Covid-19 Reportingသတင်း

ကချင် မြို့နယ် ၆ ခုတွင် တစ်လအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀၀၀ ကျော်ပြီး သေဆုံးသူ ၁၀ ဦးရှိလာ

ကချင်ပြည်နယ်အတွင်း ဗန်းမော်မြို့နယ် ၊ ဝိုင်းမော်မြို့နယ်၊ ရွှေကူမြို့နယ်၊ မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ် နှင့် မိုးမောက်မြို့နယ်များတွင် ယခု ကိုဗစ်-၁၉ တတိယလိုင်းအတွင်း ပိုးတွေ့ အတည်ပြုလူနာ (၁၀၂၃)ဦး ရှိလာကာ သေဆုံးသူ(၁၀) ဦးထိ ရှိလာပြီဖြစ်သည်။

အဆိုပါစာရင်းတွင် လူထူထပ်သော မြစ်ကြီးနားနှင့် ဖားကန့် မြို့နယ်များ၏ အချက်အလက်မပါဝင်သေးပါ။

ဗန်းမော်မြို့နယ်တွင် ဇူလိုင်လ ၁၃ ရက်နေ့ ည ၁၀ နာရီထိ ပိုးတွေ့အတည်ပြုလူနာပေါင်း (၃၁၆) ဦးရှိကာ သေဆုံးသူ (၃)ဦးရှိပြီဖြစ်ကြောင်း ဗန်းမော်ခရိုင် ပြန်/ဆက် က ထုတ်ပြန်ထားသည်။

ဝိုင်းမော်မြို့နယ်တွင် ဇူလိုင်လ ၁၃ ရက်နေ့ထိ အတည်ပြုပိုးတွေ့လူနာ (၁၁၇) ဦးရှိပြီဖြစ်ကြောင်း ဝိုင်းမော်ဆေးရုံအုပ် ဒေါက်တာသိန်းမြို့၏ လူမူကွန်ယက်စာမျက်နှာတွင် ဖော်ပြချက်အရသိရသည်။

အဆိုပါ ဝိုင်းမော်မြို့နယ် ပိုးတွေ့လူနာများ၏ ရပ်ကွက်၊ ကျေးရွာအလိုက်ကူးစက်မူများမှာ ရပ်ကွက် ၁ တွင် (၂၅)ဦး၊ ရပ်ကွက် ၄တွင် (၇)ဦး၊ ရပ်ကွက် ၃ တွင် (၇)ဦး၊ ရပ်ကွက် ၅ တွင် (၁)ဦး၊ မခန်းတီးကျေးရွာ(၂၉)ဦး၊ နောင်ဟီးကျေးရွာ (၉)ဦး၊ ခတ်ချိုကျေးရွာ (၇)ဦး၊ ဝူယန်ကျေးရွာ (၃)ဦး၊ မုတ်လွှဲကျေးရွာ (၂)ဦး၊ ကန်ပိုက်တည် (၁၇)ဦး၊ နောင်ချိန်း (၂)ဦး၊ မိုင်းနား (၂)ဦး၊ နမ့်ဝါ (၁)ဦး၊ မြစ်ကြီးနားလိပ်စာ (၂)ဦး စုစုပေါင်း ၁၁၇ ဦးဖြစ်ကာ သေဆုံးသူ (၂) ဦးရှိလာပြီဖြစ်ကြောင်း သိရသည်။

ရွှေကူမြို့နယ်တွင် ဇူလိုင်လ ၁၃ ရက်နေ့ထိ အတည်ပြုလူနာ (၂၅၄) ဦးရှိကာ ကချင်ပြည်နယ်အတွင်း ပိုးကူးစက်မူ တတိယမြောက်အများဆုံး မြို့နယ်ဖြစ်ကာ သေဆုံးသူ (၁) ဦးရှိပြီဖြစ်ကြောင်း ခရိုင် ပြန်/ဆက်၏ ထုတ်ပြန်ချက်အရ သိရသည်။

မိုးကောင်းမြို့နယ် ပိုးကူးစက်မူစာရင်းသည်  မိုးကောင်းမြို့(၉၀)ဦး၊ ပင်းဘော (၄)ဦး၊ နမ္မတီး (၇)ဦးဖြစ်ကာ မိုးကောင်းတစ်မြို့နယ်လုံး ပိုးကူးစက်မူ  (၁၀၁) ဦးရှိကာ သေဆုံးသူ (၃)ဦးရှိပြီဖြစ်ကြောင်း မိုးကောင်းမြို့နယ် ပြည်သူ့ဆေးရုံမှ သိရသည်။

မိုးမောက်မြို့နယ်တွင် ဇူလိုင်လ ၁၃ ရက်နေ့ထိ အတည်ပြုပိုးတွေ့လူနာပေါင်း (၁၁၂) ဦးထိရှိလာကာ သေဆုံးသူ (၁)ဦးရှိကြောင်း ဗန်းမော်ခရိုင် ပြန်/ဆက်၏ ထုတ်ပြန်ချက်အရသိရသည်။

မိုးညှင်းမြို့နယ်တွင်း ပိုးကူးစက်မူသည် မိုးညှင်း၊ ဟိုပင်၊ လုံးတုံ၊ မော်ဟန်အစရှိသည့် ရပ်ကျေး၊မြို့များတွင် ဇူလိုင်လ ၁၃ ရက်နေ့နံနက်ပိုင်းထိ အတည်ပြုပိုးတွေ့လူနာ ၁၂၃ ဦးထိရှိလာကြောင်း မိုးညှင်းဆေးရုံအုပ်ထံမှ သိရသည်။

လက်ရှိဖော်ပြထားသော မြို့နယ် ၆ ခုမှ အတည်ပြုလူနာများ၏ အချက်အလက်များကို ကျန်းမာရေးဌာနမှ ရရှိထားခြင်းသာ ဖြစ်ပြီး နေအိမ်တွင် မိမိအစီစဉ်ဖြင့် ကုသနေသူများ စာရင်း မပါဝင်သေးပါ။

ကချင်ပြည်နယ်တွင်း ခရိုင် ၄ခု၊ မြို့နယ်ပေါင်း ၁၈ ခုရှိသည့်အနက် လူထူထပ်သော မြစ်ကြီးနားနှင့် ဖားကန့် အပါအဝင် ကျန်မြို့နယ်များတွင် ကိုဗစ်အတည်ပြုလူနာနဲ့ ပတ်သက်သည့် စာရင်းတိတိကျကျ သိရှိနိုင်ရန် ခက်ခဲနေသည်။

ကချင်ပြည်နယ်တွင် စစ်အာဏာမသိမ်းခင် တစ်ပြည်နယ်လုံးအတိုင်းတာဖြင့် ကိုဗစ် အတည်ပြုလူနာ ဦးရေ (၁၀၄၅) ဦးရှိခဲ့ပြီး သေဆုံးသူ ၃ ဦးရှိခဲ့သည်။ သို့သော် ယခု ကိုဗစ်တတိယလိုင်းတွင်မူ တစ်လအတွင်း မြို့နယ် (၆) ခုတွင် လူဦးရေ ၁၀၀၀ ကျော်လာကာ သေဆုံးသူ ၁၀ ဦး ကျော်လာပြီ ဖြစ်သည်။

Show More

Related Articles

Back to top button