သတင်း

ကချင်ပြည်နယ်တွင် ၅ နှစ်အတွင်း အခွန်ပေါင်း ကျပ် ဘီလီယံချီ ကောက်ခံရရှိ

ကချင်ပြည်နယ် လွန်ခဲ့သည့် အစိုးရသက်တမ်း ၅နှစ်အတွင်း ပြည်နယ်အခွန်ဦးစီးဌာနမှ ကောက်ခံရသည့်အခွန်ငွေစုစုပေါင်း ၂၈၈၂၆.၁၄၂ ဘီလီယံကောက်ခံရရှိကြောင်း ဒီဇင်ဘာလ ၁၉ ရက်နေ့ ကျင်းပသည့် ဒုတိယအကြိမ် ကချင်ပြည်နယ် လူထုအမြင်ဖွင့် ပညာပေးပွဲမှ သိရသည်။

ပြည်တွင်းအခွန်ဦးစီးဌာနမှ ကောက်ခံရသော အခွန်အမျိုးအစားမျိုး (၆)မျိုးသည် ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ အောင်ဘာလေသိန်းဆုခွန်၊ တံဆိပ်ခေါင်းခွန်၊ အထူးကုန်စည်ခွန်၊ ရတနာခွန် တို့ဖြစ်သည်။

ကချင်ပြည်နယ်အခွန်ဦးစီးဌာနမှ ဘဏ္ဍာနှစ်အလိုက်ကောက်ခံရရှိထားသော ဘဏ္ဍာရံပုံငွေများမှာ ဘီလီယံ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ၁၅၉၀.၉၂၀၊ ၂၀၁၇-၂၀၁၈ ခုနှစ် ၁၀၈၁၁.၄၆၃၊၂၀၁၈-၂၀၁၉ခုနှစ် ၅၈၉၈.၅၃၄၊ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ၁၀၅၂၅.၂၂၅ ရရှိခဲ့ကြောင်းသိရသည်။

အဆိုပါကောက်ခံရသည့် အခွန်အမျိုးအစား (၆) မျိုးအနက် အထူးကုန်စည်ခွန်နဲ့ပတ်သက်ပြီး ယခုလို ပြောသည်။

“အထူးကုန်စည်ခွန်ကတော့ ပထမတော့ သီးခြားမရှိဘဲနဲ့ ဘယ်ကုန်စည်ကိုဘဲဖြစ်ဖြစ် ကုန်သွယ်လုပ်ငန်းခွင်၊ဝင်ငွေခွန် အဲလိုကောက်ခံခဲ့ရာကနေ ၂၀၁၄ခုနှစ်ကစပြီးတော့ အထူးကုန်စည်ခွန်အနေနဲ့ ကုန်စည်တွေကို သီးခြားသတ်မှတ်ပြီးတော့ ကျန်းမာရေးအတွက် အန္တာရယ်ရှိတဲ့ပစ္စည်းမျိုး၊ထူးခြားရှားပါးတဲ့ပစ္စည်းမျိုး၊ သယံဇာတနဲ့ပတ်သက်တဲ့ ကုန်ပစ္စည်းမျိုးတွေ ဒါမျိုးတွေကို အထူးကုန်စည်ခွန်အနေနဲ့သတ်မှတ်ပြီးတော့ ကောက်ခံခဲ့ရာကနေ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ထိအောင် အဲလိုကောက်ခံခဲ့ပြီးတော့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကနေစပြီးတော့ အထူးကုန်စည်ခွန်ထဲမှာပါဝင်တဲ့ ကျောက်မျက်ရတနာတွေကို ရတာခွန်ဆိုပြီး သီးခြားကောက်ခွန်ခဲ့တယ်။” ဟု ကချင်ပြည်နယ်အခွန်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲထွန်းဝင်း က ပြောသည်။

