောင်ဒဏ် ၃ လ ထပ်မံ ချမှတ်ခံခဲ့ရခြင်းဖြစ်ပါသည်။

အကျဉ်းချခံရသော မဆိုင်းနူးပန်သည် စက်တင်ဘာ ၁၆ ရက်နေ့ လွတ်မြောက်ခဲ့ပြီး၊ ကိုပေါလုသည် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် လွတ်မြောက်ခဲ့ပါသည်။

ကချင်ပြည်နယ်တွင် လူ့အခွင့်အရေးနှင့် ပက်သက်ပြီး တောင်းဆိုခဲ့ကြသည့်သူများမှာ အကျဉ်းထောင်အတွင်း အကျဉ်းချခံနေရခြင်း ၊ တရားစွဲခံနေရခြင်း ၊ ခြိမ်းခြောက်ခံရခြင်းနှင့် အသတ်ခံခဲ့ရသူများ ရှိနေသောကြောင့် ၎င်းတို့ကို အသိမှတ်ပြုရမယ်ဟု ဆက်ဆိုထားသည်။

“ကျနော်တို့က ကျနော်တို့လိုချင်တဲ့ ပန်းတိုင်ကို မရောက်သေးသရွေ့ ရှေ့ဆက်လုပ်ဆောင်သွားဖို့ပဲ ရှိတယ်။ အခုက ကျနော်တို့ကို ဥပဒေ လက်တစ်လုံးခြားကြောင့် အခုလိုထောင်ကျ ခံရတာ။ ကျနော် ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ အရာမှန်သမျှကို အသက်ရှင်နေသ၍ ကျနော် တက်နိုင်သလောက် သိသလောက် ဆက်လက် လုပ်ဆောင်သွား မယ်။” ဟု ကို Paul Lu (ပေါလု) က ပြောပါသည်။

၂၀၁၁ ခုနှစ် တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် တို့ကြား တစ်ကျော့ပြန် တိုက်ပွဲများကြောင့် လက်ရှိအချိန်ထိ စစ်ရှောင်စခန်း ၁၃၀ ကျော်တွင် ခိုလှုံနေသူ လူဦးရေ တစ်သိန်းနီးပါး ရှိပြီး ယခုတွင် စစ်ရှောင်ကာလ (၉) နှစ်ရှိလာပြီ ဖြစ်ပါသည်။

Zawgyi

လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ကို ထူးခြၽန္စြာ ကာကြယ္က်င့္သူမ်ားအျဖစ္ ကခ်င္ စစ္ေရွာင္အေရးလႈပ္ရွားသူ လူငယ္ ၂ ဦးအား PEN MYANMAR မွ ၂၀၁၉ ခုႏွစ္ Freedom of Expression Award ကို ဂုဏ္ျပဳ ခ်ီးျမႇင့္ခဲ့ပါသည္။

ယုံၾကည္ခ်က္ကို ခိုင္ခိုင္မာမာဆုတ္ကိုင္ကာ လြတ္လပ္စြာ ထုတ္ေဖာ္တင္ဆက္ခဲ့မႈအတြက္ ပဲန္ျမန္မာမွ ၂၀၁၉ အတြင္း လြတ္လပ္စြာ ေရးသားထုတ္ေဖာ္ေျပာဆိုခြင့္ကို ထူးခြၽန္စြာကာကြယ္ က်င့္သုံးသူမ်ားအျဖစ္ ဒီဇင္ဘာလ ၂၈ ရက္ေန႔ ရန္ကုန္ၿမိဳ႕တြင္ တြင္ ခ်ီးျမႇင့္ခဲ့ျခင္း ျဖစ္သည္ဟု ထုတ္ျပန္ထားပါသည္။

“သက္ဆိုင္တဲ့ အစိုးရအေနနဲ႔ အစိုးရေကာင္းျဖစ္ခ်င္တယ္ဆိုရင္ ျပည္သူေတြ ထုတ္ေဖာ္ျပတဲ့အရာေတြကို လက္ခံရမယ္။ အခုလို လုပ္တာက က်မတို႔ အစိုးရကို ၿခိမ္းေျခာက္တာလည္း မဟုတ္ဘူးေလ လက္ခံေပးသင့္တယ္။ လက္ခံေပးမွ က်မတို႔ဖြံ႕ၿဖိဳးတိုးတတ္တဲ့ ႏိုင္ငံျဖစ္လာမယ္။ ေဝဖန္မခံႏိုင္တဲ့ အစိုးရက ေကာင္းမြန္တဲ့ အစိုးရျဖစ္လာဖို႔ မလြယ္ဘူး။ အစိုးရတစ္ခုျဖစ္ေနတဲ့အတြက္ ေဝဖန္မႈဒဏ္ကို ခံႏိုင္ရမယ္။ ျပည္သူေတြရဲ႕အသံကို နားေထာင္ေပးရမယ္။” ဟု မ Seng Nu Pan (ဆိုင္းႏူးပန္) က ဆိုပါသည္။

