,

Breaking News :

နန်းမားကျေးရွာတွင် ဒုရဲအုပ် ၂ ဦးကို PDF နှင့် ဆက်သွယ်သည်ဟုစွပ်စွဲကာ ဖမ်းဆီးတရားစွဲဆို

ကျောက်စိမ်း တူးဖော်မှုကြောင့် အင်းတော်ကြီး – ဖားကန့်လမ်းပိုင်း ပျက်စီးလာမည်ကို ဒေသခံများ စိုးရိမ်

ပူတာအိုတွင် ဝက်နာကြောင့် ဒေသဝက်သားများ ဝယ်မရသည့်အထိ ရှားပါးနေ

ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေဆဲ

မှော်စီဆာ စစ်ရှောင်စခန်း လူနေအိမ်အချို့ ကို စစ်ကောင်စီ ဝင်စီး အရပ်သား ၂ ဦး ဖမ်းခံရ

Rev. Dr. Hkalam Samson ကို စစ်တပ်က တရားစွဲဆိုရန်ရှိကြောင်း KBC ထုတ်ပြန်

ဒီပဲယင်းမြို့နယ်တွင် ကျေးရွာ ၁၂ ရွာခန့် မီးရှို့ဖျက်ဆီးခံရပြီး ဒေသခံ ၁ သောင်းကျော်အတွက် အကူအညီလိုအပ်နေ

ဖားကန့် Maden Yang တိုက်ပွဲတွင် စစ်တပ်ဘက်မှ ထိခိုက်မှုနှင့် သေဆုံးမှု ၅၀ ဦး ထက်မနည်းရှိ

ရွှေကူ ဘုမ္မိဇေယျရွှေပေါ်ကျွန်းဘုရားအနီး ရွှေတူးဖော်သည့် စက်လှေများ ထပ်မံရောက်ရှိ

စစ်ကောင်စီ ဝင်ရောက်စီးနင်းထားသည့် မှော်ဘုံတွင် ရွာသားအချို့ပိတ်ဆို့ခံထားရ

ပြည်သူပိုင်မြေယာဖျက်ကာ စစ်တပ် နှင့် လေယာဉ်ကွင်း ဆက်သွယ်သော လမ်းဖောက်ရန် စစ်ကောင်စီ စီစဉ်နေ

လမ်းဖောက်ရန်အတွက် အလံနီ ထောင်ထားသည်ကို တွေ့ရစဉ်

ပူတာအိုမြို့ အခြေစိုက် ခလရ ၄၆ တပ်ရင်းနှင့် လေယာဉ်ကွင်းကို တိုက်ရိုက်ဆက်သွယ်သော လမ်းဖောက်လုပ်ရန် စစ်ကောင်စီက ဒေသခံများ၏ လယ်ယာမြေကို ခွင့်ပြုချက်မရဘဲ လုပ်ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။

လက်ရှိ စစ်တပ်နှင့် လေယာဉ်ကွင်းကို သွားသောလမ်းသည် စစ်ရေးအရ လှုပ်ရှားရန် ခက်ခဲနေသောကြောင့် လေယာဉ်ကွင်းရပ်ကွက်နှင့် ပါအင်ရပ်ကွက်ကြားရှိ ဟိုဖိုင်မြောက်ပိုင်း လယ်ကွင်းပေါ် တွင် ၁ မိုင်ခန့်အရှည်လျားသော လမ်းဖောက်လုပ်ရန် အလံနီ လိုက်လံ သတ်မှတ်ထားပြီဟု ဒေသခံ တစ်ဦးက KNG ကို ပြောသည်။

“အခုဖောက်မယ့်လမ်းက စစ်တပ်နဲ့ လေယာဉ်ကွင်းပိုနီးဖို့ပေါ့။ လက်ရှိကတော့ ကောင်ကထောင်ဘက်က ကွေ့ဝင်ရတော့ သူတို့ ချောင်းပစ်ခံရတဲ့အချိန်ဆို မြန်မြန် လှုပ်ရှားလို့မရ၊ ဆိုတော့ အခု သူတို့က ၂ လမ်းသွားနိုင်ဖို့ လုပ်နေတာ။ အရင်တစ်ခေါက်ကဆို သူတို့ ရှော့တိုက် ဒုံးနဲ့ ပစ်ခံရတာ” ဟု ပြောသည်။

