,

Breaking News :

လဝါး ကျေးရွာအနီး စစ်ကောင်စီတပ်ကို KIAမိုင်းခွဲ တိုက်ခိုက်

မုံးကိုးမြို့ နော့်ဂူ စစ်ရှောင်များ စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေ

Mytel တာဝါတိုင် လာပြင်သော ဝန်ထမ်းတစ်ဦး မိုင်းနင်းမိ ဒဏ်ရာရ

ပင်လည်ဘူး တိုက်ပွဲတွင် စစ်ကောင်စီဘက် ၂၅ ဦးထက်မနည်း သေဆုံးဟု NUG ထုတ်ပြန်

ကာမိုင်း မအူပင်တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ဖားကန့်တွင် ပုဂ္ဂလိက ဘဏ်အချို့ ပြန်လည်ဖွင့်ခိုင်း

မုံးကိုး စစ်ရှောင်စခန်းတွင် Covid-19 ပိုး ကူးစက်ခံရသူ ၁၀၀ ကျော်ရှိလာ

အာဏာသိမ်းတပ် စစ်ကား ၃ စီးကို နမ္မတီးမြို့အနီး KIA မိုင်းခွဲ တိုက်ခိုက်

ပန်ဆိုင်း (ကြူကုတ်)တွင် လှည့်လည် ဈေးရောင်းနေသော အမျိုးသားတစ်ဦး ပစ်သတ်ခံရ

နောင်မွန်ဒေသ စစ်ကောင်စီ လက်အောက်ခံ စစ်သင်တန်း ဒုတိယအကြိမ် ပြန်လည်စတင်နေ

Victory Reserve Fund တာဝန်ရှိသူဖြင့် ဆက်သွယ်မေးမြန်းခြင်း

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်တွင် တိုက်ပွဲတစ်ဖန်ဖြစ်ပွားလာရာ စစ်ပြေးဒုက္ခသည်များအတွက် ကူညီနေသော အဖွဲ့အစည်းများ နှင့် CDM များကို ကူညီနေသောအဖွဲ့များတွင် Victory Reserve Fund သည်လည်း တစ်ခုဖြစ်သည်။

သို့သော် Victory Reserve Fund သည် စစ်ပြေးဒုက္ခသည်များအတွက်သာမက ရှေ့တန်းတွင် တိုက်ပွဲဝင်နေသူများ၏ မိသားစုနှင့် မသန်စွမ်းဖြစ်သွားသူများအတွက်ပါ ကူညီနေသည့်အကြောင်း VRF မှ တာဝန်ခံ ဦးဇော်ဂေါင်ဒူ(အမည်လွဲ) ကို ကချင်သတင်းဌာန KNG က ဆက်သွယ်မေးမြန်းထားပါသည်။

မေး- Victory Reserve Fund ကို ဘယ်လို စတင်ဖွဲ့စည်း လုပ်ဆောင်ခဲ့တာပါလဲ။

ဖြေ- ကျနော်တို့ Victory Reserve Fund ဆိုတာ ၂၀၂၁ ခုနှစ် မတ်လ၂၀ ရက်မှာ စတင်ဖွဲ့စည်းလိုက်တဲ့ ကော်မတီဖြစ်တယ်။ အဓိက ရည်ရွယ်ချက်က တော်လှန်ရေးတိုက်ပွဲဝင်နေတဲ့သူတွေရဲ့ နောက်မှာရှိတဲ့ ခက်ခဲတဲ့ မိသားစုဝင်တွေကို ကူညီရာမှာ အချိန်မှီ ကူညီထောက်ပံ့နိုင်ဖို့၊ အသက်ပေးဆုံးရှုံးလိုက်ရတဲ့ သူတွေနှင့် ခန္ဓာကိုယ်အစိတ်အပိုင်း ပေးဆပ်လိုက်ရတာကြောင့် မသန်စွမ်းဖြစ်သွားသူကို ကြည့်ရှုစောင့်ရှောက်ဖို့ စတဲ့ ရည်ရွယ်ချက်တွေထားတယ်။

နောက်ပြီး စစ်ရှောင်တွေ၊ အခုလက်ရှိ စစ်ရှောင်တွေမှာဖြစ်ပျက်နေတဲ့ပေါ်မူတည်ပြီး ခက်ခဲနေတဲ့ကြား တိမ်းရှောင်လာကြတဲ့သူတွေကို ကူညီထောက်ပံ့ပေးမယ်။ သာမန်ဖြစ်သွားတဲ့သူတွေကိုတော့ သူတို့ပြောကြားချက်အရ ကျတော်တို့ တတ်နိုင်သလောက်သွားရောက်ကူညီမယ်ဆိုတဲ့ အစီအစဉ်ချမှတ်ထားတယ်။ CDM လုပ်တဲ့သူတွေကို ကော်မတီကနေမှ တတ်နိုင်သလောက် ကူညီထောက်ပံ့နိုင်ဖို့ ရည်ရွယ်ချက်တွေနှင့် ကော်မတီကို ဖွင့်လိုက်တာဖြစ်တယ်။

မေး- အမှန်တကယ် အခုလက်တွေ့မှာကော ဘယ်လောက်ထိ လုပ်နိုင်ပြီလဲ။ စစ်ရှောင်တွေကို ကူညီတဲ့နေရာမှာ ဘယ်လောက်ထိ လိုအပ်နေသေးလဲ။

