,

Breaking News :

အင်းတော်ရဲစခန်းမှ ပစ်ခတ်သော လက်နက်ကြီးကြောင့် နတ်မဟုတ်ကြီး သားအမိ ၄ ဦး ထိမှန်ပြီး သုံးဦး အခြေနေစိုးရိမ်ရ

ထီးချိုင့် ၉ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက် က ၃၀ ကျော်ကျဆုံး၊ စစ်ကောင်စီက ရွာ ၅ ရွာ ကို မီးရှို့

ဖားကန့်တွင် စစ်ကောင်စီအဖွဲ့ ကားလိုင်စင်များဖမ်းဆီးနေ

လုံးခင်းတွင် ဖုန်းဆိုင်တစ်ခု ဓါးပြတိုက်ခံရပြီး ငွေကျပ် သိန်း ၅၀ ဖိုးလုယူသွား

အင်ဂန်းကျေးရွာ နေအိမ်မီးလောင်ပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အို စုစုပေါင်း ၇ ဦးသေဆုံး

ဖုန်အိန်ယာန်တွင် KIO ရွှေတူးဖော်မည့်အပေါ် ဒေသခံပြည်သူများ ကန့်ကွက်နေ

ဖားကန့်လမ်းတွင် ဒေသခံအမျိုးသား ၅၀ ဦးကို စစ်ကောင်စီဖမ်းဆီးထား

အွန်လိုင်း ငွေလိမ်လုပ်ငန်းမှာ လူကုန်ကူးခံနေရတဲ့ လူငယ်များ

နေအိမ် အလုံး ၅၀၀ ကျော်ကို KIA နှင့် PDF အဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား

အင်းတော် ရဲစခန်းရှေ့ဖြတ်သွားသည့် အသက် ၆၀ ကျော် ပြည်သူတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

သိန္နီတိုးဂိတ်မှာ တိုက်ပွဲဖြစ်ပွားပြီး ကားသမား ၂ ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရ

ပစ်ခတ်ခံရသောမြင်ကွင်း

ရှမ်းမြောက် သိန္နီ ပန်လော့တိုးဂိတ်မှာ ဒီဇင်ဘာလ ၇ ရက်ည ၇ နာရီခွဲ ဝန်းကျင်ခန့်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် တိုးဂိတ် ဝန်ထမ်း ၁ ဦး နှင့် ကားဆရာ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း ဒေသခံများထံမှ သိရသည်။

“အသံတွေ မှ အုန်းဒိုင်းနဲ့ ပဲ။ ကျည်ဆံ ငါတို့ နေတဲ့ အိမ် ထိရောက်တယ်။” ဟု အနီးနား နေထိုင်သူ ဒေသခံ ၁ ဦးက ပြောသည်။

သိန်းနီ အနီး ပစ်ခတ်သံများ ကြားခဲ့ရကြောင်း ၁၀၅ မိုင်ကနေ ပြန်လှည့်လာတဲ့ ဖရဲကားသမား ၁ ဦးကလည်း ပြောသည်။

“၆ ခွဲ ကတည်းက တိုက်ပွဲ ဖြစ်တာ။ ၁ နာရီ လောက်ပေါ့။ ထိခိုက် ၃ ဦး။ သိန်နီတိုးဂိတ်ပါ။ တိုးဂိတ်မှာ စစ်ကောင်စီတွေ ရှိတယ်။ ဘယ်အဖွဲ့နဲ့ တိုက်ပွဲ ဖြစ်တာလဲ ဆိုတာကိုတော့ မသိရပါဘူး။ ခုထိပဲ။” ဟု ဒေသခံ ၁ ဦးက ပြောသည်။

ကုန်တင်ကားပါ ထိသွားကြောင်း “ကား ၂ စီး ထိတယ်။ ၁ စီးက သားအဖ ၂ ယောက် မောင်းလာတာ။ အိမ်ရှေ့လာရပ်ထားတယ်။ ၂ ယောက်လုံး ထိတယ်။  ၁ စီးက ၁ ယောက်ထဲ မောင်းလာတာ။ ခြေထောက် ကျည်ထိပြီး သတိလစ်သွားတယ်။ သူက သူ့ကားနဲ့သူ တိုးဂိတ်မှာ ကျန်ခဲ့ရပြီး အခြေအနေကောင်းမှ လူကို သွားယူပြီး ဆေးရုံပို့တာ။ ခုဏတော့ သူတို့ကွန်ပြူတာ ထိုင်ခန်းလေး၂ ဖက်လုံး မီးလောင်နေပါတယ်။ အခုတော့ ငြှိမ်းလိုက်ပြီ။” ဟု သူက ဆက်လက်ပြောပြသည်။

စစ်ကောင်စီတပ်များ စစ်ကြောင်းအင်အားတိုးချဲ့ထားပြီး မြို့နဲ့ နီးကပ်နေတာကြောင့် ပြည်သူများအနေဖြင့် ဂရုစိုက်ဖို့ သိန်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း အသိပေး ထားသည်။

Bum Shep

Read Previous

စစ်ကောင်စီတပ်မှလူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားသည့် လူငယ်တစ်ဦး မီးရိူ့သတ်ဖြတ်ခံရ

Read Next

KIO ဘဏ် စနစ်အတိုင်း NUG အထူးငွေတိုက်စာချုပ် ရောင်းချမှုမှာ တော်လှန်ရေးလုပ်နေသူအားလုံးအတွက်ဟု NUG ဝန်ကြီး ဒေါက်တာတူးခေါင်ပြော