Covid-19 Reportingသတင်း

မိုးညှင်းမြို့နယ်ရဲမှူးဇနီး ကိုဗစ်‌ကူးစက်ခံရပြီး သေဆုံး

မိုးညှင်းမြို့နယ်ရဲမှူး‌ စောဖိုးတူး၏ဇနီး ကိုဗစ်ရောဂါပိုးစစ်ရာ ပိုးတွေ့ရှိသည့်အတွက် ဆေးရုံတင်ထားရာမှ ယမန်နေ့ည သေဆုံးသွားကြောင်း သက်ဆိုင်ရာဌာနမှ သိရသည်။

 
“သူကတော့ နဂိုကတည်းကလည်း သွေးတိုးနဲ့ဆီးချိုရောဂါအခံရှိတဲ့လူနာဟုတ်တယ် နေမကောင်းလို့ ဆေးစစ်တော့ ကိုဗစ်လည်းထပ်တွေ့တယ်ပေါ့နော်။ကျမတို့က မြစ်ကြီးနားဆေးရုံကိုသွားဖို့ပြောပါသေးတယ် ဒီမိုးညှင်းမှာက သမားတော်မရှိဘူးလေ။ နဂိုကတည်းက ရောဂါအခံရှိတဲ့သူတေ‌ွက ဒီရောဂါတွေ့ပြီဆိုရင် ပိုပြီးတော့ နလန်မထူနိုင်ကြဘူး ဆုံးတာတော့ မနေ့ညနေက ဆုံးသွားတာဟုတ်တယ်”ဟု သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
 
သေဆုံးသူ မြို့နယ်ရဲမှူး၏ ဇနီးသည် အသက် ၅၀‌ကျော်ခန့်ရှိပြီဖြစ်ကာ မိုးညှင်းမြို့နယ်အတွင်း ကိုဗစ်ရောဂါလက္ခဏာကြောင့် သေဆုံးခြင်းသည် ပထမဦးဆုံးဖြစ်ကြောင်း သိရသည်။
 
“ခုဆုံးသွားတဲ့ ရဲမှူးရဲ့ဇနီးကတော့ ကျန်းမာရေးအသိရှိလို့ ဆေးရုံမှာလာပြတဲ့ချိန် ဆေးစစ်ကြည့်တော့ ပိုးတွေ့တယ်ပေါ့နော်။ တစ်ချို့တွေလည်း ဆေးရုံလာမပြရဲဘဲနဲ့ နေမကောင်းဖြစ်နေတဲ့သူတွေလည်း အများကြီးရှိနိုင်ပါတယ်။ မိုးညှင်းမြို့နယ်အ‌တွင်းမှာ ကိုဗစ်လက္ခဏာကြောင့်သေတာတော့ ဒါပထမဆုံးလို့ပြောလို့ရပါတယ်” ဟု စက်ဆိုင်ရာတာဝန်ရှိသူများကပြောသည်။
 
မိုးညှင်းမြို့နယ်တွင် ဇူလိုင်လ ၁၃ရက်နေ့ထိ မိုးညှင်း၊ဟိုပင်၊မော်ဟန်၊လုံးတုံ၊အစရှိသည့် ရပ်ကျေးများတွင် ပိုးကူစက် မူဦးရေ ၊(၁၂၃)ဦးထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
Show More

Related Articles

Back to top button