အဆိုပါစီမံကိန်းအတွက် လေယာဉ်ကွင်း အုပ်ချုပ်ရေးမှူး ဦးဒခွမ်ရင်နှင့် ဦးဖေရမ်ဖုန်ဆန်းတို့အပါအဝင် မြေစာရင်းရုံးဝန်ထမ်းများက လယ်ယာမြေများပေါ်တွင် အလံနီလိုက်လံသတ်မှတ်ခဲ့ကြသည်ဟု ဆိုသည်။

ဒေသခံများ၏ သဘောတူညီမှုကို ရယူခြင်းမရှိဘဲ ၎င်းတို့မြေယာပေါ် လမ်းဖောက်လုပ်ရန်စီစဉ်နေမှုကို ကန့်ကွက်ကြောင်း လယ်ပိုင်ရှင်အချို့က ပြည်နယ်စစ်ကောင်စီ ဥက္ကဋ္ဌ နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထံသို့ ဩဂုတ် ၃၁ ရက်နေ့က စာပို့ထားသည်ဟု သိရသည်။

“အခု ခက်ထိန်နန်နဲ့ မြောက်ပိုင်းတိုင်းအဖွဲ့ကိုလည်း ကန့်ကွက်စာ တင်ထားတယ်တဲ့ ၃၁ ရက်နေ့က။ ဒေသခံ လူဦးရေ ဘယ်လောက် တင်ထားသလဲဆိုတာကတော့ မသိသေးဘူး။ တချို့ကတော့ အဲဒီလယ်တစ်ကွက်ကိုပဲ မှီခိုပြီး လုပ်ကိုင်စားသောက်နေတာဖြစ်တဲ့အတွက် အဲဒါမရှိရင် ရှင်သန်ဖို့ အရမ်းခက်လာမယ်လို့ ပြောတယ်။” ဟု ဆိုသည်။

လယ်မြေ ဧကပေါင်း ၃၀၀ ကျော် ကျယ်ဝန်းသော ဟိုဖိုင်မြောက်ပိုင်း လယ်ကွင်း ဗဟိုအလယ်တည့်တည့်ဖြတ်ကာ ဧက ၁၀ ပတ်လည်ကျယ်ဝန်းသော လမ်းဆောက်လုပ်ဖြစ်ပြီး လယ်ယာမြေ ဧကမည်မျှ ပျက်စီးသွားမည်ကို မသိရသေးကြောင်း ဆိုသည်။

“ချောင်းကိုလည်း တံတားထိုးမယ်ထင်တယ်။ နွေရာသီဆိုရင်တော့ ချောင်းကနေလည်း ကားဖြတ်လို့ရတယ်။ ဒါပေမယ့်သူတို့ကတော့ နွေ၊ မိုး၊ ဆောင်း အဆင်ပြေဖို့ တံတားလုပ်လိမ့်မယ်။ အမှန်တိုင်းပြောရင် ဒီလမ်းက ဒေသခံတွေ သွားလာလို့ရမယ့် လမ်းလည်းမဟုတ်ဘူး။” ဟု အထက်ပါ ဒေသခံက ထပ်မံ ပြောဆိုသည်။

ဟိုဖိုင်မြောက်ပိုင်းလယ်ကွင်းတွင် ပူတာအိုမြို့ပေါ်ရပ်ကွက်၊ လေယာဉ်ကွင်း၊ ကောင်ကထောင်၊ ပါအင်နှင့် လုံးစွတ် စသောရပ်ကွက်များမှ ဒေသခံများ လုပ်ကိုင်စားသောက်သော မြေယာဖြစ်သည်ဟု သိရသည်။

Read Previous

မုံးကိုး ဖောင်းဆိုင်ဘက်က စစ်ရှောင်များ စားနပ်ရိက္ခာအတွက် ဘယ်လို ရုန်းကန်နေရသလဲ

Read Next

အဆုတ်ဝေဒနာရှင်တစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွား