ရွေးကောက်ပွဲဆိုင်ရာသတင်း

ကချင်တစ်ပြည်နယ်လုံးတွင် ရွေးကောက်ပွဲ အသုံးစရိတ်မတင်သော ကိုယ်စားလှယ်လောင်း ၂ ဦးသာရှိ

ကချင်ပြည်နယ်တွင် ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် လွှွတ်တော်ကိုယ်စားလှယ်လောင်းများအနက် ရွေးကောက်ပွဲအသုံးစရိတ်တင်နိုင်ခြင်းမရှိသည့် ကိုယ်စားလှယ် ၂ဦးသာရှိကြောင်း ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။

အဆိုပါကိုယ်စာလှယ်လောင်း ၂ဦးသည် ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ပြည်နယ်မဲဆန္ဒနယ်(၁)မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဦးဒွဲလာ မိုးမောက်မြို့နယ် မဲဆန္ဒနယ်(၁)မှ ဝင်ရောက်ယှဉ်ပြိုင်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးဇော်ထွန်းတို့ဖြစ်ကြောင်း ရွေးကောက်ပွဲအရာရှိ ဦးထွန်းအောင်ခိုင်ကဆိုသည်။

“ရွေးကောက်ပွဲမတင်နိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂ဦးဘဲရှိပါတယ်။ အဲနှစ်ယောက်တော့ အရည်အချင်းပျက်ယွင်းသူအဖြစ် ထည့်သွင်းကြေညာခံရမယ်။ နောက်တစ်ခု နောက်နောင်မှာလည်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ဆုံးရူံးမှာဖြစ်တယ်။”ဟု ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးထွန်းအောင်ခိုင်ကပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်တွင်း ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများသည် ဗန်းမော်ခရိုင် ၉၈ ဦး၊ မိုးညှင်းခရိုင် ၇၆ ၊ ပူတာအိုခရိုင် ၇၅ ၊ မြစ်ကြီးနားခရိုင် ၂၆၁ ဦးစသည့် ခရိုင်လေးခုတွင်း ကိုယ်စားလှယ်လောင်းစုစုပေါင်း ၄၀၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ခရိုင် ၄ ခု ရှိသည့်အနက် ကျန်သည့်ခရိုင်သုံးခုတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲအသုံးစရိတ် အားလုံးတင်ကြပြီး ဗန်းမော်ခရိုင်မှ ကိုယ်စားလှယ်လောင်း ၂ဦးသာ ကျန်ရှိနေကြောင်း သိရသည်။

“ကျနော်တို့ဘက်ကလည်း ဒီနှစ်တော့ အတတ်နိုင်ဆုံးမကျန်အောင် စာနဲ့သော်လည်းကောင်း၊ ဖုန်းနဲ့သော်လည်းကောင်း ဆက်သွယ်ပါတယ်။ ဒါပေမယ့် ဘယ်လိုမှ ဆက်သွယ်လို့မရဘူး နောက်ဆုံးသတ်မှတ်ထားတဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ထိ ကျနော်တို့စောင့်နေပါသေးတယ်။” ဟု ဗန်းမော်ရွေးကောက်ပွဲကော်မရှင် ဦးကျော်သိန်းထံမှ သိရသည်။

ဗန်းမော်ခရိုင်တွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနက် ရွေးကောက်ပွဲအသုံးစရိတ်တင်နိုင်ခြင်းမရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းပေါင်း ၃၄ ဦးရှိခဲ့သည့်အနက် ၂၀၁၅ ရွေးကောက်ပွဲနှင့်နိူင်းယှဉ်ကြည့်ပါက ရွေးကောက်ပွဲအသုံးစရိတ် တင်နိုင်ခြင်းမရှိသည့် ကိုယ်စားလှယ်လောင်းအရေအတွက် အလွန်နည်းပါးသွားကြောင်း ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ပြည်သူ့လွှတ်တော်တွင် ၄၁၀ ဦးရှိခဲ့သည့်အနက် ခိုင်လုံမဲမရရှိသဖြင့် ရွေးကောက်ပွဲအာမခံငွေဆုံးရူံးခဲ့သည့် လွှွတ်တော်ကိုယ်စားလှယ်လောင်း ၂၈၅ ဦးထိရှိခဲ့သည်။

တစ်ပြည်နယ်လုံး မဲထည့်ခွင့်ရှိသည့် မဲဆန္ဒရှင်ပေါင်း ၁၁သိန်းခန့်ရှိကာ ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီပေါင်း ၁၇ ပါတီရှိခဲ့အနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီသည် ၇၇% အနိုင်ရရှိကြောင်း သိရသည်။

Show More

Related Articles

Back to top button