စစ်ပြေးဒုက္ခသည်များသတင်း

မုံးကိုး ဖောင်းဆိုင်ဘက်က စစ်ရှောင်များ စားနပ်ရိက္ခာအတွက် ဘယ်လို ရုန်းကန်နေရသလဲ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်ခွဲ ဖောင်းဆိုင်ဒေသရှိ စစ်ရှောင်များကို ရိက္ခာပို့နိုင်ရန် မြန်မာဘက်ခြမ်းက စစ်ကောင်စီ ပိတ်ဆို့ထားသဖြင့် တရုတ်နိုင်ငံဘက်ခြမ်းမှသာ ခြံစည်းရိုးအပေါ်ဘက်မှ ခက်ခက်ခဲခဲဖြင့် မှာယူစားသောက်နေရသည်ဟု စစ်ရှောင်များ ဆိုသည်။

တရုတ်ဘက် ဘန်ဝါ၊ နတ်ခ်ဒျဲန် ရွာတွေနဲ့ မျက်နှာချင်းဆိုင်ဖြစ်တဲ့ မြန်မာဘက်ခြမ်းက နယ်ခြားမိုင်တိုင် ၁၀၂ မှာ‌ ယာယီ ရှောင်တိမ်းနေရတဲ့ ဖောင်းဆိုင်ဘက်က စစ်ဘေးဒုက္ခသည်များမှာ မိုးကာတဲဆောက်ကာ ခိုလှုံနေရဆဲဖြစ်ပြီး အရပ်ဖက်အဖွဲ့အစည်းတချို့ လှူဒန်းထားသော ရေပုံး၊ အခင်း၊ မိုးကာ၊ စောင်များကိုသယ်ယူဖို့ ခွင့်ပြုချက်မရလို့ မုံးကိုးမှာပဲသောင်တင်နေတယ်ကြောင်း သိရသည်။

“အသုံးအဆောင်ပစ္စည်းတွေနဲ့ ဆန်၊ ဆီ၊ ဆားတွေ လိုတယ်ဆိုရင် တရုတ်ဘက်ခြမ်းမှာ အိမ်ထောင်ကျသွားတဲ့ ဒေသခံ အမျိုးသမီးတွေ၊ အသိမိတ်ဆွေတွေဆီ WeChat ဟုန်ပေါက်ဝ် နဲ့ ငွေလွဲ အကူအညီတောင်းပြီး တစ်ဘက်က ဝယ်ပြီး နယ်ခြားစည်းရိုးကို ကျော်ပြီး ပစ်ပေးရတယ်။ ပစ်ပေးလိုက်ရင်တော့ ပျက်စီးသွားတာ၊ ကွဲသွားတာတွေတော့ ရှိတာပေါ့။ ဆန်တွေဆိုရင် မြင့်လို့။ ခုဆို ပိုဆိုး နောက် တစ်ထပ် ထပ် မြှင့်ထားလိုက်လို့ ပိုဆိုးပြီ။ ကြက်ဥတွေ၊ ဆီပုံးတွေက လည်း ကွဲတဲ့ဟာကွဲ ဒါပေမယ့် အဲလို့ပဲ ဖြစ်သလို အသိတွေ အဲလို့ အကူညီပေးနေရတယ်။” ဟု ၎င်းတို့ကို ကူညီပေးသူတစ်ဦးက ပြောသည်။

 ကိုးကန့်တပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲကြောင့် နယ်စပ်တစ်လျှောက်ကို ထွက်ပြေးလာသော စစ်ရှောင် လူဦးရေ ၁၇၂ ဦးမှာ စက်တင်ဘာ ၃ ရက်နေ့တွင် တစ်လပြည့်ပြီ ဖြစ်သည်။

စစ်ရှောင်များထံ ရိက္ခာအရောက်ပို့ပေးရန် တတ်နိုင်သည့်ဘက်မှ နည်းလမ်းရှာကာ ကြိုးစားပေးနေကြောင်း ကူညီပေးနေသူတစ်ဦးက ပြောသည်။

ဒေသတွင်း ရိက္ခာပြတ်လတ်နေသူများကို ကိုးကန့်တပ်ဖွဲ့က ဆန်၊ ဆီ၊ ဆားကူညီထောက်သည့်သတင်းများတွေ့ရသော်လည်း ၎င်းစစ်ရှောင်များထံ ကူညီသည်ကို မကြားရသေးကြောင်း စစ်ရှောင်များကို ကူညီပေးနေသူက ဆက်ပြောသည်။

“အရှေ့ဘက်ပိုင်းဒေသ ဖောင်းဆိုင်၊ မန်ဆာ၊ ကျင်းထုံ၊ သာချိ၊ ဟူထူရှန်တို့ဘက်က ဆန် ၂ အိတ်၊ ဆီ ၁ ဗူး၊ ဆား တို့ ထောက်ပံ့ပေးတာရှိတယ်၊ တရုတ်နိုင်ငံဘက်က အစိုးရတွေက ဆန် ၈ အိတ်၊ ဆီပုံးတွေ ဆားတွေ မိုးကာတွေ နည်းနည်း လာထောက်ပံ့တာတော့ ရှိပေမယ့်။ ကိုးကန့်ဘက်က တိုက်ရိုက်ကူညီတာတော့ မတွေ့ဘူး တရုတ်အစိုးရအခေါ့ ဂျန်းဖု ဆိုတဲ့ သူတွေ လာကူတာပဲ ဟုတ်တယ်” ဟု ပြောသည်။

ရှမ်းမြောက် တရုတ်နယ်စပ်အနီး တွင် ဇူလိုင် ၂၈ -၂၉ နေ့ကစတင်ပြီး စစ်ကောင်စီနှင့် ကိုးကန့်တပ်တို့ကြား တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားတာကြောင့် မန်းယန်ဒေသခံများသည် ဘန်မွေးကျေးရွာတွင် လာရောက်ခိုလှုံခဲ့သော်လည်း တစ်ပတ်ကြာလာချိန် လူရာချီကို ကျွေးမွေးရန်ခက်ခဲလာတဲ့ အပြင်တိုက်ပွဲအပြီး ကျေးရွာတွင် စစ်ကောင်စီတပ်က ပြည့်နေတာကြောင့် ရွာထဲ ဝင်လို့မရပဲ လက်ရှိစစ်ရှောင်နေရာအထိ ထွက်ပြေးခဲ့ရခြင်းဖြစ်သည်။

Bum Shep

Show More

Related Articles

Back to top button