ပြည်တွင်းတွင် ကုန်သွယ်မူအပေါ် အခွန်နူန်းထားများမှာ အထူးကုန်စည်အမျိုးအစားအလိုက် သစ်လုံး၊သစ်သားခွဲများ ၅%၊ကျောက်စိမ်းအရိုင်းထည်များ ၁၅%၊စိန်နှင့်မြမှ အပ ပတ္တမြား၊နီလာနှင့်အခြားအဖိုးတန် ကျောက်မျက်ရတနာ အရိုင်းထည်များ ၁၀%၊စိန်နှင့်မြမှမပ ကျောက်စိမ်း၊ပတ္တမြား၊နီလာနှင့်အခြားအဖိုးတန်ကျောက်မျက်ရတနာ အချောထည်များ၊စိန်နှင့်မြမှအပ လက်ဝတ်ရတနာတွင် စွဲတပ်သည့် ကျောက်စိမ်း၊ပတ္တမြား၊နီလာနှင့် အခြားအဖိုးတန်ကျောက်မျက်ရတနာအချောထည်များ ၅%၊ရေနံဆီ၊ဓါတ်ဆီ၊ဒီဇယ်ဆီ၊ဂျက်လေယာဉ်ဆီ ၅%၊သဘာဝဓါတ်ငွေ့ ၈%တို့ဖြစ်သည်။

ပြည်ပသို့ တင်ပို့ရောင်းချသူသည် ရောင်းရငွေပေါ်အခွန်စည်းကြပ်သည့်နူန်းထားသည် သဘာဝဓါတ်ငွေ့ ၈%၊သစ်လုံး၊သစ်သွားခွဲများ ၁၀%၊ကျောက်စိမ်းအရိုင်းထည်များ ၁၅%၊ ၊စိန်နှင့်မြမှ အပ ပတ္တမြား၊နီလာနှင့်အခြားအဖိုးတန် ကျောက်မျက်ရတနာ အရိုင်းထည်များ ၁၀%၊စိန်နှင့်မြမှမပ ကျောက်စိမ်း၊ပတ္တမြား၊နီလာနှင့်အခြားအဖိုးတန်ကျောက်မျက်ရတနာ အချောထည်များ ၁၀%၊စိန်နှင့်မြမှအပ လက်ဝတ်ရတနာတွင် စွဲတပ်သည့် ကျောက်စိမ်း၊ပတ္တမြား၊နီလာနှင့် အခြားအဖိုးတန်ကျောက်မျက်ရတနာအချောထည်များ ၅%ဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင်သယံဇာတတွေထုတ်ယူသုံးစွဲမူအပေါ်ကောက်ခံသည့် အခွန်အမျိုးအစားပေါင်း ၁၁မျိုးရှိပြီး ယင်းအခွန်များအား သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ကောက်ခံကြောင်း သိရသည်။

အဆိုပါ ကောက်ခံသည့်အခွန်များသည် မြေယာအခွန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်နယ်တွင်မူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကောက်ခံကာ၊ ရေခွန် သံတမန်ခွန် သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ သစ်တော ပစ္စည်းထုတ်ယူသည့် အခွန်သည်သစ်တောဦးစီးဌာန၊ ငါးလုပ်ငန်းအခွန် စိုက်ပျိုးရေးနှင့်စည်မြောင်းဝန်ကြီးဌာနမှကောက်ခံကာ၊ ရေနံနဲ့သဘာဝဓါတ်ငွေ့ထုတ်ယူသည့်အပေါ်ကောက်ခံရာတွင် လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန၊ ဓါတ်သတ္တုနှင့်တွင်းဝခွန် သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးဝန်ဆောင်မူကောက်ခံမူအခွန်အကောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအားအရင်းအမြစ် ထုတ်ယူသည့်ဓါတ်အားခအားလျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန၊ မြေလွှတ်မြေရိုင်းအခွန် စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး၊ကောက်ခံကြောင်းသိရသည်။

Show More

Related Articles

Back to top button