ကခ်င္စစ္ေဘး (၈) ႏွစ္ျပည့္ စစ္ေရွာင္ျပည္သူမ်ား၏ ခံစားခ်က္ကို လမ္းေဘး ေတးသ႐ုပ္ေဖာ္ျပရာတြင္ ခြင့္ျပဳမိန႔္ ေတာင္းခံျခင္း မရွိဟုဆိုကာ ဦးေဆာင္သူ ကိုေပါလုႏွင့္ မဆိုင္းႏူးပန္တို႔ ၂ ဦးအား ျမစ္ႀကီးနား ၿမိဳ႕နယ္ တရား႐ုံးမွ စက္တင္ဘာ ၂ ရက္ေန႔ ေထာင္ဒဏ္ ၁၅ ရက္ခ်မွတ္ခဲ့ပါသည္။ ယင္း တရားစီရင္မႈကို မွ်တမႈမရွိဟုဆိုကာ တရားသူႀကီးအား ခ်ိန္ခြင္ျပတ္ေပးေသာ ကိုေပါလုကို ေထာင္ဒဏ္ ၃ လ ထပ္မံ ခ်မွတ္ခံခဲ့ရျခင္းျဖစ္ပါသည္။

အက်ဥ္းခ်ခံရေသာ မဆိုင္းႏူးပန္သည္ စက္တင္ဘာ ၁၆ ရက္ေန႔ လြတ္ေျမာက္ခဲ့ၿပီး၊ ကိုေပါလုသည္ ဒီဇင္ဘာ ၁၆ ရက္ေန႔တြင္ လြတ္ေျမာက္ခဲ့ပါသည္။

ကခ်င္ျပည္နယ္တြင္ လူ႔အခြင့္အေရးႏွင့္ ပက္သက္ၿပီး ေတာင္းဆိုခဲ့ၾကသည့္သူမ်ားမွာ အက်ဥ္းေထာင္အတြင္း အက်ဥ္းခ်ခံေနရျခင္း ၊ တရားစြဲခံေနရျခင္း ၊ ၿခိမ္းေျခာက္ခံရျခင္းႏွင့္ အသတ္ခံခဲ့ရသူမ်ား ရွိေနေသာေၾကာင့္ ၎တို႔ကို အသိမွတ္ျပဳရမယ္ဟု ဆက္ဆိုထားသည္။

“က်ေနာ္တို႔က က်ေနာ္တို႔လိုခ်င္တဲ့ ပန္းတိုင္ကို မေရာက္ေသးသေ႐ြ႕ ေရွ႕ဆက္လုပ္ေဆာင္သြားဖို႔ပဲ ရွိတယ္။ အခုက က်ေနာ္တို႔ကို ဥပေဒ လက္တစ္လုံးျခားေၾကာင့္ အခုလိုေထာင္က် ခံရတာ။ က်ေနာ္ ျပည္သူေတြနဲ႔ သက္ဆိုင္တဲ့ အရာမွန္သမွ်ကို အသက္ရွင္ေနသ၍ က်ေနာ္ တက္ႏိုင္သေလာက္ သိသေလာက္ ဆက္လက္ လုပ္ေဆာင္သြား မယ္။” ဟု ကို Paul Lu (ေပါလု) က ေျပာပါသည္။

၂၀၁၁ ခုႏွစ္ တပ္မေတာ္ႏွင့္ ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA ႏွင့္ တို႔ၾကား တစ္ေက်ာ့ျပန္ တိုက္ပြဲမ်ားေၾကာင့္ လက္ရွိအခ်ိန္ထိ စစ္ေရွာင္စခန္း ၁၃၀ ေက်ာ္တြင္ ခိုလႈံေနသူ လူဦးေရ တစ္သိန္းနီးပါး ရွိၿပီး ယခုတြင္ စစ္ေရွာင္ကာလ (၉) ႏွစ္ရွိလာၿပီ ျဖစ္ပါသည္။

Show More

Related Articles

Back to top button