သတင်း

မြစ်ကြီးနား အခြေစိုက် သတင်းသမား ၂ဦး ရိုက်နက် ဖမ်းဆီးခံရ

မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်တွင် ဆန္ဒပြနေသည့်ပြည်သူများကို ရဲနှင့်စစ်သားများက အကြမ်းဖက်ဖြိုခွဲခဲ့ရာတွင် သတင်းယူနေသည့် သတင်းသမား ၂ဦးအကြမ်းဖက် ရိုက်နက် ဖမ်းဆီးခံရကြောင်းသိရသည်။
“ဖမ်းဆီးခံရတဲ့ သတင်းသမား ၂ယောက်က သတင်းသမားဟုတ်တယ် မရိုက်နဲ့လို့ပြောနေတယ်။ ဒါပေမယ့် နင်တို့ သတင်းသမားတွေကို ​ပိုပြီးရိုက်ရမယ်လို့ဆိုပြီး အချက်ပေါင်းများစွာရိုက်တယ်လို့ “မျက်မြင်သက်သေတစ်ဦးထံမှသိရသည်။
ဖမ်းဆီးခံရသောသတင်းထောက် ၂ ဦးမှာ မြစ်ကြီးနားအခြေစိုက် The 74 Media သတင်းဌာနမှ မချန်ဘူ နှင့် Kachin Wave သတင်းဌာနမှ ကို လရော် တို့ဖြစ်ကြောင်း သိရသည်။
မြစ်ကြီးနားတွင် ယခင်လကလည်း သတင်းထောက် ၅ ဦးတစ်ကြိမ်၊ ၁ ဦး ၁ ကြိမ် စသဖြင့် ၂ကြိမ် ဖမ်းဆီးခံရသော်လည်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ၏ ညှိနှိုင်းပေးမှုကြောင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။
ယနေ့ နံနက် မြစ်ကြီးနားမြို့ရှိ အေးစေတီသပိတ်စစ်ကြောင်းကို ရဲနှင့် စစ်သားများက ရာဘာနှင့် ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် သတင်းထောက် ၂ ဦးလည်း အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။
Show More

Related Articles

Back to top button