,

Breaking News :

အာဏာသိမ်းစစ်တပ် ခေါင်းဆောင် မြစ်ကြီးနားမြို့ တွင် ရောက်ရှိနေ

အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်ကို နေရာ ၃ ခုတွင် MNDAA တိုက်ခိုက်

နောင်းနန် တိုက်နယ် ယာယီအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

စစ်ကောင်စီ တင့်ကား ၂ စီး၊ စစ်ကား ၃၀ ကျော် ၊ ခြေကျင်စစ်သား ၂၀၀ ကျော်ဖြင့် မုံးကိုး ဘက်သို့ ချီတက်လာ

ကုန်ကားအသွင်ဖြင့် စစ်အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်ကို KIA မိုင်းခွဲ တိုက်ခိုက်

စစ်ကောင်စီတပ် မှ လိုင်ဇာမြို့သို့ လက်နက်ကြီးဖြင့် တိုက်ခိုက်

မုံးကိုး စစ်ဘေးဒုက္ခသည် ၂၆ ဦး COVID-19 ပိုး ကူးစက်ခံထားရ

တနိုင်း စစ်ကောင်စီတပ်ကို KIA မိုင်းခွဲတိုက်ခိုက်

စစ်ကောင်စီလက်အောက် လောက်ကိုင် နယ်ခြားစောင့်တပ်များ ဒေသခံများ၏ လယ်ယာခြံမြေကို ဖျက်ဆီး

တရုန် ရောက် စစ်ကောင်စီတပ်ကို ပစ်ခတ်ခြင်းမပြုရန် KIA ထံ ဒေသခံများမှတဆင့် အကြောင်းကြားခိုင်း

ကသာမြို့အဝင် စစ်ကောင်စီ ကားတစ်စီး ပစ်ခတ် တိုက်ခိုက်ခံရ

ကသာမြို့တွင်း လိုက်လံ ပစ်ခတ်နေသော စစ်ကောင်စီ တပ်သားများ

စစ်ကိုင်းတိုင်း ကသာမြို့အဝင် ပင်းမလွတ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်းက အာဏာသိမ်းစစ်သားများ စီးလာသော ကားတစ်စီး ပစ်ခတ် တိုက်ခိုက်ခံရကြောင်း သိရသည်။

ယနေ့ နံနက် ၁၀ နာရီခန့် နဘားဘက် မှ ကသာ ဘက်သို့ မောင်းလာသော စစ်ကောင်စီ ကားအဖြူတစ်စီးကို ဒေသခံ PDF အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီ ဘက်က လက်နက်ကြီးဖြင့် နာရီဝက်ခန့်ကြာ ပြန်လည် ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုခဲ့သည်။

“စစ်သားတွေက ကသာနဲ့ နဘားကြားမှာ လုံခြုံရေးယူနေကြတဲ့ အဖွဲ့ ဟုတ်တယ်။ အဲ့ဘက်မှာ ရှိနေတာ ၁ လလောက်ရှိပြီ။ စစ်အင်အားက ခါတိုင်းတွေ့တာက အနည်းဆုံး ၃၀ လောက်ရှိမယ်။ အခုလည်း သူတို့ ကားမှာ ၁၀ ယောက်လောက် ကပ်ပါလာတယ်လို့ကြားတယ်။ PDF က ကြားဖြတ်တိုက်ခိုက်တာဟုတ်တယ်” ဟု ပြောဆိုသည်။

အဆိုပါ ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်က ၇ ဦးထက်မနည်း ထိခိုက်ခဲ့ကြောင်း ထပ်မံ သိရသည်။

ထိုသို့  နံနက်ပိုင်း မြို့အဝင်တွင် ပစ်ခတ်ခံရသော အာဏာသိမ်းစစ်တပ်သည် နေ့လည် ၁၂နာရီဝန်းကျင်ခန့်တွင် ကသာမြို့အတွင်း လမ်းများပိတ်ကာ သေနတ်ပစ် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်ဟု မြို့ခံ တစ်ဦးက KNG ကို ယခုလို ပြောပြသည်။

“မြို့တွင်းမှာ လမ်းတွေပိတ်ပြီး သေနတ်ပစ်ဖောက်ခွဲနေကြတယ်။ ရဲစခန်းကနေ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအထိ လျှောက်ပတ် သွားနေတယ်။ ပြည်သူတွေက တံခါးတွေပိတ်ပြီး အားလုံးအထဲမှာဘဲ အောင်းနေကြတယ်။ ဘယ်သူမှ အပြင်မထွက်ရဲကြဘူး” ဟု ကသာမြို့ခံ တစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။

ကသာမြို့တွင် အာဏာသိမ်းစစ်တပ်က ယခုလဆန်းပိုင်းကလည်း ညအချိန်တွင် မြို့ပေါ်ရပ်ကွက်ဘက်သို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပုံမှန်ပစ်ခတ်ဖောက်မှုများပြုလုပ်နေသောကြောင့် ဒေသခံများ၏ နေအိမ်အချို့ ထိခိုက် ပျက်စီးမှုများ ရှိခဲ့သည်။

ဧရာဝတီမြစ်ဘေးဖြစ်သော ကသာ၊ ရွှေကူ တစ်ကျောတွင် အာဏာသိမ်းစစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေ​သော နေရာဖြစ်သည်။

Read Previous

မိုးညှင်းမြို့တွင် တပတ်အတွင်း ကိုဗစ်-၁၉ အတည်ပြု လူနာ ၁၆၀ ကျော်ရှိ

Read Next

ဖားကန့်လမ်း ကာမိုင်း စစ်တပ်ဂိတ် ဖောက်ခွဲ တိုက်ခိုက်ခံရ

Leave a Reply

Your email address will not be published. Required fields are marked *