သတင်း

မြစ်ကြီးနား ကားကြီးကွင်းတွင် ကိုဗစ် အတည်ပြုလူနာတစ်ဦး ထပ်တိုး

မြစ်ကြီးနား မြစ်ဖျားဧရာ ကားကြီးကွင်းရှိ လင်းကမ္ဘာကားဂိတ် ဝန်ထမ်းတစ်ဦးတွင် Covid-19 ပိုးတွေ့ရှိကြောင်း ကချင်ပြည်နယ် Covid-19 အရေးပေါ်တုံ့ပြန်ရေးနှင့် ကာကွယ်ရေးကော်မတီမှ သိရသည်။

အဆိုပါ ပိုးတွေ့ရှိသူသည် အောက်တိုဘာလ ၁၉ ရက်နေ့တွေ့ရှိသည့် အချဉ်ပေါင်းရောင်းသူမှ ထပ်ဆင့်ကူးစက်ခြင်းဖြစ်ကြောင်း ဒုညွှန်ကြားရေးမှူး ဦးတင့်နိုင်က ပြောသည်။

“အချဉ်ပေါင်းသည်ဆီမှာ ကူးတာဖြစ်တယ်လို့ သိရတယ်။ ခုပိုးတွေ့တဲ့သူက အချဉ်ပေါင်းသည်နဲ့ ဆက်စပ်ပြီးတော့ Quarantine ထားထားတဲ့သူဖြစ်တယ်။ ခုသူနဲ့ထိတွေ့ခဲ့တဲ့သူက ၆ယောက်ရှိပြီလို့ သိရတယ်။ အဲလူတွေကိုလည်း စောင့်ကြည့်ဖို့လုပ်နေပါပြီ။ ပြီးတော့ လိုအပ်တာတွေ ကားဂိတ်တွေကို အသွားလာကန့်သတ်ဖို့တွေက ဆက်ပြီးဆောင်ရွက်နေဆဲဖြစ်တယ်။” ဟု ဒုညွှန်ကြားရေးမှူး ဦးတင့်နိုင် က ပြောသည်။

မြစ်ကြီးနားမြို့တွင် ဒေသတွင်းကူးစက်မူကြီးဖြစ်လာသည့်အတွက် အတတ်နိုင်ဆုံး ကျန်းမရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အတိုင်းလိုက်ရန် ၎င်းက ထပ်မံဖြည့်စွက်ပြောဆိုသည်။

အချဉ်ပေါင်းရောင်းသည့် အမျိုးသမီးသည် ရမ်ပူရက်ကွက်နယ်မြေ (၂၂) တွင်နေထိုင်သူဖြစ်ပြီး မိသားစုဝင် ကိုးဦးရှိကာ လက်ရှိချိန်တွင် ၎င်း၏နေအိမ်အား အသွားအလာကန့်သတ်ထားသည့်အပြင် မိသားစုဝင်များကိုလည်း နေအိမ်တွင် Stay at Home အဖြစ်ထားရှိကာ ၎င်းနဲ့ထိတွေ့သူများအား Q ထားရမှ ပိုးတွေ့တစ်ဦး ထပ်တွေ့ခြင်းဖြစ်သည်။

အဆိုပါ ကူးစက်သူသည် လင်းကမ္ဘာ ကားဂိတ်မှ အသက် ၁၉နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်သည်။ ကချင်ပြည်နယ်တွင်
အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပိုးတွေ့လူနာ ၃ဦး ထပ်တိုးခဲ့ပြီး နောက်ထပ် ၂ ဦးမှာ မိုးညှင်းမှတစ်ဦး၊ မိုးကောင်းမှ တစ်ဦးဖြစ်သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အောက်တိုဘာလ ၂၀ ရက်နေ့ထိ ပိုးတွေ့လူနာပေါင်း ၁၁၉ ဦးရှိပြီး ဆေးရုံဆင်းပြီးသူသည် ၇၅ ဦးရှိပြီဖြစ်သည်။

Show More

Related Articles

Back to top button