၇၂ နှစ်ပြည့် ကချင်ပြည်နေ့ မနောပွဲသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်ပါဝင်မည်
Unicode
ကချင် မျိုးနွယ်စုဝင်များကြား အငြင်းပွားမှုရှိနေသော (၇၂) နှစ်ပြည့် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လာရောက်ပါဝင်မည်ဖြစ်ပြီး ပွဲတော် နာမည်ကိုလည်း ယခင်အတိုင်း ‘Jinghpaw Mungdaw Nhtoi’ ကချင်ဘာသာဖြင့် အသုံးပြုရန် စီစဉ်နေသည်ဟု သိရပါသည်။
ကချင်ပြည်နယ်အစိုးရ တာဝန်ယူ ပြုလုပ်မည့် ယခုနှစ် ကချင်ပြည်နယ်နေ့တွင် ပွဲတော်ခေါင်းစဉ်ကို ‘ကချင်စာဖြင့် မရေးဘဲ မြန်မာစာဖြင့်သာဖော်ပြရန်’ ပွဲစီစဉ်နေမှုကြောင့် ကချင်မျိုးနွယ်စုဝင်တချို့ ယနေ့ ဇန်နဝါရီ ၇ ရက်နေ့ မနက် စီတာပူ မနောကွင်းရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ပါသည်။
ထိုသို့ ဖော်ထုတ်နေစဉ် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှာ ကြားဝင်ညှိနှိုင်းပြီးနောက် ကချင်စာဖြင့်လည်း ဖော်ပြရန် သဘောတူညီမှု ရရှိခဲ့သဖြင့် ဆန္ဒပြသည့်အစီစဉ် ရပ်တန့်သွားခဲ့သည်ဟု သိရပါသည်။
“PCG အနေနဲ့ နှစ်ဖက်စလုံး ပြေလည်ဖို့ အခု ၂၀၂၀ ခုနှစ်မှာ ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတော်မှာ ‘Kachin State Day’ နဲ့ ‘Jinghpaw Mungdaw Nhtoi’ ဆိုတဲ့ ခေါင်းစဉ်ကို သုံးသွားဖို့ ပြောတော့ ဒီမနက်ဆန္ဒပြ လာကြတဲ့သူတွေက Jinghpaw Mungdaw Nhtoi ပါရင် ဘာ မလိုတော့ဘူး။ ဆန္ဒမပြတော့ဘူးဆိုပြီး သူတို့ပြန် သွားကြတယ်။ ကျနော်တို့ လူမျိူး ကြားမှာ အတိုက်အခိုက်မရှိပဲ ကောင်းကောင်းမွန်မွန် လုပ်နိုင်အောင် အရင်က နာမည်ကိုပဲ သုံးပြီး တနေ့နေ့ ကျနော်တို့ ပြည်သူလူထုတွေနဲ့ တွေ့ဆုံပြီး ပြည်သူတွေ အများဆုံး လိုလားတာကို ကိုင်ဆောင်ကြရအောင် ဆိုပြီး ပိတ်သိမ်းလိုက်တယ်။” ဟု ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ PCG မှ လမိုင် ဂွမ်ဂျာက ဆိုပါသည်။
လွန်ခဲ့သည့် (၇၁) နှစ်ပြည့် ကချင်ပြည်နယ်နေ့ အခမ်အနားသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်ပါဝင်ခဲ့သလို၊ ယခုနှစ်တွင်လည်း ကိုယ်တိုင် လာရောက်ပါဝင်မည်ဟု သိရပါသည်။
