တိုက်ပွဲသတင်း

ကွတ်ခိုင်မြို့အနီး အာဏာသိမ်းစစ်တပ်နှင့် KIA တိုက်ပွဲဖြစ်

ကွတ်ခိုင်မြို့ အထွက် ရှုခင်းသာအနီးတွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ယနေ့ မေလ ၂၆ ရက်နေ့  နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နှင့် ၁၀ မိုင်ခန့်ဝေးသော ရှုခင်းသာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကွတ်ခိုင် အာဏာသိမ်းစစ်တပ်ဘက်ကလည်း တိုက်ပွဲဖြစ်ပွားရာဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“KIA နှင့်စစ်တပ် တိုက်ပွဲဖြစ်ကြတယ်။ ရှုခင်းသာနှင့် နမ်ဖလွန်ကြားမှာ မနက်ပိုင်းကဖြစ်တယ်။ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ၅ ခါလောက်ပစ်သံတွေကြားရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ကွတ်ခိုင်ဒေသခံများအနေဖြင့် အာဏာသိမ်းစစ်တပ်နှင့် KIA တပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားနေကြောင်းကိုသာ သိရှိပြီး အသေးစိတ်အခြေအနေကို မသိရသေးကြောင်း ဆက်လက်ပြောဆိုသည်။

ပြီးခဲ့သည့် အပတ်ကလည်း ပြည်ထောင်စုလမ်းမအတိုင်းဆင်းလာသော ဆီဘောက်ဆာကားများကို ကွက်ခိုင်မြို့အနီးတွင် KIA က ပစ်ခတ်ဖျက်စီးမှုများ ပြုလုပ်ခဲ့သည်။

Show More

Related Articles

Back to top button