စစ်ပြေးဒုက္ခသည်များသတင်းအမြင်

လိုလားသည့် အစိုးရအသစ် (စစ်ရှောင်တို့၏အသံ)

၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အနိုင်ရပြီးနောက် ပြည်နယ်တိုင်းဒေသအသီးသီးတွင်လည်း အစိုးရဖွဲ့နိုင်တော့မည်ဖြစ်သည်။

ကချင်ပြည်နယ်တွင် အစိုးရထိန်းချုပ်နယ်မြေအတွင်း စစ်ရှောင်စခန်းပေါင်း ၈၀ ကျော်ရှိကာ လူဦးရေအားဖြင့် ၄၀၀၀၀ သောင်းကျော်ခန့်ရှိသည်။ သို့သော် ပြီးခဲ့သည့် ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မဲထည့်ခွင့်ရှိသည့် လူဦးရေ ၂၀၀၀၀ ကျော်ရှိခဲ့သည်။

စစ်ရှောင်စခန်းအချို့မှ စစ်ရှောင်ပြည်သူများသည် နေရပ်ပြန်ရေးအဆင်ပြေစေရန်သော်လည်းကောင်း စစ်ရှောင်များ၏ အစိုးရသစ်အပေါ် မျှော်လင့်ချက်တွေက ဘာတွေဖြစ်မလဲ စသည့်အကြောင်းအရာများကို မေးမြန်းထားသည်။

ဦးတူးအောင်
ဂျန်မိုင်ကောင်စစ်ရှောင်စခန်း

“နေရပ်ပြန်တာတော့ ပြန်ချင်တယ်။ ဒါပေမယ့် နေရပ်ပြန်ပြီးဘာလုပ်စားရမလဲ အဲဒါတွေစိတ်ညစ်တွေရှိတယ်။အရင်လို တောင်ယာတွေလယ်တွေ လုပ်စားလို့ရကောင်းရတော့မယ်၊မိူင်းတွေနေရာတစ်ကာမှာရှိနိုင်တယ် ဒီမိူင်းတွေကိုအားလုံးတော့ ရှင်းပေးနိုင်မယ်လို့ မမျှော်လင့်ဘူး။ အဲကြောင့် စစ်ရှောင်တွေနေရပ်ပြန်တဲ့ချိန်ကျရင် နောက်ထပ်တက်လာမယ့် အစိုးရအနေနဲ့အလုပ်အကိုင်တွေ ဖန်တီးပေးစေချင်တယ် အရင်းအနှီးတွေမတင်ငွေတွေထောက်ပံ့ပေးစေချင်တယ်။”

ဦးဘရန်ရှောင်
တြီနီတီ စစ်ရှောင်စခန်း

“ပြည်သူတွေကို မလိုအပ်ဘဲစစ်ဆေးတာမျိုး၊ပြည်သူတစ်ယောက်အနေနဲ့လွှတ်လပ်စွာ ထုတ်ပြောပိုင်ခွင့်ရှိတယ် အဲဒီလိုမျိုးတွေမှာ ဟိုလိုဒီလိုဆိုပြီး မလိုအပ်ဘဲ စစ်ဆေးတာမျိုးတွေမလုပ်တဲ့ အစိုးရမျိုးလိုချင်တယ်။လွန်ခဲ့တဲ့အတွေ့အကြုံအရ ကျနော်တို့စစ်ရှောင်အရေးလုပ်တဲ့ လူငယ်ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး တရားစီရင်တာမျိုး၊နောက်ပြီး စစ်ရှောင် ၉နှစ်ပြည့်လုပ်တဲ့ချိန်မှာ အရေးယူတဲ့ဟာမျိုးတွေပေါ့ လူ့အခွင့်ရေးအပြည့်အဝရှိတယ်ဆိုပြီးသာ ပြောနေတာ။တစ်ဖက်မှာတော့ လက်တွေ့လုပ်ဆောင်တဲ့အပိုင်းမှာ မရှိဘူးလို့မြင်ရတယ်။အဲကြောင့် နောက်အစိုးရသစ်ကိုတော့ လွှွတ်လပ်စွာထုတ်ဖော်ခွင့်တွေပေးဖို့ပြောချင်ပါတယ်။”

ဒေါ်ထုလွမ်
ဂျန်မိုင်ကောင်

“အသားအရောင်မခွဲဘဲ ၊ဘာသာအသင်းအဖွဲ့မခွဲတဲ့ အစိုးရမျိုး ဥပမာ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဆိုရင် ကချင်ပြည်နယ်တစ်ပြည်နယ်လုံးရဲ့ဝန်ကြီးချုပ်ဖြစ်တယ်။ မြစ်ကြီးနားလိုနေရာမျိုးမှာဘဲ အားသာနေတာမျိုးမဟုတ်ဘဲနဲ့ မြို့ကြီးပြကြီးတွေမှာဘဲ လုပ်ဆောင်တာမျိုးမဟုတ်ဘဲ၊ ကျေးရွာ၊ တောင်ပေါ်အားလုံးတန်းတူညီမျှ လုပ်ဆောင်ပေးတတ်တဲ့အစိုးရမျိုး လိုချင်တယ်။ ပြီးတော့ ကိုယ့်ပြည်သူတွေရဲ့အရေးပေါ်အခြေအနေကို အရေးပေးတတ်တဲ့ အစိုးရမျိုး ခေါင်းဆောင်မျိုးလိုချင်တယ်။”

ဦးဖေါင်ဂွန်တူးဆန်
ဇီးလွန်စစ်ရှောင်စခန်း

“ခုကျနော်တို့ပြန်မယ့် နေရပ်ပြန်အရေးကိစ္စမှာလည်း ငြိမ်းချမ်းရေးကအရမ်းကိုလိုအပ်နေတယ်။ အဲကြောင့် ငြိမ်းချမ်းရေးဦးဆောင်လုပ်ပြီး တစ်ကယ်ဘဲငြိမ်းချမ်းစွာနေနိုင်အောင် ဦးဆောင်ပေးနိုင်တဲ့ အစိုးရမျိုးလိုချင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့မှာနေရပ်ပြန်ရင်လည်း ဘာမှမရှိတော့ဘူး။ အစစအရာရာအစိုးရကဘဲ ဦးဆောင်ပြီးလုပ်ပေးရမှာကြောင့်မို့ ကျနော်တို့ကို ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးအတွက် အဓိကဖော်ဆောင်ပေးပါလို့ပြောချင်တယ်။”

ဦးခေါင်ဇေ
ခတ်ချိုစစ်ရှောင်စခန်း

“နေရပ်ပြန်ရဖို့ဆိုတာ ကျနော်တို့ အိမ်မက်ဖြစ်ပါတယ်။ ဒါပေမယ့် မငြိမ်းချမ်းရင်တော့ ကျနော်တို့ ခုလိုပြန်ပြီးထွက်ပြေးလာရမှာဘဲ အဲကြောင့် အဓိကငြိမ်းချမ်းချင်တယ်။ပြီးတော့ ပြည်နယ်အစိုးရအနေဖြင့်လည်း စစ်ရှောင်တွေနေရပ်ပြန်တဲ့နေရာမှာ လိုအပ်တဲ့အထောက်အပံ့တွေအားလုံးကို လုပ်ဆောင်ပေးစေချင်တယ်။”

Show More

Related Articles

Back to top button