စစ်ကောင်စီကြောင့် မြန်မာပြည်သူများ၏ ဆင်းရဲဒုက္ခအကြောင်း အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင် လက်ကမ်း စာစောင်ဖြန့်ဝေ

စစ်ကောင်စီတပ်၏ လုပ်ရပ်ကြောင့် မြန်မာပြည်သူများလက်ရှိခံစားနေရသောအခြေအနေကို အိမ်နီးချင်း အိန္ဒိယနိုင်ငံသားများသိရှိစေရန် India4Myanmar လက်ကမ်းစာစောင် ဖြန့်ဝေသည့်အစီစဉ်ကို ယနေ့ နယူးဒေလီမြို့တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

လက်ကမ်းစာစောင်ဖြန့်ဝေနေသော အိန္ဒိယရောက် မြန်မာနိုင်ငံသားများ

“India for Myanmar campaign ဖြစ်တယ်။ အဓိကတော့ အိန္ဒိယအစိုးရကို မြန်မာစစ်တပ်နဲ့ မပူးပေါင်းဖို့ ဖိတ်ခေါ်တာဖြစ်တယ်။ သူတို့ရဲ့ ရင်းနှီးမြုပ်နှံမှုတွေကြောင့် စစ်တပ်က အကျိုးအမြတ်ရနေတဲ့အတွက် ဒါကို ဆန့်ကျင်ကြောင်း ပြုလုပ်တာဖြစ်တယ်။” ဟု ယနေ့ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ အိန္ဒိယရောက် ကချင်အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ကမ်းစာစောင်ကို နယူးဒေသလီမြို့ရှိ တက္ကသိုလ်ကျောင်းနှင့် လူစည်ကားရာ နေရာများတွင် ဖြန့်ဝေခဲ့ပြီး အိန္ဒိယရောက် ချင်း၊ ကချင်အဖွဲ့အစည်းများနှင့် CDM ပြည်သူ့ဝန်ထမ်းများ ပါဝင်သည်ဟု သိရသည်။

လက်ကမ်းစာစောင်ဖြန့်ဝေနေသော အိန္ဒိယရောက် မြန်မာနိုင်ငံသားများ

အဆိုပါလှုပ်ရှားမှုကို နယူးဒေလီမြို့တွင်အပြင် မီဇိုရမ် ပြည်နယ်နှင့် မဏိပူရ် ပြည်နယ်များတွင်လည်း ယခုလက စတင်ပြီး ပြုလုပ်နေပြီဟု India For Myanmar Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်လပိုင်းကလည်း အိန္ဒိယရောက်မြန်မာများမှာ နယူးဒေလီမြို့တွင် လက်ရှိ နိုင်ငံရေးအခြေအနေနှင့် ပတ်သက်ပြီး ဆန္ဒဖော်ထုတ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

Show More
Back to top button