ဖြေ- ကိုယ်နိုင်တဲ့ဘက်ကနေ ပြည်သူတွေကို ကူညီနေတယ်။ ဒါတွေက အခုချိန်လိုအပ်မယ်ထင်တယ်ဆိုပြီး စဉ်းစားကူညီတဲ့ နည်းလည်းရှိတယ်။ ဥပမာ အခုဆို မိုးကာအကျီလိုအပ်လိမ့်မယ်ဆိုပြီး ကျတော်တို့က သွားရောက်လှူဒါန်းတယ်။ တစ်ချို့နေရာတွေကတော့ သူတို့ဘက်က အသေးအမွားလိုအပ်ချက်တွေကို အကူအညီတောင်းလာတာရှိတယ်။ သူတို့ အကူညီတောင်းလာတဲ့ပေါ် မူတည်ပြီး ကျနော်တို့ကော်မတီဘက်လည်း ဒါက ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူး စတဲ့ဟာတွေ ညှိနှိုင်းပြီး ပြန်ကူညီတယ်။

မေး- ဆိုတော့ ဘာကြောင့် အခု KIA နယ်မြေမှာပဲ ခုလိုကူညီရတာလဲ။ ဆက်လက်ပြီး တစ်ခြား အခုနောက်ပိုင်းပေါ်လာတဲ့ PDF ဆိုတာမျိုးကိုကော ကူညီဖို့ အစီစဉ် ရှိလား။

ဖြေ – ဒီနေ့ဖြစ်ပျက်နေတဲ့အခြေအနေမှာ KIO/KIA က ရပ်တည်ရမယ့် နေရာတစ်ခုမှာ မှန်မှန်ကန်ကန် မားမားမှတ်မှတ် ရပ်တည်နေပြီ။ ပြည်သူဘက်က ရပ်တည်ပြီး ပြည်သူ့အကျိုးကို သူတို့ အနစ်နာခံပြီး လုပ်နေပါတယ်။ အဲ့ဒီလို ကာကွယ်ပေး တာကြောင့် ကျနော်တို့ ပြည်သူတွေဘက်ကလည်း သူတို့ကို ချစ်ခြင်းမေတ္တာပြရမယ်လို့ ခံစားမိတယ်။ ကျနော်တို့ လက်တွေ့ တိုက်ပွဲမဝင်နိုင်ရင်တောင် ကျနော်တို့ ကိုယ်စား အနစ်နာခံတဲ့ သူရဲကောင်းတွေအတွက် တစ်ခုခုတော့ ပြုလုပ်ရမယ်၊ ကြိုးစားပေးရမယ်ဆိုတဲ့အတွေးနှင့် စတင်လုပ်ဆောင်လာတာဖြစ်တယ်။ ဒီအချိန်မှာ ကချင်ဖြစ်လို့၊ ရခိုင်ဖြစ်လို့၊ ရှမ်းဖြစ်လို့ ဆိုပြီး ခွဲခြားဆက်ဆံနေရမဲ့ အချိန်မဟုတ်တော့ဘူး။

မေး – ဆက်လက်ပြီး ကူညီတဲ့နေရာမှာ ပြည်သူတွေပါဝင်လို့ရအောင် ဘယ်လိုမျိုး ချိတ်ဆက်လို့ရတယ်ဆိုတာ ပြောပြပေးပါ။

ဖြေ – အလှူရှင်တွေရဲ့ လုံခြုံရေးအတွက် အရမ်းသတိထားပါတယ်။ ဆက်သွယ်ဖို့အတွက် Facebook Page တစ်ခုဖွင့်ထားတယ်။ အဲ့ဒီ Page ကနေပဲ ဆက်သွယ်ပြီး အလှူပေးလို့ရတယ်။ အဲ့ဒီ Page ကနေဘဲအလှူလက်ခံပြီး ဖြတ်ပိုင်းလည်း ပြန်ပို့ပေးတယ်။ တစ်ချို့တွေကတော့ သူတို့လုံခြုံရေးအတွက် ဖြတ်ပိုင်းတောင် လက်မခံကြဘူး။

မေး – နောက်ဆုံးအနေနဲ့ ဘယ်လိုဖြည့်စွက်ပြောပြချင်ပါသလဲ။

ဖြေ – ကျနော်တို့ရဲ့ လုပ်ဆောင်ချက်ကိုကြည့်ပြီး အကြံပေး၊ သတိပေးလို့ ရပါတယ်။ ကျနော်တို့ ကော်မတီဝင်တွေအားလုံးကလည်း ကိုယ့်လုပ်ငန်းကိုယ်စီ လုပ်ဆောင်လျက်နဲ့ အခုလိုပါဝင်နေတာဖြစ်တယ်။ အလှူရှင်တွေ ပို့ခိုင်းတဲ့ပစွည်းတွေကို ပို့ပေးတယ်။ ဒါကြောင့် ကော်မတီမှာ ပါဝင်နေတဲ့သူအားလုံးလည်း အမှန်တကယ် မျိုးချစ်စိတ်နှင့် ပါဝင်နေတဲ့သူတွေဘဲဖြစ်တယ်ဆိုတာကို သိစေလိုပါတယ်။

Read Previous

ရေကာတာစီမံကိန်းများအပြီးတိုင် ရပ်ဆိုင်းပြီး တရုတ် SPIC ကုမ္ပဏီထွက်ခွာသွားရန် ကချင်ဒေသခံများ တောင်းဆို

Read Next

ကွတ်ခိုင်မြို့အနီး အာဏာသိမ်းစစ်တပ်နှင့် KIA တိုက်ပွဲဖြစ်

Leave a Reply

Your email address will not be published. Required fields are marked *