ဇန်နဝါရီလ ၉ ရက်နေတွင် အဖွင့်အခမ်းအနား ပြုလုပ်မည်ဖြစ်ပြီး၊ ကချင်ပြည်နယ်နေ့ ကျရောက်သော ဇန်နဝါရီ ၁၀ ရက်နေ့တွင် မနောအကဖြင့် ပြုလုပ်သွားမည်ဟု ပွဲစီစဉ် သူများပြောပါသည်။
“အားလုံးက ပြည်နယ်အစိုးရ လုပ်တာ။ လိုအပ်တဲ့တာဝန် နေရာကနေ ကူညီပေးဖို့ပဲရှိတယ်။ ဒီမနက် ဆန္ဒပြတာတော့ ကြားမိပါတယ်။ ဘာအတွက်ပြတယ်ဆိုတာတော့ သေချာမသိဘူး။ ကျနော်တိုကတော့ လိုအပ်တဲ့နေရာတွေမှာပဲ ကူညီသွားမယ်။ ကျန်တာတော့ ထွေထွေထူးထူူး မရှိပါဘူး။” ဟု ကချင်ရိုးရာယဉ်ကျေးမှုအသင်း WHG မှ အထွေထွေအတွင်းရေးမှူး ဦး Hpare Hkaw Luk မှ ကချင်သတင်းဌာန KNG ကို ပြောပါသည်။
(၇၂) နှစ်ပြည့် ကချင်ပြည်နယ်နေ့ကို ကချင်ရိုးရာယဉ်ကျေးမှုအသင်း WHG ဦးဆောင်ပြုလုပ်ရန် ပထမစီစဉ်ခဲ့သော်လည်း ‘Jinghpaw Mungdaw Nhtoi’ ဆိုသည့် ပွဲတော်ခေါင်းစဉ်မပါခဲ့သဖြင့် ကချင်မျိုးနွယ်စုကြား အငြင်းပွားမှုဖြစ်ပွားပြီးနောက် ရိုးရာယဉ်ကျေးမှု မနောပွဲနှင့် ဈေးရောင်းပွဲတော် အစီစဉ်အဖြစ်သာ ပြုလုပ်ရန် ဖေဖော်ဝါရီလသို့ ရက်ရွေ့ခဲ့ပါသည်။
ZawGyi
ကခ်င္ မ်ိဳးႏြယ္စုဝင္မ်ားၾကား အျငင္းပြားမႈရွိေနေသာ (၇၂) ႏွစ္ျပည့္ ကခ်င္ျပည္နယ္ေန႔အခမ္းအနားသို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္လာေရာက္ပါဝင္မည္ျဖစ္ၿပီး ပြဲေတာ္ နာမည္ကိုလည္း ယခင္အတိုင္း ‘Jinghpaw Mungdaw Nhtoi’ ကခ်င္ဘာသာျဖင့္ အသုံးျပဳရန္ စီစဥ္ေနသည္ဟု သိရပါသည္။
ကခ်င္ျပည္နယ္အစိုးရ တာဝန္ယူ ျပဳလုပ္မည့္ ယခုႏွစ္ ကခ်င္ျပည္နယ္ေန႔တြင္ ပြဲေတာ္ေခါင္းစဥ္ကို ‘ကခ်င္စာျဖင့္ မေရးဘဲ ျမန္မာစာျဖင့္သာေဖာ္ျပရန္’ ပြဲစီစဥ္ေနမႈေၾကာင့္ ကခ်င္မ်ိဳးႏြယ္စုဝင္တခ်ိဳ႕ ယေန႔ ဇန္နဝါရီ ၇ ရက္ေန႔ မနက္ စီတာပူ မေနာကြင္းေရွ႕တြင္ ဆႏၵေဖာ္ထုတ္ခဲ့ပါသည္။
ထိုသို႔ ေဖာ္ထုတ္ေနစဥ္ ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္အဖြဲ႕ PCG မွာ ၾကားဝင္ညႇိႏႈိင္းၿပီးေနာက္ ကခ်င္စာျဖင့္လည္း ေဖာ္ျပရန္ သေဘာတူညီမႈ ရရွိခဲ့သျဖင့္ ဆႏၵျပသည့္အစီစဥ္ ရပ္တန႔္သြားခဲ့သည္ဟု သိရပါသည္။
