CRPH နှင့် KPICT ကြား သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုးကြောင်း ထုတ်ပြန်

ကြားကာလ ကချင်ဒေသအစိုးရဖွဲ့စည်းရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နှင့် ကချင် KPICT တို့ကြား သဘောတူညီချက်တစ်ခုကို ယနေ့ မေလ ၂၇ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း CRPH က ထုတ်ပြန်ထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး Kachin Political Interim Coordination Team KPICT ပြောခွင့်ရ ဦးအင်ဆန်ဂွမ်ဆန်က KNG သတင်းဌာနကို ယခုလိုပြောသည်။

“ကြားကာလမှာလုပ်မယ့်အလုပ်တွေကို CRPH နဲ့ဆွေးနွေးသွားဖို့ဆိုတဲ့ ပိုပြီးတော့ နိုင်ငံရေးပေါ်လစီကို အတူလက်တွဲလုပ်သွားဖို့ဆိုတဲ့ကိစ္စပဲ ဖြစ်တယ်။” ဟု ပြောသည်။

ဒါ့အပြင် အခုသဘောတူလက်မှတ်ထိုးတာဟာ CRPH စတင်လာကတည်းကနေ KPICT နှင့် CRPH ကြား ဆွေးနွေးထားချက်ကို လက်မှတ်ရေးထိုးခြင်းဖြစ်တယ်လို့ KPICT က လူမှုကွန်ရက်စာမျက်နှာမှာလည်း ထုတ်ပြန်ထားပါတယ်။

လက်ရှိတွင် CRPH နှင့် KPICT တို့၏ ဆွေးနွေးမှုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တွင် ဒုသမ္မတ ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီး ၊ ပညာရေးဒုဝန်ကြီး နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ကချင်လူမျိုးများကို ခန့်အပ်ထားကြောင်း သိရသည်။

Show More
Back to top button