သတင်း

စစ်ကောင်စီတပ်မှလူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားသည့် လူငယ်တစ်ဦး မီးရိူ့သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သံဖိုကျေးရွာမှ လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားသည့် လူငယ်တစ်ဦးအား စစ်ကောင်စီတပ်မှ အိုးမြေထူးရွာကို မီးရိူ့မှုတွင် မောင် Lal Ro Mawi ကိုပါမီးရိူ့သတ်ဖြတ်ခဲ့ကြောင်း ဒေသခံရင်းမြစ်မှ သိရသည်။
“ဖမ်းခံရတာက ၃ ရက်လောက်ရှိပြီလို့ သိရတယ် အိုးမြေထူးရွာရှို့တဲ့ထဲ တစ်ပါတည်း မီးရိူ့သတ်ခဲ့ကြမှန်း ဒီမနက်မှ သိကြတာ” ဟု ဒေသခံ တစ်ဦးကပြောသည်။
မီးရှို့သတ်ဖြတ်ခံရသူသည် အသက် ၂၄ နှစ်အရွယ် မောင်လားရိုမွာလ်ဆိုသူဖြစ်ပြီး ဒီဇင်ဘာလ ၄ရက်နေ့ မြစ်သာမြစ်အရှေ့ဘက်ကမ်းရှိ ၎င်း၏စိုက်ခင်းတွင် ပဲနီပေါင်းထိုးနေစဉ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။
ကျန်ကြွင်းသော အရိုးစုများအား ယနေ့ ဒီဇင်ဘာ ၇ နေ့ နံနက်ပိုင်းတွင် တွေ့ရှိခဲ့ပြီး၊ CDF – KKG တပ်ရင်း (၃) မှ ၎င်းအရိုးစုများကို သွားရောက် သယ်ဆောင်ကာ ခရစ်ယာန်ထုံးတမ်းအစဉ်အလာနှင့်အညီ သပြိုလ်ပေးခဲ့ပါကြောင်း CDF -KKG က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ် စစ်ကိုင်းတိုင်းအတွင်း အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်မူများ ပိုမိုပြုလုပ်လာပြီး ယနေ့တွင်လည်း ဆားလင်းကြီးမြို့နယ်၊ဒုန်းတောကျေးရွာတွင် အရပ်သား ၁၁ ဦးကို ကြိုးတုပ်ပြီး စစ်‌ကောင်စီတပ်မှ၊ အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်မူများလည်း ဖြစ်ပွားခဲ့သည်။
Show More

Related Articles

Back to top button