“PCG အေနနဲ႔ ႏွစ္ဖက္စလုံး ေျပလည္ဖို႔ အခု ၂၀၂၀ ခုႏွစ္မွာ ကခ်င္ျပည္နယ္ေန႔ အထိမ္းအမွတ္ မေနာပြဲေတာ္မွာ ‘Kachin State Day’ နဲ႔ ‘Jinghpaw Mungdaw Nhtoi’ ဆိုတဲ့ ေခါင္းစဥ္ကို သုံးသြားဖို႔ ေျပာေတာ့ ဒီမနက္ဆႏၵျပ လာၾကတဲ့သူေတြက Jinghpaw Mungdaw Nhtoi ပါရင္ ဘာ မလိုေတာ့ဘူး။ ဆႏၵမျပေတာ့ဘူးဆိုၿပီး သူတို႔ျပန္ သြားၾကတယ္။ က်ေနာ္တို႔ လူမ်ိဴး ၾကားမွာ အတိုက္အခိုက္မရွိပဲ ေကာင္းေကာင္းမြန္မြန္ လုပ္ႏိုင္ေအာင္ အရင္က နာမည္ကိုပဲ သုံးၿပီး တေန႔ေန႔ က်ေနာ္တို႔ ျပည္သူလူထုေတြနဲ႔ ေတြ႕ဆုံၿပီး ျပည္သူေတြ အမ်ားဆုံး လိုလားတာကို ကိုင္ေဆာင္ၾကရေအာင္ ဆိုၿပီး ပိတ္သိမ္းလိုက္တယ္။” ဟု ၿငိမ္းခ်မ္းေရးေဆြးေႏြးေရး အက်ိဳးေဆာင္အဖြဲ႕ PCG မွ လမိုင္ ဂြမ္ဂ်ာက ဆိုပါသည္။
လြန္ခဲ့သည့္ (၇၁) ႏွစ္ျပည့္ ကခ်င္ျပည္နယ္ေန႔ အခမ္အနားသို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ လာေရာက္ပါဝင္ခဲ့သလို၊ ယခုႏွစ္တြင္လည္း ကိုယ္တိုင္ လာေရာက္ပါဝင္မည္ဟု သိရပါသည္။
ဇန္နဝါရီလ ၉ ရက္ေနတြင္ အဖြင့္အခမ္းအနား ျပဳလုပ္မည္ျဖစ္ၿပီး၊ ကခ်င္ျပည္နယ္ေန႔ က်ေရာက္ေသာ ဇန္နဝါရီ ၁၀ ရက္ေန႔တြင္ မေနာအကျဖင့္ ျပဳလုပ္သြားမည္ဟု ပြဲစီစဥ္ သူမ်ားေျပာပါသည္။
“အားလုံးက ျပည္နယ္အစိုးရ လုပ္တာ။ လိုအပ္တဲ့တာဝန္ ေနရာကေန ကူညီေပးဖို႔ပဲရွိတယ္။ ဒီမနက္ ဆႏၵျပတာေတာ့ ၾကားမိပါတယ္။ ဘာအတြက္ျပတယ္ဆိုတာေတာ့ ေသခ်ာမသိဘူး။ က်ေနာ္တိုကေတာ့ လိုအပ္တဲ့ေနရာေတြမွာပဲ ကူညီသြားမယ္။ က်န္တာေတာ့ ေထြေထြထူးထူူး မရွိပါဘူး။” ဟု ကခ်င္႐ိုးရာယဥ္ေက်းမႈအသင္း WHG မွ အေထြေထြအတြင္းေရးမႉး ဦး Hpare Hkaw Luk မွ ကခ်င္သတင္းဌာန KNG ကို ေျပာပါသည္။
(၇၂) ႏွစ္ျပည့္ ကခ်င္ျပည္နယ္ေန႔ကို ကခ်င္႐ိုးရာယဥ္ေက်းမႈအသင္း WHG ဦးေဆာင္ျပဳလုပ္ရန္ ပထမစီစဥ္ခဲ့ေသာ္လည္း ‘Jinghpaw Mungdaw Nhtoi’ ဆိုသည့္ ပြဲေတာ္ေခါင္းစဥ္မပါခဲ့သျဖင့္ ကခ်င္မ်ိဳးႏြယ္စုၾကား အျငင္းပြားမႈျဖစ္ပြားၿပီးေနာက္ ႐ိုးရာယဥ္ေက်းမႈ မေနာပြဲႏွင့္ ေဈးေရာင္းပြဲေတာ္ အစီစဥ္အျဖစ္သာ ျပဳလုပ္ရန္ ေဖေဖာ္ဝါရီလသို႔ ရက္ေ႐ြ႕ခဲ့ပါသည္။