Covid-19 Reportingသတင်း

ဖားကန့်တွင် ကိုဗစ်-၁၉ လက္ခဏာ ခံစားရသူ အများအပြားရှိလာနေ

ဖားကန့်မြို့တွင် ကိုဗစ်-၁၉ ရောဂါ လက္ခဏာခံစားနေရသူ အယောက် ၂၀ ကျော်က အကူညီပေးရန် ဆက်သွယ်လာကြောင်း ဖားကန့်မြို့ ကွန်း လူမူကူညီရေးအသင်း တာဝန်ရှိသူများထံမှ သိရသည်။

“ကိုဗစ်လက္ခာဏာပြလို့ ဖျားနေတယ်ဆိုပြီး ကျနော့်ဆီဆက်သွယ်လာတာတော့ ၂၀ ဝန်းကျင်လောက်ရှိမယ်။ တစ်ချို့ရပ်ကွက်တွေမှာက ကိုယ့်ဟာကိုကြိတ်ပြီး ကုနေတဲ့သူတွေရှိတယ်။ ခုဟာက ခါတိုင်းလို ကွာရန်တင်း စင်တာတွေ မလုပ်ရသေးတဲ့အခါကျတော့ အခက်ခဲလေးတွေရှိတယ်” ဟု ကွန်း ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိ ကိုဗစ်လက္ခာဏာပြနေသည်ဟု ဆက်သွယ်လာသူများသည် ဖားကန့်မြို့မ၊ ဆိပ်မူ များမှဖြစ်ပြီး အခြားသောရပ်ကွက်များမှလည်း အနည်းငယ် ဆက်သွယ်ထားကြောင်း သိရသည်။

ဖားကန့်မြို့တွင် ယခင်ကဲ့သို့ ကိုဗစ်လူနာများအား သီးသန့် ကုသပေးသည့် ကွာရန်တင်းစင်တာများ မရှိသည့်အတွက် ပိုးကူးစက်ခံထားရသူ၊ ရောဂါလက္ခဏာပြသူများသည် ပုဂ္ဂလိက ဆေးရုံများတွင် သွားရောက်ကုသနေကြသလို အချို့မှာ တိတ်တိတ်လေး ကုသနေကြကြောင်း သိရသည်။

“ဒီမှာက အလုပ်သမားများတော့ ဘယ်ကလာပြီး ဘယ်ကိုထွက်လို့ ဘယ်လို ကူးစက်လာတာလဲဆိုတာကိုတော့ ကျနော်တို့လည်း မသိနိုင်ပါဘူး။ ခါတိုင်းဆို ဂိတ်တွေနဲ့ ကွာရန်တင်းစင်တာတွေနဲ့ ကြီးကြပ်တွေနဲ့ဆိုတော့ လိုက်ရတာမြန်တယ်။ ခုက အဲဒါတွေမရှိတော့ မသိနိုင်ဘူး” ဟု ကွန်း ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ကြောင့် ဖားကန့်မြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးအတွက် ကွာရန်တင်းစင်တာများနှင့် ကြီးကြပ်အဖွဲ့များဖွဲ့ကာ အမြန်တားဆီးရန် လိုအပ်နေကြောင်း သူက ဆက်လက်ပြောဆိုသည်။

ကချင်ပြည်နယ်တွင် ကိုဗစ်-၁၉ စတင်ဖြစ်ပွားလာသည့်ချိန်မှာစကာ စစ်ကောင်စီတပ်မှ အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၃ရက်နေ့ထိ တစ်ပြည်နယ်လုံးတွင် ဓါတ်ခွဲစစ်ဆေးမူပြုလုပ်ခဲ့သူဦးရေ( (၆၅၃၁၈) ဦးရှိခဲ့သည့်အနက် ပိုးတွေ့လူနာ (၆၄၃၃၆) ဦးထိရှိခဲ့ကာ ကိုဗစ်ကြောင့်သေဆုံးသူ (၃)ဦးရှိခဲ့သည်။

ယင်းအနက် ဖားကန့်မြို့နယ်တွင် ပိုးတွေ့လူနာ (၆၁၀) ဦးဖြင့် အများဆုံးရှိခဲ့ပြီး သေဆုံးသူ (၂)ဦးထိ ရှိခဲ့သည်။

Show More

Related Articles

Back to top button