မိုးညှင်းမြို့တွင် တပတ်အတွင်း ကိုဗစ်-၁၉ အတည်ပြု လူနာ ၁၆၀ ကျော်ရှိ

မိုးညှင်းမြို့ တွင် တစ်ပတ်အတွင်း ပိုး‌​တွေ့ အတည်ပြု လူနာပေါင်း ၁၆၀ ကျော်ရှိလာပြီဟု မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဇူလိုင်လ ၂၀ရက်နေ့ တစ်ရက်တည်း ပိုးတွေ့လူနာ ၉၀ ဦးရှိခဲ့ပြီး တစ်ပတ်အတွင်း အတည်ပြုလူနာ ၁၆၂ ဦးထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

“ခုချိန်မှာ အချင်းချင်းကူပေးဖို့ကလည်း မလွယ်တော့ဘူး။ ပရဟိတတွေလည်းမနိုင်တဲ့အထိ ဖြစ်လာပြီ။ စားဖို့သောက်ဖို့ခက်ခဲတာတစ်မျိုး ဒီထက်မဆိုးအောင် ဆုတောင်းရုံဘဲရှိတော့တယ်” ဟု မိုးညှင်းဒေသခံတစ်ဦးက ပြောသည်။

မိုးညှင်းမြို့တွင် ပိုးကူးစက်မှု များလာသောကြောင့် ဇူလိုင်လ ၂၁ ရက်နေ့မှစကာ ဈေးဆိုင်အများအပြား ပိတ်လာကြကြောင်း သိရသည်။

လက်ရှိ မိုးညှင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ တတိယလှိုင်းတွင် ပိုးကူးစက်မှု ၃၁၉ ဦးထိရှိလာကာ သေဆုံးသူ (၁)ဦး ရှိပြီဖြစ်သည်။

ကချင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုစာရင်း အတိအကျကို မသိရပေ။

Show More
Back to top button