,

Breaking News :

လဝါး ကျေးရွာအနီး စစ်ကောင်စီတပ်ကို KIAမိုင်းခွဲ တိုက်ခိုက်

မုံးကိုးမြို့ နော့်ဂူ စစ်ရှောင်များ စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေ

Mytel တာဝါတိုင် လာပြင်သော ဝန်ထမ်းတစ်ဦး မိုင်းနင်းမိ ဒဏ်ရာရ

ပင်လည်ဘူး တိုက်ပွဲတွင် စစ်ကောင်စီဘက် ၂၅ ဦးထက်မနည်း သေဆုံးဟု NUG ထုတ်ပြန်

ကာမိုင်း မအူပင်တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ဖားကန့်တွင် ပုဂ္ဂလိက ဘဏ်အချို့ ပြန်လည်ဖွင့်ခိုင်း

မုံးကိုး စစ်ရှောင်စခန်းတွင် Covid-19 ပိုး ကူးစက်ခံရသူ ၁၀၀ ကျော်ရှိလာ

အာဏာသိမ်းတပ် စစ်ကား ၃ စီးကို နမ္မတီးမြို့အနီး KIA မိုင်းခွဲ တိုက်ခိုက်

ပန်ဆိုင်း (ကြူကုတ်)တွင် လှည့်လည် ဈေးရောင်းနေသော အမျိုးသားတစ်ဦး ပစ်သတ်ခံရ

နောင်မွန်ဒေသ စစ်ကောင်စီ လက်အောက်ခံ စစ်သင်တန်း ဒုတိယအကြိမ် ပြန်လည်စတင်နေ

ရေကာတာစီမံကိန်းများအပြီးတိုင် ရပ်ဆိုင်းပြီး တရုတ် SPIC ကုမ္ပဏီထွက်ခွာသွားရန် ကချင်ဒေသခံများ တောင်းဆို

ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့် မြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်းရှိ ရေကာတာစီမံကိန်းများအားလုံး ဖျက်သိမ်းပေးပြီး တရုတ် SPIC/ CPI ကုမ္ပဏီများအနေဖြင့် မြန်မာပြည်မှ အပြီးတိုင်ထွက်သွားရန် ဒေသခံများက ယနေ့ ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြသည်။

ယနေ့ မေလ ၂၅ ရက်နေ့ မြစ်ကြီးနား နှင့် ချီဖွေဒေသခံများက စီမံကိန်းဒေသတွင် ဆန္ဒဖော်ထုတ်ခဲ့သည့်အပြင် မြစ်ကြီးနား စီတာပူ ရပ်ကွက်ရှိ SPIC/CPI ကုမ္ပဏီကိုလည်း အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြောင်း သိရသည်။

“ကျမတို့ လုံးဝမကျေနပ်ဘူး။ အဲ့တာကြောင့် ဘာပဲဖြစ်ဖြစ် ကျမတို့ရွာဟောင်းကို ကျမတို့ ပြန်ချင်တယ်။ ဒီစီမံကိန်းလုပ်လိုက်ခြင်းကြောင့် ကြီးမားတဲ့ပြဿနာက အမျိုးသမီးတွေမှာဖြစ်ခဲ့တယ်။ စားဝတ်နေရေးကအစ၊ သားသမီးတွေရဲ့ပညာရေး၊ ကျန်းမာရေးကအစ အခက်အခဲတွေအများကြီးကြုံခဲ့ရတယ်။ အဲ့တာကြောင့် စီမံကိန်းကို လုံးဝအလိုမရှိဘူး။ သူတို့ အပြီးပိုင်ထွက်သွားတာပဲ လိုချင်တယ်။ သူတို့က အခု ယာယီဘဲရပ်ဆိုင်းနေတာ ဘာမှမထူးဘဲ။ ဘယ်အတိုင်းအတာထိ ရပ်ဆိုင်းနေမှာလဲ။ ဒီလိုရပ်ဆိုင်းတယ်ဆိုတာကို ကျမတို့က မလိုချင်ဘူး။ အဲ့ကြောင့်ခုလို ဆန္ဒထုတ်ဖော်တာ။” ဟု အမည်မဖော်လိုသူ မြစ်ဆုံဒေသခံတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းသည့်ကာလဖြစ်သောကြောင့် စီမံကိန်းဆန့်ကျင်သည့်ဒေသခံများက ၎င်းတို့ မည်သူမည်ဝါဖြစ်ကြောင်းကို ဖော်ပြရန် ငြင်းဆိုထားသည်။

ထို့ကြောင့် ချီဖွေ ဒေသခံများက လူမဲ့သပိတ်အဖြစ် ဆန္ဒဖော်ထုတ်ခဲ့ကြသည်ကို တွေ့ရသည်။

မြစ်ကြီးနား မြစ်ဆုံဒေသခံများ၏ ဆန္ဒဖော်ထုတ်ရာတွင် ကြွေးကြော်သံများမှာ ‘မြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း ရေကာတာ စီမံကိန်းများအပြီး အပိုင်ဖျက်သိမ်းရေး၊ ဒေသခံပြည်သူများ မူလနေရပ်သို့ လွတ်လပ်စွာ နေထိုင်ခွင့်ရရှိရေး၊ ဧရာဝတီမြစ် ထာဝရလွတ်လပ်စွာ စီးဆင်းရေး ၊ ပြည်သူ့ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမည့်ရေကာတာ အလိုမရှိ၊ ပြည်သူ့ဆန္ဒလုံးဝမပါသော စီမံကိန်းအားလုံး အလိုမရှိ၊ မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်ကို ရေကာတာဆောက်လုပ်ခြင်း အလိုမရှိ’ စသည်တို့ဖြစ်သည်။

မြစ်ဆုံစီမံကိန်းကို ၂၀၁၁ ခုနှစ်တွင် ယာယီရပ်ဆိုင်းခဲ့သော်လည်း ယနေ့ချိန်ထိ စီမံကိန်း အချိန်မရွေး ပြန်လည်စတင်နိုင်သော အခြေအနေရှိ​သောကြောင့် စီမံကိန်းလုပ်ဆောင်မည့် တရုတ်ကုမ္ပဏီများကိုသာ ထွက်သွားရန် ဒေသခံများက လိုလားနေကြသည်။

Read Previous

ဖားကန့် လူမှုကူညီရေးအသင်းမှ လူငယ်တစ်ဦး သေနတ်ဖြင့် ၃ကြိမ်ထက်မနည်း ပစ်သတ်ခံရ

Read Next

Victory Reserve Fund တာဝန်ရှိသူဖြင့် ဆက်သွယ်မေးမြန်းခြင်း

Leave a Reply

Your email address will not be published. Required fields are marked *