သတင်း

ဖားကန့်တွင် အာဏာသိမ်းစစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်သဖြင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ကချင်ပြည်နယ်၊ဖားကန့်မြို့ရှိ ကျေးရွာအချို့တွင်အာဏာသိမ်း စစ်တပ်မှ ရဟတ်ယာဉ်ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည့်အတွက် ပြည်သူ နှစ်ရာကျော်ခန့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

မတ်လ ၂၈ရက်နေ့ နံနက် (၂)နာရီကျော်ခန့်တွင် လုံးခင်းကျေးရွာအုပ်စု ကထန်ရွာနှင့် တောမှော်ရွာအကြားရှိ အာဏာသိမ်းစစ်ကောင်စီ၏ ရဲတပ်ရင်းအား KIO/KIA မှ တိုက်ခိုက်သိမ်းပိုက်သည့်နောက်  တိုက်ပွဲအပြီး စစ်ကောင်စီ၏ ရဟတ်ယာဉ် နှစ်စီးမှ ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် တိုက်ပွဲဖြစ်ပွားရာအနီးမှ ပြည်သူများ နီးစပ်ရာ နီးစပ်ရာဆွေမျိုးများအိမ်၊ကုဋေကျေးရွာ နှစ်ခြင်းအသင်း‌တော်အဆောက်အအုံများ၊ဖဝါဘုန်းကြီးကျေးများတွင် လာရောက်ခိုလှုံနေရကြောင်း ဒေသခံများကပြောသည်။
လက်ရှိထွက်ပြေးတိမ်းရှောင်လာရသည့် ဒေသခံများသည်စွတ်အောင်၊ ဖဝါ၊ တောမှော်၊ ကထန်ရွာနှင့် တောက်ပကြယ် ကုမ္ပဏီ၏ စွန့်ပစ်မြေစာပုံဟောင်း နေရာတွင် နေထိုင်ကြသည့် ပြည်သူ နှစ်ရာကျော်ခန့် ဖြစ်သည်။
အဆိုပါ ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူများ၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး ဖားကန့်မြို့ CDMပြုလုပ်သည့် ဆရာဝန်များမှ ကျန်းမာရေးကူညီစောက်ရှောက်ပေးနေကြောင်း သိရသည်။
ဖားကန့်မြို့တွင် မတ်လ ‌၂၇ရက်နေ့ စစ်ကောင်စီ၏ ပစ်ခတ်မူကြောင့် ပြည်သူတစ်ဦးသေဆုံးခဲ့ရသည့်အပြင် ညပိုင်းတွင်လည်း ယင်းရပ်ကွက်တွင် သေနတ်များ ပစ်ဖောက်ကာ လာရောက်ခြိမ်းခြောကါသည့် အနေထားများလည်း ရှိခဲ့ကြောင်း ဒေသခံများကပြောသည်။
ထို့နောက် မတ်လဘ၂၈ရက် နံနက် ၃နာရီခန့်တွင် ဖဝါရဲတပ်ရင်းအား KIA မှလာရောက်တိုပ်ခိုက်ဖျက်စီးခဲ့သည်။
Show More

Related Articles

Back to top button