တိုက်ပွဲသတင်း

မြို့သစ် ၊ ကုန်းလောကျေးရွာတွင် တိုက်ပွဲပြင်းထန်ခဲ့

မိုးမောက်မြို့နယ် ပုံမှန်တိုက်ပွဲပြင်းထန်နေဆဲ မြို့သစ် ကုန်းလော ကျေးရွာအနီးရှိ အာဏာသိမ်းစစ်တပ် စခန်း ၃ နေရာတို့တွင် ယမန်နေ့ညက တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မေလ ၂၀ရက် ည ၉နာရီဝန်းကျင်ခန့်က အာဏာသိမ်းစစ်တပ် အင်အားရာဂဏန်းတိုးချထားသော စလောင်းကုန်း တာဝါတိုင်စခန်း၊ မြို့သစ် ကုန်းလောနှင့် စီဟက် စသောကျေးရွာအနီးတပ်စခန်းများတွင် လက်နက်ကြီးအပါ နာရီဝက်ခန့်အကြာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“မနေ့ညတိုက်ပွဲက နာရီဝက်လောက်တော့ကြာတယ်။ ၂နေရာလောက်ဟုတ်တယ်။ ဖြစ်တဲ့နေရာ ၂ခုစလုံးက ရွာနဲ့ အရမ်းနီးတယ်။ တစ်ချို့ ပြည်သူတွေက ထိခိုက်ဒဏ်ရာရတယ်လို့တောင် ကြားတယ်။ ညဖြစ်တာဆိုတော့ သေချာမသိရသေးဘူး” ဟု ပြောဆိုသည်။

မြို့သစ် ကုန်းလောကျေးရွာအနီးရှိ ဆုတောင်းပြည့်ဘုရားနှင့် နမ့်မှော်ချောင်းအထက် ၂နေရာ၊ စီဟက်ကျေးရွာအနီး စသော ၃နေရာတွင်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကျေးရွာအနီးတိုက်ပွဲကြောင့် ပြည်သူတချို့ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကြားသိရသော်လည်း အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်သည်။

အာဏာသိမ်းစစ်တပ်က အလောဘွမ့်တောင်ကို ပြန်လည်တိုက်ခိုက်ရန်အတွက် မြို့သစ်ကုန်းလော၊ စီဟက်နှင့် စလောင်းကုန်းစသောနေရာတို့တွင် စစ်အင်အားခန့်မှန်းခြေ ထောင်ဂဏန်းချထားသည့်အတွက် KIA က ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သိရသည်။

Show More

Related Articles

Back to top button